Local News

ယနေ့ စက်တင်ဘာ၁၇ရက်‌နေ့မှာ ကျရောက်တဲ့ ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင်ပိုင်တံခွန် ရဲ့ ၂၅နှစ်ပြည့်မွေးနေ့

Happy Birthday ပါ ပိုင်တံခွန်

ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့က ပြည်သူချစ်အနုပညာရှင် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။

မွေးနေ့မှစပြီး၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒမှန်သမျှပြည့်စုံပါစေ။

အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပြီး၊ မိသားစုနဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ပါစေခင်ဗျာ။

ပိုင်တံခွန် ဘဝအကြောင်း

ပိုင်တံခွန်ကို ၁၉၉၆ခုနှစ် ၉လပိုင်း ၁၇ရက်နေ့တွင် မွေးဖွားခဲ့ပါတယ်။ အင်္ဂါသားတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ရာသီခွင်ကတော့ leo ဖြစ်ပါတယ်။အရပ်ကတော့ ၁၈၈ cm ရှိပြီးတော့ ဇာတိကတော့ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ဖြစ်ပြီး မိဘတွေကတော့ ဦးထွန်းမိုးနဲ့ ဒေါ်ခင်ကြူတို့ဖြစ်ပါတယ်။

မွေးချင်း ‌ခြောက်ယောက်ရှိတဲ့ အနက်မှာမှ စတုတ္ထမြောက်သား လည်းဖြစ်ပါတယ်။ အစ်ကိုကြီး၊ အစ်မနှစ်ယောက်နဲ့ ညီ၂ယောက်ရှိပါတယ်။ ငယ်စဥ်အခါက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခမောက်ကြီးမှ အထက်တန်းအောင်မြင်ခဲ့ပါတယ်။

၂၀၁၄ခုနှစ်မှာတော့ မော်ဒယ်လုပ်ဖို့အတွက် ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။အခုချိန်မှာဆိုရင်တော့ ရန်ကုန်မှာရှိတဲ့ ဒဂုံတက္ကသိုလ်အဝေးသင်ပညာရေးမှာ စိတ်ပညာမေဂျာအထူးပြုလေ့လာနေပါတယ်။

Happy Birthday
နိုင်ငံကျော် မင်းသားလေး ပိုင်တံခွန်
မွေးနေ့မှစအချုပ်နှောင်တွေမှလဲ အမြန်ဆုံး လွတ်မြောက်ပြီး
ပရိတ်သတ်ထံ အမြန်ဆုံး ပြန်လာရပါစေ
ချစ်ရတဲ့ မိသားစုနဲ့လဲ ပျော်ရွင်စွာ အတူ အမြန်နေရပါစေ

ပိုင်တံခွန်အတွက်ပရိတ်သတ်ရဲ့ မေတ္တာတရားတွေနဲ့ အေးချမ်းလုံခြုံနေစေဖို့မွေးနေ့ဆုတောင်း စကားတွေ ပြောပေးကြပါအုံး ပရိတ်သတ်ကြီးရေ။

ပိုင်တံခွန် အပါအဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ အဆိုတော် ပိုပိုနဲ့ Beauty Blogger ဝင်းမင်းသန်းတို့ဟာ ပုဒ်မ ၅၀၅-က ဖြင့် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ (က) ဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ကို Facebook မှာ တင်တဲ့ ပို့စ်များကြောင့် တရားစွဲဆိုရခြင်း ဖြစ်တယ်လို့ တရားလိုက ထွက်ဆိုထားပါတယ်။

ဖေဖော်ဝါရီလ အစကတည်းက ပြည်သူနဲ့ တသားတည်း ရပ်တည်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်အား ဧပြီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ မြောက်ဒဂုံ နေအိမ်မှာ စစ်ကောင်စီအဖွဲ့က လာရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Photo Paing Takhon