Local News

မြိုင်မြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာတွင် စစ်ကောင်စီတပ်များက သေနတ်ကျည်ထိဒဏ်ရာရရှိထားသော ကိုမင်းမင်းကို အရှင်လတ်လတ် မီးရှို့သတ်

မြိုင်မြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာတွင် စစ်ကောင်စီတပ်များက သေနတ်ကျည်ထိဒဏ်ရာရရှိထားသော ကိုမင်းမင်းကို အရှင်လတ်လတ် မီးရှို့သတ်၊ ၁၄ နှစ်အရွယ် မောင်ထွန်းမြင့်ကိုလည်း ပစ်သတ်၊ ကျေးရွာများတွင် အနည်းဆုံး လူ ၁၀ ဦးထ က်မနည်း စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်နေ့ က စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ကိုမင်းမင်း(ခ) ကိုသက်နိုင်မင်းကို သေနတ်ဖြင့် ပစ်ခတ်ကာ အရှင် လတ် လတ် မီးရှို့သတ်ဖြတ်သွားကြေ ာင်း ဒေသခံ ရွာသားများနှင့် ကျန်ရစ်သူ မိသားစုထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အေးချမ်းသာ စံပြကျေးရွာအတွင်းသို့ R PG များဖြင့် ပစ်ခတ်ပြီး ရုတ်တရက် ဝင်ရောက်လာကြောင်း၊ ကိုမင်းမင်း(ခ) သက်နိုင်မင်း၊ အသက် ၁၄ နှစ်အရွယ်​မောင်ထွန်းမြင့် အပါအဝင် ရွာသူ ရွာသားများ ကကြောက်လန့်တကြ ား ထွက်ပြေးကြကြောင်း၊

ထွက်ပြေးကြသော ကျေးရွာသားများကို စစ်ကောင်စီတပ်များက ပစ်ခတ်ရာ ကိုမင်းမင်းက ခြေထောက်တွင် ကျည်ထိမှန်ပြီး အဖမ်းခံရကြောင်း၊ မောင်ထွန်းမြင့်မှာမူ ထွက်ပြေးသည့် နေရာတွင်ပင် ကျည်ထိ၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသ ည်။

ယင်းနောက် ကျည်ထိမှန်သော ကိုမင်းမင်း(ခ) ကိုသက်နိုင်မင်းကို စစ်ကောင်စီတပ်များက ဖမ်းခေါ်သွားပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

” ရွာကို စစ်ခွေး ဝင်တွေက PDF ရှိတယ်ဆိုတဲ့ ဒလန် သတ င်းပေးကြောင့် ဝင်လာတာ။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီမှာ RPG ၃ချက် ပစ်ပြီးဝင်လာတယ်။ အများစုကရှော င်ပြေးတယ်။ ရွာမှာက လူငယ်တွေနဲ့ ကျမ်းမာရေးမကောင်းတဲ့ လူကြီးတွေ ကျန်နေတာ။

ကိုမင်းမင်း ( ခ) သက်နိုင်မင်း ကတော့ ဒီတိုင်း ပြေးနေတုန်းမှာ ခြေထောက် သေနတ် မှန်တယ်။ ရွာအနောက် ထိပ်ထိ တွဲပြီး ကယ်ဖို့ကြိုးစားပေမယ့် သူကိုယ်တိုင်က ထားခဲ့ဖို့ ပြောတော့ ထားခဲ့ကြတယ်။

အဲဒါပြီး အဆက်သွယ် ပြတ်သွားတယ်။ အဖမ်းခံရတယ်လို့ သိရတယ်။ အားလုံးပြီးလို့ ရွာမှာ လူပြန်စစ်တော့ မီးရှီု့ထားတဲ့ အ လောင်းတစ်ခု တွေ့တယ်။ သေချာစစ်ဆေးကြည့်တော့ သူဖြစ်နေတယ်။

ကိုမင်းမင်းကတော့ အသက် ၂၅ နှစ်ရှိနေပြီ။ မောင်ထွန်းမြင့်က အသက် ၁၄ နှစ်။ သူကတော့ ထွက် ပြေးရင် ကျည်ထိပြီး တ စ်ခါတည်း ပွဲချင်းပြီး ဆုံးတယ်” ဟု အေးချမ်းသာ ကျေးရွာ ရွ ာခံတစ်ဦးက ပြောသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာများကို ဝင်ရောက်စီးနင်းလျက်ရှိရာတွင် ကျောက်ကုန်းရွာတွင် ပြည်သူ ၄ ဦး၊ ပန်းရွာတွင် ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားပြီး အ လောင်းများရရှိထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အား ၂၀၀ ဝန်းကျ င်ဖြင့် အေးချမ်းသာ စံပြကျေးရွာ အပါအဝင် ကျေးရွာ ၇ ခုကို ဝင်ရောက်စီးနင်းမှုများလုပ် ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိ န်အထိ ပြည်သူ ၁၀ ဦးထက်မနည်း သတ် ဖြတ်ခံထားရကြောင် း သိရှိရသည်။

