Local News
ဆိုးလ်းရှားကိုထုတ်ပယ်ပြီး ကွန်တီနဲ့ အစားထိုးဖို့ ယူနိုက်တက်ကို အကြံပေးနေ
Unicode Version
ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ယန်းဘွိုင်းစ်ကို အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်ရှိနည်းပြ အိုလီဂန်နာဆိုးလ်ရှားကို ထုတ်ပယ်သင့်‌ ကြောင်း ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဂျက်ဆန်ကန်ဒီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ယန်းဘွိုင်း အသင်းနှင့် ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပွဲအစ ၁၃ မိနစ်ကတည်းက အသင်းအတွက် ဦးဆောင်ဂိုး တစ်ဂိုးသွင်းယူနိုင်သော်လည်း ဝမ်ဘစ်ဆာကာ အနီကတ်ပြခံရမှု ၊ နည်းပြဆိုးရှားရဲ့ သိသာလှတဲ့ နည်းဗျူဟာ အမှားတွေကြောင့် ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ခြေစွမ်းဟာလည်း အတော်လေး ညံ့ဖျင်းခဲ့ပြီး တစ်ယောက်လျော့ အနေအထားမှာ Plan B မရှိပဲ ယန်းဘွိုင်းအသင်းရဲ့ ဖိအားပေးမှုအောက်မှာ ယူနိုက်တက်ရှိနေခဲ့ပါတယ်။ ကန်ဒီက ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားကို ထုတ်ပယ်ကာ ချဲလ်ဆီးနည်းပြဟောင်း အန်တိုနီယိုကွန်တီကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
ကန်ဒီက “ ဒီပွဲက သူ့မှာဘာအကြံဉာဏ်မှ မရှိဘူးဆိုတာပြနေပါတယ်။ ၁၀ ယောက်ဖြစ်သွားတယ်ဆိုပေမယ့်တော့ ဒီအသင်းက ယူနိုက်တက်လေ။ ဘယ်လောက်နိမ့်ကျနေနေ ပြန်ဖိုက်တတ်တဲ့အသင်းမျိုးကို ကိုင်နေပြီးတော့ ဘာအပြောင်းအလဲမှ မလုပ်တတ်တာကတော့ ဆိုးတယ်။ ”
“ ယန်းဘွိုင်းက ဥရောပအဆင့်မှာဆိုရင် သာမန်ကလပ်အသင်းတစ်သင်းပါပဲ။ ယူနိုက်တက်က ဒါကို ၂-၁ နဲ့ ရှုံးတယ်တဲ့၊ လုံးဝကိုအဆိုးရွားဆုံး အရှုံးနော်။ ဒါတွေက အိုလီနဲ့ဆိုင်တယ်။ ဒီလောက်ဆိုးရွားနေတာ ကျွန်တော်သာဆို သူ့ကိုထုတ်ပစ်လိုက်ပြီ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ သိနေတာပဲလေ။ ဟုတ်တယ်မလား။ အန်တိုနီယိုကွန်တီလည်း အဆင်သင့်ရှိတယ်။
“ဘယ်သူကပိုကောင်းတဲ့ နည်းပြလဲဆိုတာ အသိသာကြီးပဲ။ အိုလီ့မှာလိုအပ်ချက်တွေ ရှိနေသေးတယ် အထူးသဖြင့် ဥရောပအဆင့်မှာ။ ပြီးခဲ့တဲ့ရာသီကဆိုရင်လည်း အုပ်စုကနေတောင် မတက်ခဲ့ဘူး။ သူကယူရိုပါလိဂ်လောက်ပဲ အဆင်ပြေလိမ့်မယ်။ ဒါက ပိုလွယ်တဲ့ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့် သူကောင်းကောင်း လုပ်နိုင်မှာပါ ” လို့ ပြောခဲ့ပါတယ်။
Zawgyi Version