Local News

အန်အယ်လ်ဒီအစိုးရလက်ထက် ဘက်ပေါင်းစုံတိုးတက်မှုမရှိခဲ့ဟု စစ်ခေါင်းဆောင် ဝေဖန်

အန်အယ်လ်ဒီအစိုးရလက်ထက် ဘက်ပေါင်းစုံတိုးတက်မှုမရှိခဲ့ဟု အကြမ်းဖက်စစ်ခေါင်းဆောင် ဝေဖန်

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံမှာ ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ်ခဲ့ကြောင်း အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁၈ ရက်မနက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တိုင်းစစ်ဌာနချုပ် ဗလမင်းထင် ခန်းမမှာတွေ့ဆုံစဉ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားတာပါ။

စစ်ခေါင်းဆောင်က “၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ်တက်လာခဲ့ပြီး ၅ နှစ်တာ သက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင်

ဝေဖန် ပြောဆိုမှုများ၊ ဝေဖန်ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ် ခဲ့ကြောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ရွေးခြယ်ထားသည့် အစိုးရ၏

လုပ်ဆောင်ချက် များအပေါ်တွင် အားမလိုအားမရဖြစ်ခဲ့ပြီး မျှော်မှန်းသကဲ့သို့ ဖြစ် မလာသည့်အတွက် ရွေးကောက်ပွဲအပေါ်စိတ်ပျက်လာပြီး မဲမပေးရေးလှုပ်ရှားမှု (No Vote) များဖြစ်ပေါ်လာခဲ့ သည်ကိုတွေ့ရှိရကြောင်း” ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ နိုင်ငံတော်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ကဏ္ဍပေါင်းစုံမှာ တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့ပေမဲ့ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

တပ်မတော်သားမိသားစုတွေကို အဆင့်နဲ့လျော်ညီတဲ့ လစာ၊ ရိက္ခာနဲ့ ရပိုင်ခွင့်တွေကို လုပ်ဆောင်ပေးထားပြီး ဖြစ်လို့ မိမိဘဝတိုးတက်ရေးကို ထိခိုက်စေနိုင်တဲ့ အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို

သုံးစွဲတာ၊ ဝင်ငွေ၊ ထွက်ငွေ မျှတအောင် သုံးစွဲနိုင်မှုမရှိခြင်းတို့ကို ကိုယ်ပိုင်အသိစိတ်မနဲ့ ဆင်ခြင်ထိန်းသိမ်း ဆောင်ရွက်ကြဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်း သွားပါတယ်။

Crd. – ဒီဗွီဘီ

———

အန္အယ္လ္ဒီအစိုးရလက္ထက္ ဘက္ေပါင္းစုံတိုးတက္မႈမရွိခဲ့ဟု အၾကမ္းဖက္စစ္ေခါင္းေဆာင္ ေဝဖန္

အန္အယ္လ္ဒီအစိုးရလက္ထက္မွာ တိုင္းျပည္ရဲ႕ နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ဘက္ေပါင္းစုံမွာ ထိုက္သင့္သေလာက္ တိုးတက္မႈမ်ား မျဖစ္ေပၚခဲ့ေၾကာင္း အာဏာသိမ္းအၾကမ္းဖက္ စစ္ေခါင္းေဆာင္က ေျပာၾကားလိုက္ပါတယ္။

စက္တင္ဘာ ၁၈ ရက္မနက္က ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ျမစ္ႀကီးနားတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုေတြကို တိုင္းစစ္ဌာနခ်ဳပ္ ဗလမင္းထင္ ခန္းမမွာေတြ႕ဆုံစဥ္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပာသြားတာပါ။

စစ္ေခါင္းေဆာင္က ၂၀၁၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲတြင္ အစိုးရသစ္တစ္ရပ္တက္လာခဲ့ၿပီး ၅ ႏွစ္တာ သက္တမ္းအုပ္ခ်ဳပ္ခဲ့ရာတြင္ အစိုးရ၏လုပ္ေဆာင္ခ်က္မ်ားအေပၚတြင္

ေဝဖန္ ေျပာဆိုမႈမ်ား၊ ေဝဖန္ေထာက္ျပမႈမ်ား မ်ားစြာျဖစ္ေပၚခဲ့ၿပီး တိုင္းျပည္၏ နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ဘက္ေပါင္းစုံတြင္ ထိုက္သင့္သေလာက္ တိုးတက္မႈမ်ား မျဖစ္ေပၚ ခဲ့ေၾကာင္း၊ ျပည္သူလူထုအေနျဖင့္ မိမိတို႔ေ႐ြးျခယ္ထားသည့္ အစိုးရ၏

လုပ္ေဆာင္ခ်က္ မ်ားအေပၚတြင္ အားမလိုအားမရျဖစ္ခဲ့ၿပီး ေမွ်ာ္မွန္းသကဲ့သို႔ ျဖစ္ မလာသည့္အတြက္ ေ႐ြးေကာက္ပြဲအေပၚစိတ္ပ်က္လာၿပီး မဲမေပးေရးလႈပ္ရွားမႈ (No Vote) မ်ားျဖစ္ေပၚလာခဲ့ သည္ကိုေတြ႕ရွိရေၾကာင္း ေျပာပါတယ္။

သမၼတ ဦးသိန္းစိန္ လက္ထက္မွာေတာ့ နိုင္ငံေတာ္ဟာ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈေတြ၊ နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ နိုင္ငံတကာ ဆက္ဆံေရးနဲ႕ က႑ေပါင္းစုံမွာ တိုးတက္ေျပာင္းလဲမႈမ်ား လုပ္ေဆာင္နိုင္ခဲ့ေပမဲ့ စိန္ေခၚမႈေတြနဲ႕လည္း ရင္ဆိုင္ခဲ့ရေၾကာင္း စစ္ေခါင္းေဆာင္က ေျပာပါတယ္။

တပ္မေတာ္သားမိသားစုေတြကို အဆင့္နဲ႕ေလ်ာ္ညီတဲ့ လစာ၊ ရိကၡာနဲ႕ ရပိုင္ခြင့္ေတြကို လုပ္ေဆာင္ေပးထားၿပီး ျဖစ္လို႔ မိမိဘဝတိုးတက္ေရးကို ထိခိုက္ေစနိုင္တဲ့ အရက္၊ ေဆးလိပ္၊ ကြမ္းယာတို႔ကို

သုံးစြဲတာ၊ ဝင္ေငြ၊ ထြက္ေငြ မွ်တေအာင္ သုံးစြဲနိုင္မႈမရွိျခင္းတို႔ကို ကိုယ္ပိုင္အသိစိတ္မနဲ႕ ဆင္ျခင္ထိန္းသိမ္း ေဆာင္႐ြက္ၾကဖို႔လည္း စစ္ေခါင္းေဆာင္က တိုက္တြန္း သြားပါတယ္။

Crd. – ဒီဗြီဘီ