မြိုင်မြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာတွင် စစ်ကောင်စီတပ်များက သေနတ်ကျည်ထိဒဏ်ရာရရှိထားသော ကိုမင်းမင်းကို အရှင်လတ်လတ် မီးရှို့သတ်၊ ၁၄ နှစ်အရွယ် မောင်ထွန်းမြင့်ကိုလည်း ပစ်သတ်၊ ကျေးရွာများတွင် အနည်းဆုံး လူ ၁၀ ဦးထ က်မနည်း စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အေးချမ်းသာ စံပြကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်နေ့ က စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ကိုမင်းမင်း(ခ) ကိုသက်နိုင်မင်းကို သေနတ်ဖြင့် ပစ်ခတ်ကာ အရှင် လတ် လတ် မီးရှို့သတ်ဖြတ်သွားကြေ ာင်း ဒေသခံ ရွာသားများနှင့် ကျန်ရစ်သူ မိသားစုထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အေးချမ်းသာ စံပြကျေးရွာအတွင်းသို့ R PG များဖြင့် ပစ်ခတ်ပြီး ရုတ်တရက် ဝင်ရောက်လာကြောင်း၊ ကိုမင်းမင်း(ခ) သက်နိုင်မင်း၊ အသက် ၁၄ နှစ်အရွယ်​မောင်ထွန်းမြင့် အပါအဝင် ရွာသူ ရွာသားများ က ကြောက်လန့်တ ကြား ထွက်ပြေးကြကြောင်း၊

ထွက်ပြေးကြသော ကျေးရွာသားများကို စစ်ကောင်စီတပ်များက ပစ်ခတ်ရာ ကိုမင်းမင်းက ခြေထောက်တွင် ကျည်ထိမှန်ပြီး အဖမ်းခံရကြောင်း၊ မောင်ထွန်းမြင့်မှာမူ ထွက်ပြေးသည့် နေရာတွင်ပင် ကျည်ထိ၍ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသ ည်။

ယင်းနောက် ကျည်ထိမှန်သော ကိုမင်းမင်း(ခ) ကိုသက်နိုင်မင်းကို စစ်ကောင်စီတပ်များက ဖမ်းခေါ်သွားပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

” ရွာကို စစ်ခွေး ဝင်တွေက PDF ရှိတယ်ဆိုတဲ့ ဒလန် သတင် းပေးကြောင့် ဝင်လာတာ။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီမှာ RPG ၃ချက် ပစ်ပြီးဝင်လာတယ်။ အများစုက ရှေ ာင်ပြေးတယ်။ ရွာမှာက လူငယ်တွေနဲ့ ကျမ်းမာရေးမကောင်းတဲ့ လူကြီးတွေ ကျန်နေတာ။

ကိုမင်းမင်း ( ခ) သက်နိုင်မင်း ကတော့ ဒီတိုင်း ပြေးနေတုန်းမှာ ခြေထောက် သေနတ် မှန်တယ်။ ရွာအနောက် ထိပ်ထိ တွဲပြီး ကယ်ဖို့ကြိုးစားပေမယ့် သူကိုယ်တိုင်က ထားခဲ့ဖို့ ပြောတော့ ထားခဲ့ကြတယ်။ အဲဒါပြီး အဆက်သွယ် ပြတ်သွားတယ်။

အဖမ်းခံရတယ်လို့ သိရတယ်။ အားလုံးပြီးလို့ ရွာမှာ လူပြန်စစ်တော့ မီးရှီု့ထားတဲ့ အလောင်းတစ်ခု တွေ့တယ်။ သေချာစစ် ဆေးကြည့်တော့ သူဖြစ်နေတယ်။

ကိုမင်းမင်းကတော့ အသက် ၂၅ နှစ်ရှိနေပြီ။ မောင်ထွန်းမြင့်က အသက် ၁၄ နှစ်။ သူကတော့ ထွက် ပြေးရင် ကျည်ထိပြီး တစ် ခါတည်း ပွဲချင်းပြီး ဆုံးတယ်” ဟု အေးချမ်းသာ ကျေးရွာ ရွ ာခံတစ်ဦးက ပြောသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်များက ကျေးရွာများကို ဝင်ရောက်စီးနင်းလျက်ရှိရာတွင် ကျောက်ကုန်းရွာတွင် ပြည်သူ ၄ ဦး၊ ပန်းရွာတွင် ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားပြီး အ  လောင်းများရရှိထားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အင်အား ၂၀၀ ဝန်းကျ င်ဖြင့် အေးချမ်းသာ စံပြကျေးရွာ အပါအဝင် ကျေးရွာ ၇ ခုကို ဝင်ရောက်စီးနင်းမှုများလုပ် ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအ ချိန်အထိ ပြည်သူ ၁၀ ဦးထက်မနည်း သတ် ဖြတ်ခံထားရကြေ ာင်း သိရှိရသည်။

Crd