Local News

မိုးမလုံတဲ့အကာလေးတွေကိုအမှီပြုပြီး ဖြစ်သလိုအိပ်ရပေမယ့် အားမလျော့ဘဲ တိုက်ပွဲဝင်နေကြတဲ့ PDF လူငယ်လေးတွေ

Zawgyi

မိုးမလုံတဲ့အကာေလးေတြကိုအမွီျပဳၿပီး ျဖစ္သလိုအိပ္ရေပမယ့္ အားမေလ်ာ့ဘဲ တိုက္ပြဲဝင္ေနၾကတဲ့ PDF လူငယ္ေလးေတြ

PDF လူငယ္ေလးေတြရဲ႕ဘဝဟာ ထင္ထားတာထက္ပိုၿပီးခက္ခဲၾကမ္းတမ္းလြန္းပါတယ္။ လြယ္လြယ္ကူကူ ေလ်ာက္လွမ္းခဲ့ရတဲ့လမ္းမဟုတ္လို႔ သူတို႔အေနနဲ႔လည္း ေနာက္ျပန္ဆုတ္ဖို႔ မလြယ္ကူသလို ျပန္လွည့္ဖို႔လည္း

လုံးဝမစဥ္းစားခဲ့ဘူးဆိုတာ လူမႈကြန္ယက္မွာေဝမွ်ေနတဲ့ သူတို႔ရဲ႕ခံယူခ်က္စာသားေတြကို ၾကည့္ရင္သိႏိုင္ပါတယ္။ ျပည္သူေတြဟာလည္း PDF လူငယ္ေလးေတြကိုရတဲ့နည္းနဲ႔ေထာက္ပံ့ေပးေန ၾကၿပီး ေတာ္လွန္ေရးအတြက္

အားသြန္ခြန္စိုက္ ကူညီေပးေနၾကတာလည္း အားလုံးအသိပါပဲ။ဒီေန႔မွာလည္း PDF လူငယ္ေလးတစ္ေယာက္ဟာ ငယ္စဥ္ဘဝမွာေတာ့ မိုးသံေလးတေျဖာက္ေျဖာက္ကို နားေထာင္ၿပီးအိပ္ရတာသေဘာက်ေပမယ့္

လက္ရွိမွာေတာ့ မိုးကိုသိပ္မုန္းတဲ့အေၾကာင္း သူ႔ရဲ႕လူမႈကြန္ယက္မွာရင္ဖြင့္လာခဲ့ပါတယ္။ မိုးမလုံ ေလမလုံ အကာေလးေတြကိုသာ အမွီသဟဲျပဳၿပီး ေနရတာမို႔ တစ္ခုခုရာသီဥတုဆိုးဝါးလာရင္ သူတို႔အေနနဲ႔

ေနရပိုခက္မွာပါ။ ဒီအေၾကာင္းအရာေလးကို ေတြ႕ၾကတဲ့ ျပည္သူေတြဟာ အားတင္းထားဖို႔နဲ႔ အခုလိုအနစ္နာခံေပးေနတာကို ေက်းဇူးတင္ေၾကာင္း မွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။ဒီလိုေတြပင္ပင္ပန္းပန္းျဖတ္သန္းေနရလည္း

တစ္ခ်က္ေလးေအာင္အားေလ်ာ့မသြားဘဲ ေတာ္လွန္ေရးေအာင္ျမင္ဖို႔ကိုပဲဦးတည္ေနတဲ့ PDF ေတြရဲ႕စိတ္ဓာတ္ကေတာ့ ေလးစားစရာပါပဲ။ ဟင္းစားရွာမရတဲ့အခ်ိန္ေတြမွာလည္း ျဖစ္သလိုမွ်တစားၾကၿပီး

ကိုယ့္စခန္းကိုယ္လည္း ေသေသခ်ာခ်ာေစာင့္ေရွာက္ၾကတဲ့ပုံရိပ္ေလးေတြကိုလည္း ထပ္မံေဝမွ်ခဲ့ပါေသးတယ္။ ဒုကၡေတြကို ႀကံ့ႀကံ့ခံၿပီးရင္ဆိုင္ျဖတ္သန္းေနတဲ့ PDF ေလးေတြဟာ တိုင္းျပည္ေအးခ်မ္းသြားတဲ့ တစ္ေန႔မွာ ထိပ္ဆုံးက ဦးၫႊတ္ရမယ့္ အာဇာနည္သူရဲေကာင္းေတြပါပဲ။

