Local News

“အခုလုပ်နေတဲ့နိုင်ငံ့အရေးမှာ ပုဂ္ဂိုလ်ရေးအရ တခြားဘာမျှော်လင့်ချက်မှမထားဘူး ” ဆိုတဲ့ ဒါရိုက်တာကိုပေါက်

“အခုလုပ်နေတဲ့နိုင်ငံ့အရေးမှာ
ပုဂ္ဂိုလ်ရေးအရ
တခြားဘာမျှော်လင့်ချက်မှမထားဘူး ” ဆိုတဲ့ ဒါရိုက်တာကိုပေါက်

ကျနော်နှင့်တော်လှန်ရေး

၈၈ အရေးအခင်းတုန်းက
ကျနော်က အခု GZ တွေလိုပေါ့.
အသက်က ၁၄/၁၅

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက
ဇနီးဖြစ်သူနဲ့ ချစ်သူရည်းစားဘဝ
ဇာတ်ညွှန်းရေးတဲ့
သရုပ်ဆောင် လူပျိုတစ်ယောက်.
အသက်က ၃၀ ကျော်

၂၀၂၁ နွေးဦးတော်လှန်ရေးရောက်တော့
သရုပ်ဆောင် ဒါရျိုကျတာ ပရိုကျူဆာ
တစ်ယောက်ဘဝ..
အသက်က ၄၅/၄၆

အခုလုပ်နေတဲ့နိုင်ငံ့အရေးမှာ
ပုဂ္ဂိုလ်ရေးအရ
တခြားဘာမျှော်လင့်ချက်မှမထားဘူး

ရည်မှန်းချက်တော့ထားတယ်။
အဲ့ဒါက
အရေးတော်ပုံကြီး မုချအောင်မြင်ဖို့.

ဘယ်နေရာ ဘယ်အလွှာ ဘယ်အရပ်မှာပဲ နေနေ
ငါမရှိရင်မဖြစ်ပါဘူးကွာလို့
ကျနော် ဘယ်တော့မှမတွေးဘူး။

ငါ အသက်ရှင်နေလို့
ငါ ရှိနေလို့
တော်သေးတာပေါ့ ပဲတွေးတယ်.

တော်လှန်ရေးကြီးပြီးသွားတဲ့တစ်နေ့
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ့်အိမ်ကို ပြန်ပြီး
ကိုယ့် အလုပ်တွေပြန်လုပ်ကြမှာပါ.

တစ်ယောက်နဲ့တစ်ယောက်
ချစ်ပါ
ခင်ပါ
လေးစားပါ။

လုပ်နိုင်သလောက် လုပ်ပေးပြီးတဲ့ တစ်နေ့
အိမ်ပြန်ကြတာပေါ့။

အဲ့ဒီအခါကျရင်
ကျူပ်ကြိုက်တဲ့ ဝီစကီကို မိန်းမလုပ်ပေးတဲ့အမြည်းနဲ့
အနားယူရင်း ချဲလ်ဆီးက နိုင်တဲ့ပွဲတွေ
ထိုင်ကြည့်ချင်သေးတာ။

ကိုပေါက်
မြန်မာပြည်အစွန်အဖျားတစ်နေရာ
15,sep,2021