Local News

စစ်ကောင်စီကျူးလွန်နေသည့် အကြမ်းဖက်မှုများကို NUG က UN ၌ ယခုလ ၂၂ ရက်တွင် တင်ပြခွင့်ရရှိ

စစ်ကောင်စီကျူးလွန်နေသည့် အကြမ်းဖက်မှုများကို NUG က UN ၌ ယခုလ ၂၂ ရက်တွင် တင်ပြခွင့်ရရှိ

ရန်ကုန် ၊ စက်တင်ဘာ ၁၉

လာမည့် ဗုဒ္ဓဟူးနေ့ ၊ စက်တင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံ၌ စစ်ကောင်စီ ကျူးလွန်နေသည့် လူ့အခွင့်ချိုးဖောက်မှုနှင့် အကြမ်းဖက်သတ်ဖြတ်မှု များကို NUG က အွန်လိုင်းမှတဆင့် ကိုယ်တိုင်တင်ပြခွင့်ရမည်ဖြစ်သည်။




စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ဇူလိုင်လကစပြီး စစ်တပ်ကကျူးလွန်နေသည့် အရပ်သားများအား အကြမ်းဖက်မှုအကြောင်းအစီရင်ခံစာကို လက်ရှိ ကျင်းပနေဆဲ ကုလလူ့အခွင့်အရေးကောင်စီသို့

NUG က ယနေ့တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထို အအစီရင်ခံစာပါအကြောင်း အရာများကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးအရာရှိ တင်ပြမည့် အစီအစဉ်မတိုင်မီ တင်ပြခွင့် ရရှိမည် ဖြစ်သည်။

” အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ကြိုးစားလျက်ပါ” ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း ၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။




ကုလ လူ့အခွင့်အရေး ကောင်စီသို့ ပေးပို့ခဲ့သည့် အစီရင်ခံစာ၌ အဆိုပါ တိုင်းနှစ်ခုတွင် စစ်ကောင်စီတပ်များ၏ အရပ်သားများအပါ် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ၊ အသက်သေဆုံးသည်ထိ ညှဉ်းပမ်းနှိပ်စက်ခြင်းများကို ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီအား လက်နက်‌ရောင်းချခြင်းနှင့် စစ်ရေး အကူအညီပေးခြင်း ရပ်တန့်ရန်၊ တရားမျှတမှုအတွက် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန် တောင်းဆိုထားသည်။




Burma Associated Press

———– 

စစ္ေကာင္စီက်ဴးလြန္ေနသည့္ အၾကမ္းဖက္မႈမ်ားကို NUG က UN ၌ ယခုလ ၂၂ ရက္တြင္ တင္ျပခြင့္ရရွိ

ရန္ကုန္ ၊ စက္တင္ဘာ ၁၉

လာမည့္ ဗုဒၶဟူးေန႔ ၊ စက္တင္ဘာ ၂၂ ရက္တြင္ ျမန္မာႏိုင္ငံ၌ စစ္ေကာင္စီ က်ဴးလြန္ေနသည့္ လူ႔အခြင့္ခ်ိဳးေဖာက္မႈႏွင့္ အၾကမ္းဖက္သတ္ျဖတ္မႈ မ္ားကို NUG က အြန္လိုင္းမွတဆင့္ ကိုယ္တိုင္တင္ျပခြင့္ရမည္ျဖစ္သည္။




စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းတို႔တြင္ ဇူလိုင္လကစၿပီး စစ္တပ္ကက်ဴးလြန္ေနသည့္ အရပ္သားမ်ားအား အၾကမ္းဖက္မႈအေၾကာင္းအစီရင္ခံစာကို လက္ရွိ က်င္းပေနဆဲ ကုလလူ႔အခြင့္အေရးေကာင္စီသို႔

NUG က ယေန႔တင္သြင္းခဲ့ျခင္းျဖစ္ၿပီး ထို အအစီရင္ခံစာပါအေၾကာင္း အရာမ္ားကို ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး စုံစမ္းစစ္ေဆးေရးအရာရွိ တင္ျပမည့္ အစီအစဥ္မတိုင္မီ တင္ျပခြင့္ ရရွိမည္ ျဖစ္သည္။

” အေကာင္းဆုံးလုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးစားလ်က္ပါ” ဟု NUG လူ႔အခြင့္အေရးဆိုင္ရာ ဝန္ႀကီးဌာန ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ၎ ၏ လူမႈကြန္ယက္တြင္ ေရးသားခဲ့သည္။




ကုလ လူ႔အခြင့္အေရး ေကာင္စီသို႔ ေပးပို႔ခဲ့သည့္ အစီရင္ခံစာ၌ အဆိုပါ တိုင္းႏွစ္ခုတြင္ စစ္ေကာင္စီတပ္မ်ား၏ အရပ္သားမ်ားအပၚ ထိုးစစ္ဆင္တိုက္ခိုက္ျခင္း၊ အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္ျခင္း ၊ အသက္ေသဆုံးသည္ထိ ညႇဥ္းပမ္းႏွိပ္စက္ျခင္းမ်ားကို ေဖာ္ျပထားသည္။

ထို႔ျပင္ စစ္ေကာင္စီအား လက္နက္ေရာင္းခ်ျခင္းႏွင့္ စစ္ေရး အကူအညီေပးျခင္း ရပ္တန႔္ရန္၊ တရားမွ်တမႈအတြက္ ႏိုင္ငံတကာလုပ္ထုံးလုပ္နည္းမ်ားျဖင့္ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ရန္ ေတာင္းဆိုထားသည္။

Burma Associated Press