Local News

မော်ကွန်းသမိုင်းသစ်ထိုးသည့် အယုတ်မာဆုံး ဖက်ဆစ် စစ်တပ်နှင့် အယုတ်ညံ့ဆုံးသော မင်းအောင်လှိုင်

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက် လူသတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်ကောင်များသည် နိုင်ငံတော်အာဏာကို အကြမ်းဖက် နည်းလမ်းဖြင့် သိမ်းယူခဲ့ပြီးနောက် မြန်မာ့သမိုင်းတွင် အရက်စက်ဆုံး အကြမ်းတမ်းဆုံး အယုတ်ညံ့ဆုံးသော စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်လျက်ရှိနေသည်

   

ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ယခုအချိန်အထိ အာဏာတည်မြဲရေးအတွက် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် ဖက်ဆစ် စစ်တပ်သည် ဥပဒေမဲ့ ရက်စက်သော သတ်ဖြတ်မှုများ၊ မတရားညှဉ်းပန်းနှိပ်စက်မှုများ၊ ရွာလုံးကျွတ် မီးရှို့မှုများ၊ လုယူမှုများ အပါအဝင် လက်နက်အား ကိုးဖြင့် ပြည် သူလူထုကို အကြီးအကျယ် ဖိနှိပ်လျက်ရှိနေသည်

လသားအရွယ်ကလေးငယ်များမှစ၍ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊သက်ကြီးရွယ်အိုများ၊မသန်စွမ်းသူများအထိသက်ညှာမပေးဘဲမင်းအောင်လှိုင်၏ ဖက်ဆစ် စစ်တပ်က ရမ်းကား သတ် ဖြတ်နေမှုများကို သက်သေအထောက်အထားများစွာ ရှိနေပြီဖြစ်သည်

   

မြန်မာ့တပ်မတော်၏ခေါင်းကိုင်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကတိုင်းပြည်နှင့်ပြည်သူကိုကာကွယ်ချင်သောတပ်မတော်တစ်ရပ်ဖြစ်ရေး မကြာခဏ ဆိုသလို အသိပေး တိုက်တွန်းခဲ့သော် လည်း စစ်

ခေါင်းဆောင် နေဝင်းမှစ၍ အဆင့်ဆင့် ဖက်ဆစ် စစ်အာဏာရှင်များက စစ်တပ်ကို ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြပြီး ကိုယ့်ပြည်သူကိုပင် ရက်စက်စွာ သတ်ဖြတ်နေခဲ့ကြသည်

   

ယခင်စစ်အာဏာရှင်များခေတ်ကနည်းပညာချို့တဲ့မှုကြောင့်ဖက်ဆစ်ဆန်သော၊လူမဆန်သောညှဉ်းပန်းနှိပ်စက်သည့်ရက်စက်သောသတ်ဖြတ်မှုများကို သက်သေ မှတ်တမ်း မှတ်ရာဖြင့် မမြင်တွေ့ခဲ့ရသော်လည်း ယနေ့ အချိန်တွင် အကြမ်းဖက် မင်းအောင်လှိုင်၏ ဖက်ဆစ်စစ်တပ်ကကျူးလွန်သောလူမဆန်သောရက်စက်လွန်းသောစစ်ရာဇဝတ်မှုလုပ်ရပ်များစွာကိုသက်သေဗီဒီယိုများနှင့်တကွမြင်တွေ့နိုင်ကြပြီဖြစ်သည်။

၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များအစည်း အဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဝါဒနှင့်အာဏာရှင် ဝါဒ တိုက်ဖျက်ရေးသည် တပ်မတော်၏ အဓိက တာဝန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

   

“အထူးသဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝ မရှိနိုင်အောင် လုပ်ရမယ်၊ အာဏာရှင် ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေး ဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စံနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စံနစ်ဝါဒ၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေ သရာဇ်မြို့စား ရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရမဟုတ်ဘဲ၊ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး

မင်းစိတ်ပေါက်တဲ့ အရာရှိတွေခြယ်လှယ်တဲ့ စံနစ်ဆိုးတမျိုး ရှိနေယင် အများပြည်သူတို့ ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။

ဒီဝါဒမျိုးတွေ ပေါ်လာရင် တိုင်း သူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး” ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောဆိုခဲ့သည်။

   

ယနေ့ မင်းအောင်လှိုင်၏ ဖက်ဆစ် စစ်တပ် လုပ်ဆောင်သမျှသည် ဗိုလ်ချုပ်အောင်ဆန်း မှာကြား ခဲ့သမျှနှင့် လုံး၀ ဆန့်ကျင်ပြီး ဖက်ဆစ်ဝါဒဖြင့် ၎င်းတို့ စစ်ခေါင်းဆောင်များ၏ အာဏာတည်မြဲရေး တိုင်းပြည်နှင့်လူထုကို စစ်ဆင်ရေး ဆင်နွှဲနေခြင်းပင်ဖြစ်သည်။

အာဏာရှင်နေဝင်း၊စောမောင်နှင့်သန်းရွှေတို့သည်အလွန်ရက်စက်သောဖက်ဆစ်စစ်ခေါင်းဆောင်များဖြစ်ခဲ့ကြသော်လည်းမင်းအောင်လှိုင်က၎င်း၏လက်ဦးဆရာများထက်ပို၍ပင်အတ္တကြီးရမ္မက်ကြီးစွာဖြင့်လူထုကိုဖက်ဆစ်လမ်းစဉ်ဖြင့်သတ်ဖြတ်ညှဉ်းပန်းလျက်ရှိနေသည်

   

မြန်မာစစ်တပ်ကို ထူထောင်ခဲ့ပြီးသည့် ၇၆ နှစ်တာ ကာလအတွင်းတွင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး ၇ လတာအတွင်း အယုတ်မာဆုံးသော စစ်ခေါင်းဆောင် အဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးလိုက်ပြီး လက်ကိုင်တုတ် စစ်တပ်သည်လည်း အယုတ်ညံ့ဆုံးသော ဖက်ဆစ်စစ်တပ်အဖြစ် မော်ကွန်းဝင်နေပြီဖြစ်သည်။

 

 

 

မင်းအောင်လှိုင်အပါအဝင် အယုတ်ညံ့ဆုံး ဖက်ဆက်စစ်ခေါင်းဆောင်များနှင့် အယုတ်မာဆုံးသော မြန်မာစစ်တပ်၏ ဖက်ဆစ်ဝါဒ၊ အာဏာရှင် ကြီးစိုးရေး ဝါဒများကြောင့် မြန်မာနိုင်ငံနှင့်ပြည်သူများမှာ လက်ရှိတွင် လွတ်လပ်ရေး ဆုံး ရှုံးနေပြီဖြစ်ရာ ဖက်ဆစ် စစ်တပ်နှင့် အကြမ်းဖက် စစ်ခေါင်း ဆောင်များကို အပြီးအပြတ် ချေမှုန်း ဖျက်သိမ်းမှသာ မြန်မာပြည်သူများအတွက် စစ်မှန်သော လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အရသာ အပြည့်အ၀ ခံစား ရရှိမည်ဖြစ်ပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ပါသည်။