Local News

ကုလမှာ နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ NUG အတွက် ဘာလို့ အရေးကြီးရတာလဲ

ကုလအထွေထွေညီလာခံမှာ နိုင်ငံတကာ အစိုးရခေါင်းဆောင်တွေနဲ့ နိုင်ငံကို ကိုယ်စားပြုသူတွေ စက်တင်ဘာ ၂၁ ကနေ ၂၇ အထိ စကားပြောဆိုကြမှာ ဖြစ်ပါတယ်။

မနက်ပိုင်း နေ့လယ်ပိုင်း နှစ်ပိုင်းခွဲပြီး၊ ဘယ်သူတွေ ဘယ်နေ့ ဘယ်အချိန်မှာ ပြောမယ်ဆိုတဲ့ အစီအစဉ် ဇယားလည်း ရှိနေပါတယ်။

အစီအစဉ် နောက်ဆုံးရက်လည်းဖြစ်၊ နောက်ဆုံး အပိုင်းလည်းဖြစ်တဲ့ ၂၇ ရက်နေ့၊ နေ့လယ်ပိုင်း ကဏ္ဍမှာ မြောက်ကိုရီးယား၊ ဂီနီ၊ မြန်မာ၊ အာဖဂန်နစ္စတန် ဆိုပြီး ၄ နိုင်ငံတွဲ နေရာပေးထားတာ တွေ့ရပါတယ်။




အခုစက်တင်ဘာ အစောပိုင်းမှာပဲ စစ်အာဏာသိမ်းထားတဲ့ ဂီနီ၊ တာလီဘန်လက်ထဲ ပြန်ရောက်နေတဲ့ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားတို့နဲ့ မြန်မာကို တွဲပြီး အစီအစဉ်

နောက်ဆုံးကို ပို့ထားတာကို ကြည့်ရင် …. အဲဒီ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ စကားပြောမှာ မသေချာတာကို ရည်ညွှန်းနေတာလား ဆိုတဲ့ မေးခွန်း ထွက်လာစေပါတယ်။

ဒီလိုဆိုရင် ဦးကျော်မိုးထွန်း စကားမပြောဖို့ တရုတ်-အမေရိကန် သဘောတူထားတယ် ဆိုပြီး ထွက်ပေါ် လာခဲ့တဲ့ မရေရာတဲ့ သတင်းတွေပဲ မှန်နေပြီလား ….။




NUG အနေနဲ့ လက်ရှိ နယ်မြေထိန်းချုပ်မှု မရှိပေမယ့် ကုလမှာ နိုင်ငံကို ကိုယ်စားပြုခွင့်ရဖို့ ဘာလို့ အရေးကြီးတာလဲ …

ဩစတြေးလျ အခြေစိုက် နိုင်ငံတကာ ဥပဒေပညာရှင် ရေဘက္ကာ ဘာရ်ဘာနဲ့ ဆွေးနွေးထားတာကို ကိုဝေဖြိုး စီစဉ်တင်ဆက်ထားပါတယ်။

———–
















