Local News

ကွင်းလယ်အတွက် အိုလ်လမိုကို ဘိုင်ယန် ၊ဘာစီတို့နဲ့ အပြိုင်ခေါ်ယူမယ့် မန်ယူ

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်အသင်းမှ စပိန်ကွင်းလယ်လူ အိုလ်မိုကို လာမည့် အပြောင်းအရွေ့ကာလမှာ

ဥရောပ ထိပ်သီးပြိုင်ဘက်တွေဖြစ်တဲ့ ဘာစီလိုနာ၊ ဘိုင်ယန် မြူးနစ်၊ ဂျူဗင်တပ်စ်တို့နှင့်အပြိုင် ခေါ်ယူရန် ပြင်ဆင်ထားကြောင်း သိရပါတယ်။

အိုလ်မိုဟာ ဘာစီလိုနာရဲ့ လာမာဆီရာ အကယ်ဒမီမှာ ၂၀၀၇ မှ ၂၀၁၄ အထိ ပါဝင်ကစားခဲ့ပြီး အသင်းဟောင်း ဘာစီလိုနာသို့ပြန်ရန် ဆန္ဒရှိသော်လည်း သင့်လျော်သည့် အစားထိုးကစားသမားမရှိခြင်းကြောင့် အိုလ်မိုကို လိုက်ဇစ်က ရောင်းမထုတ်ခဲ့ခြင်းဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းဟာ ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလက ဘာစီလိုနာအသင်းရဲ့ ပေါင် သန်း ၅၀ တန်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး လာမည့်

အပြောင်းအရွေ့မှာတော့ လက်ခံနိုင်လောက်သည့် ကမ်းလှမ်း မှု ရရှိခဲ့ပါက ရောင်းထုတ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ အိုလ်လမိုဟာ လက်ရှိ ဘိုင်ယန်မြူးနစ်နည်းပြ နာဂပ်စ်မန်းနှင့် လိုက်ဇစ်တွင် နှစ်ရာသီကြာ လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ အိုလ်မိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘွန်ဒက်လီဂါသွင်းဂိုး ငါးဂိုးသွင်းပြီး ၁၀ ဂိုးဖန်တီးထားနိုင်ပါတယ်။

အိုလ်မိုဟာ ကွင်းလယ်တိုက်စစ်၊ တောင်ပံနှင့် ရှေ့တန်းတိုက်စစ် တို့မှာ ကစားနိုင်ပြီး ထိုသို့ နေရာစုံကစားနိုင်သဖြင့်လည်း သူ့ရဲ့ခြေစွမ်းကို အသင်းကြီးများက

သဘောကျခြင်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိုလ်မိုကို ဖာနန်ဒက်စ် မကစားနိုင်ပါက အရန်အဖြစ် နံပါတ် ၁၀ နေရာ၌ ကစားရန် ခေါ်ယူလိုခြင်း ဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းက အသက် ၂၃ နှစ်အရွယ်ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ အထိ ရရှိရန် မျှော်လင့်နေတာဖြစ်ပြီး ဇန်နဝါရီမှာ ကမ်းလှန်းမှုတွေကို လက်ခံစဉ်းစားသွားတော့မှာ ဖြစ်ပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီး မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လိုက္ပ္ဇစ္အသင္းမွ စပိန္ကြင္းလယ္လူ အိုလ္မိုကို လာမည့္ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလမွာ ဥေရာပ ထိပ္သီးၿပိဳင္ဘက္ေတြျဖစ္တဲ့ ဘာစီလိုနာ၊ ဘိုင္ယန္ ျမဴးနစ္၊ ဂ်ဴဗင္တပ္စ္တို႔ႏွင့္အၿပိဳင္ ေခၚယူရန္ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။

အိုလ္မိုဟာ ဘာစီလိုနာရဲ႕ လာမာဆီရာ အကယ္ဒမီမွာ ၂၀၀၇ မွ ၂၀၁၄ အထိ ပါဝင္ကစားခဲ့ၿပီး အသင္းေဟာင္း ဘာစီလိုနာသို႔ျပန္ရန္ ဆႏၵရွိေသာ္လည္း သင့္ေလ်ာ္သည့္ အစားထိုးကစားသမားမရွိျခင္းေၾကာင့္ အိုလ္မိုကို လိုက္ဇစ္က ေရာင္းမထုတ္ခဲ့ျခင္းျဖစ္ပါတယ္။

လိုက္ပ္ဇစ္အသင္းဟာ ၿပီးခဲ့သည့္ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလက ဘာစီလိုနာအသင္းရဲ႕ ေပါင္ သန္း ၅၀ တန္ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီး

လာမည့္ အေျပာင္းအေ႐ြ႕မွာေတာ့ လက္ခံနိုင္ေလာက္သည့္ ကမ္းလွမ္း မႈ ရရွိခဲ့ပါက ေရာင္းထုတ္သြားရန္ စီစဥ္ထားေၾကာင္း သိရပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ အိုလ္မိုဟာ လက္ရွိ ဘိုင္ယန္ျမဴးနစ္နည္းျပ နာဂပ္စ္မန္းႏွင့္ လိုက္ဇစ္တြင္ ႏွစ္ရာသီၾကာ လက္တြဲခဲ့ဖူးသူ ျဖစ္ပါတယ္။ အိုလ္မိုဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဘြန္ဒက္လီဂါသြင္းဂိုး ငါးဂိုးသြင္းၿပီး ၁၀ ဂိုးဖန္တီးထားနိုင္ပါတယ္။

အိုလ္မိုဟာ ကြင္းလယ္တိုက္စစ္၊ ေတာင္ပံႏွင့္ ေရွ႕တန္းတိုက္စစ္ တို႔မွာ ကစားနိုင္ၿပီး ထိုသို႔ ေနရာစုံကစားနိုင္သျဖင့္လည္း သူ႕ရဲ႕ေျခစြမ္းကို

အသင္းႀကီးမ်ားက သေဘာက်ျခင္းျဖစ္ပါတယ္။ ယူနိုက္တက္ဟာ အိုလ္မိုကို ဖာနန္ဒက္စ္ မကစားနိုငိပါက အရန္အျဖစ္ နံပါတ္ ၁၀ ေနရာ၌ ကစားရန္ ေခၚယူလိုျခင္း ျဖစ္ပါတယ္။

လိုက္ပ္ဇစ္အသင္းက အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားအတြက္ ကမ္းလွမ္းမႈေတြကို အနည္းဆုံး ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၆၀ အထိ ရရွိရန္ ေမွ်ာ္လင့္ေနတာျဖစ္ၿပီး ဇန္နဝါရီမွာ ကမ္းလွန္းမႈေတြကို လက္ခံစဥ္းစားသြားေတာ့မွာ ျဖစ္ပါတယ္။