Local News

ပြည်သူ့တပ်ဖွဲ့ ဝင်တွေဆီ စစ်ဆင်ရေး ထွက်ပြီး မတိုက်လိုကြောင်း ပြောရာကနေ စကားအချေအတင်ဖြစ်ရာမှ…

မတူပီမြို့တွင် တပ်မတော်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားရာမှ ဒုတပ်ရင်းမှူးသေဆုံး

ချင်းပြည်နယ် မတူပီမြို့အတွင်းတွင် စစ်ကောင်စီမှ တပ်စွဲလျက်ရှိသော အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)လက်အောက်ခံ ကသာအခြေစိုက် ခမရ(၃၀၉)မှ အရာရှိဗိုလ်မှူးတစ်ဦးနှင့်တစ်ဦး အချေအတင်စကားများရာမှ




ယမန်နေ့ စက်တင်ဘာလ ၁၆ရက်နေ့ ည ၁၁နာရီ ဝန်းကျင်တွင် ခမရ(၃၀၉) မှ သာမန်အဆင့် တပ်သားမှ ဒုတပ်ရင်းမှူးအား သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားပြီး ယင်းနေရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း ကနဦးသိရှိရပါသည်။

စကားများသည့်အကြောင်းအရင်းကတော့




” အဓိကကတော့ အဲ့က ပြည်သူ့တပ်ဖွဲ့ ဝင်တွေဆီ စစ်ဆင်ရေး ထွက်ပြီး မတိုက်လိုကြောင်း ပြောရာကနေ စကားအချေအတင်ဖြစ်ပြီး ပတ်ခတ်မှုဖြစ်ပွားတယ်လို့ “တပ်မတော်ဖြင့်နီးစပ်သူတစ်ဦးက ယခုလိုဘဲအတည်ပြုပြောကြားပါသည်။

သေဆုံးသွားသည့် ဒုတပ်ရင်းမှူးအလောင်းကိုတော့ မတူပီမြို့နယ်ဆေးရုံတွင် ထားရှိကြောင်း သိရှိရပါသည်။

———- 

မတူပီၿမိဳ႕တြင္ တပ္မေတာ္သားအခ်င္းခ်င္း ပစ္ခတ္မႈျဖစ္ပြားရာမွ ဒုတပ္ရင္းမႉးေသဆုံး




ခ်င္းျပည္နယ္ မတူပီၿမိဳ႕အတြင္းတြင္ စစ္ေကာင္စီမွ တပ္စြဲလ်က္ရွိေသာ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္(နမခ)လက္ေအာက္ခံ ကသာအေျခစိုက္ ခမရ(၃၀၉)မွ အရာရွိဗိုလ္မႉးတစ္ဦးႏွင့္တစ္ဦး အေခ်အတင္စကားမ်ားရာမွ

ယမန္ေန႔ စက္တင္ဘာလ ၁၆ရက္ေန႔ ည ၁၁နာရီ ဝန္းက်င္တြင္ ခမရ(၃၀၉) မွ သာမန္အဆင့္ တပ္သားမွ ဒုတပ္ရင္းမႉးအား ေသနတ္ျဖင့္ပစ္ခတ္မႈ ျဖစ္ပြားၿပီး ယင္းေနရာတြင္ ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးေၾကာင္း ကနဦးသိရွိရပါသည္။




စကားမ်ားသည့္အေၾကာင္းအရင္းကေတာ့

” အဓိကကေတာ့ အဲ့က ျပည္သူ႔တပ္ဖြဲ႕ ဝင္ေတြဆီ စစ္ဆင္ေရး ထြက္ၿပီး မတိုက္လိုေၾကာင္း ေျပာရာကေန စကားအေခ်အတင္ျဖစ္ၿပီး ပတ္ခတ္မႈျဖစ္ပြားတယ္လို႔ “တပ္မေတာ္ျဖင့္နီးစပ္သူတစ္ဦးက ယခုလိုဘဲအတည္ျပဳေျပာၾကားပါသည္။

ေသဆုံးသြားသည့္ ဒုတပ္ရင္းမႉးအေလာင္းကိုေတာ့ မတူပီၿမိဳ႕နယ္ေဆး႐ုံတြင္ ထားရွိေၾကာင္း သိရွိရပါသည္။