သတင္းအရင္းျမစ္: Htet Nay Win’s FB Acc

Unicode

မိုးမလုံတဲ့အကာလေးတွေကိုအမှီပြုပြီး ဖြစ်သလိုအိပ်ရပေမယ့် အားမလျော့ဘဲ တိုက်ပွဲဝင်နေကြတဲ့ PDF လူငယ်လေးတွေ

PDF လူငယ်လေးတွေရဲ့ဘဝဟာ ထင်ထားတာထက်ပိုပြီးခက်ခဲကြမ်းတမ်းလွန်းပါတယ်။ လွယ်လွယ်ကူကူ လျောက်လှမ်းခဲ့ရတဲ့လမ်းမဟုတ်လို့ သူတို့အနေနဲ့လည်း နောက်ပြန်ဆုတ်ဖို့ မလွယ်ကူသလို ပြန်လှည့်ဖို့လည်း

လုံးဝမစဉ်းစားခဲ့ဘူးဆိုတာ လူမှုကွန်ယက်မှာဝေမျှနေတဲ့ သူတို့ရဲ့ခံယူချက်စာသားတွေကို ကြည့်ရင်သိနိုင်ပါတယ်။ ပြည်သူတွေဟာလည်း PDF လူငယ်လေးတွေကိုရတဲ့နည်းနဲ့ထောက်ပံ့ပေးနေ ကြပြီး တော်လှန်ရေးအတွက်

အားသွန်ခွန်စိုက် ကူညီပေးနေကြတာလည်း အားလုံးအသိပါပဲ။ဒီနေ့မှာလည်း PDF လူငယ်လေးတစ်ယောက်ဟာ ငယ်စဉ်ဘဝမှာတော့ မိုးသံလေးတဖြောက်ဖြောက်ကို နားထောင်ပြီးအိပ်ရတာသဘောကျပေမယ့်

လက်ရှိမှာတော့ မိုးကိုသိပ်မုန်းတဲ့အကြောင်း သူ့ရဲ့လူမှုကွန်ယက်မှာရင်ဖွင့်လာခဲ့ပါတယ်။ မိုးမလုံ လေမလုံ အကာလေးတွေကိုသာ အမှီသဟဲပြုပြီး နေရတာမို့ တစ်ခုခုရာသီဥတုဆိုးဝါးလာရင် သူတို့အနေနဲ့

နေရပိုခက်မှာပါ။ ဒီအကြောင်းအရာလေးကို တွေ့ကြတဲ့ ပြည်သူတွေဟာ အားတင်းထားဖို့နဲ့ အခုလိုအနစ်နာခံပေးနေတာကို ကျေးဇူးတင်ကြောင်း မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ဒီလိုတွေပင်ပင်ပန်းပန်းဖြတ်သန်းနေရလည်း

တစ်ချက်လေးအောင်အားလျော့မသွားဘဲ တော်လှန်ရေးအောင်မြင်ဖို့ကိုပဲဦးတည်နေတဲ့ PDF တွေရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။ ဟင်းစားရှာမရတဲ့အချိန်တွေမှာလည်း ဖြစ်သလိုမျှတစားကြပြီး

ကိုယ့်စခန်းကိုယ်လည်း သေသေချာချာစောင့်ရှောက်ကြတဲ့ပုံရိပ်လေးတွေကိုလည်း ထပ်မံဝေမျှခဲ့ပါသေးတယ်။ ဒုက္ခတွေကို ကြံ့ကြံ့ခံပြီးရင်ဆိုင်ဖြတ်သန်းနေတဲ့ PDF လေးတွေဟာ တိုင်းပြည်အေးချမ်းသွားတဲ့ တစ်နေ့မှာ ထိပ်ဆုံးက ဦးညွှတ်ရမယ့် အာဇာနည်သူရဲကောင်းတွေပါပဲ။

သတင်းအရင်းမြစ်: Htet Nay Win’s FB Acc