Local News

ယူနိုက်တက်အသင်းဟာ လာမယ့်နှစ် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ မလိုအပ်တော့တဲ့ကစားသမား(၇)ဦးကို ရောင်းချသွားဖို့ပြင်ဆင်နေ






မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းမှာ မလိုအပ်တော့တဲ့ကစားသမား(၇)ဦးကို ရောင်းချသွားဖို့ပြင်ဆင်နေပါတယ်။ ယူနိုက်တက်အသင်း ရောင်းဖို့ရှိနေတာက ဗန်ဒီဘိခ်၊ လင်ဂတ်၊ ဖီးလ်ဂျုံးစ်နဲ့ဘာယီတို့အပြင် မာစီယဲလ်၊ ဒါလော့တ်၊ တဲလက်စ်တို့လည်း ပါဝင်နေပါတယ်။






ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်မရတဲ့သူတွေကိုရောင်းချပြီးတော့ ကစားသမားသစ်တွေထပ်ခေါ်ဖို့ ပြင်ဆင်နေတာပါ။ ဒီကစားသမား(၇)ဦးရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မဖွင့်ခင် ယူနိုက်တက်အသင်း တွေ့ဆုံစကားပြောဆိုသွားဖို့လည်း စီစဉ်ထားပါတယ်။


မနှစ်က အေဂျက်စ်ကနေပြောင်းရွှေ့ခဲ့သူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ပုံမှန်ကစားခွင့်မရခဲ့သလို ဒီရာသီမှာလည်း ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရဆဲဖြစ်ပြီး ရာသီကုန်ကျရင် စာချုပ်သက်တမ်းပြည့်မယ့် လင်ဂတ်ကတော့ ယူနိုက်တက်နဲ့စာချုပ်သက်တမ်းတိုးဖို့ မသေချာတာကြောင့် ရောင်းချဖို့စီစဉ်နေတာဖြစ်ပါတယ်။






နောက်ခံလူတွေဖြစ်တဲ့ ဖီးလ်ဂျုံးစ်၊ ဘာယီတို့ဟာလည်း အသင်းမှာပွဲထွက်ခွင့်ရဖို့ မျှော်လင့်ချက်နည်းနေပြီး အခုနောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းကျဆင်းလာတဲ့ မာစီယဲလ်၊ နောက်ခံလူနှစ်ဦးဖြစ်တဲ့ ဒါလော့တ်နဲ့တဲလက်စ်တို့ဟာလည်း ဇန်နဝါရီကျရင် ယူနိုက်တက်နဲ့လမ်းခွဲရဖို့ရှိနေပါပြီ။






ဒ့ါအပြင် ယူနိုက်တက်အသင်းဟာ အသင်းရဲ့လူငယ်ကစားသမားတချို့ကိုလည်း ပွဲထွက်ကစားခွင့်ပိုရအောင်လို့ တခြားအသင်းတွေဆီ အငှားချသွားမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ အဓိကကွင်းလယ်လူတစ်ဦးဖြစ်သူ ပေ့ါဘာကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပြီး သူ့ရဲ့အေးဂျင့်ဖြစ်တဲ့ ရိုင်အိုလာနဲ့ ယူနိုက်တက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုပြုလုပ်နေပြီဖြစ်ပါတယ်။






အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေ့ါဘာကို ရီးယဲလ်၊ PSG အသင်းတို့က ပစ်မှတ်ထားနေပြီး ရာသီကုန်ကျရင်အလွတ်နဲ့ခေါ်ယူနိုင်ဖို့ပြင်ဆင်နေပေမယ့် ယူနိုက်တက်အသင်းကတော့ ပေ့ါဘာကို စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေသလို တစ်ပတ်ပေါင်(၄၀၀,၀၀၀)အထိ လစာတိုးမြှင့်ပေးပြီးတော့ (၅)နှစ်စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာပါ။ ပေ့ါဘာဟာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်းတိုးနိုင်ခဲ့ရင် စာချုပ်သစ်အရ (၅)နှစ်အတွင်း ပေါင်(၁၀၄)သန်းကျော်အထိရရှိမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့လစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်မှာလည်းဖြစ်ပါတယ်

zawgyi





ယူႏိုက္တက္အသင္းဟာ လာမယ့္ႏွစ္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ မလိုအပ္ေတာ့တဲ့ကစားသမား(၇)ဦးကို ေရာင္းခ်သြားဖို႔ျပင္ဆင္ေန

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္ႏွစ္၊ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း အသင္းမွာ မလိုအပ္ေတာ့တဲ့ကစားသမား(၇)ဦးကို ေရာင္းခ်သြားဖို႔ျပင္ဆင္ေနပါတယ္။ ယူႏိုက္တက္အသင္း ေရာင္းဖို႔ရွိေနတာက ဗန္ဒီဘိခ္၊ လင္ဂတ္၊ ဖီးလ္ဂ်ဳံးစ္နဲ႔ဘာယီတို႔အျပင္ မာစီယဲလ္၊ ဒါေလာ့တ္၊ တဲလက္စ္တို႔လည္း ပါဝင္ေနပါတယ္။ ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ အသင္းအတြက္ ပုံမွန္ပြဲထြက္ခြင့္မရတဲ့သူေတြကိုေရာင္းခ်ၿပီးေတာ့ ကစားသမားသစ္ေတြထပ္ေခၚဖို႔ ျပင္ဆင္ေနတာပါ။ ဒီကစားသမား(၇)ဦးရဲ႕အနာဂတ္နဲ႔ပတ္သက္လို႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မဖြင့္ခင္ ယူႏိုက္တက္အသင္း ေတြ႕ဆုံစကားေျပာဆိုသြားဖို႔လည္း စီစဥ္ထားပါတယ္။

မႏွစ္က ေအဂ်က္စ္ကေနေျပာင္းေ႐ႊ႕ခဲ့သူ ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ရာသီကတည္းက ပုံမွန္ကစားခြင့္မရခဲ့သလို ဒီရာသီမွာလည္း ပြဲထြက္ခြင့္ရဖို႔႐ုန္းကန္ေနရဆဲျဖစ္ၿပီး ရာသီကုန္က်ရင္ စာခ်ဳပ္သက္တမ္းျပည့္မယ့္ လင္ဂတ္ကေတာ့ ယူႏိုက္တက္နဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ မေသခ်ာတာေၾကာင့္ ေရာင္းခ်ဖို႔စီစဥ္ေနတာျဖစ္ပါတယ္။ ေနာက္ခံလူေတြျဖစ္တဲ့ ဖီးလ္ဂ်ဳံးစ္၊ ဘာယီတို႔ဟာလည္း အသင္းမွာပြဲထြက္ခြင့္ရဖို႔ ေမွ်ာ္လင့္ခ်က္နည္းေနၿပီး အခုေနာက္ပိုင္းႏွစ္ေတြမွာ ေျခစြမ္းက်ဆင္းလာတဲ့ မာစီယဲလ္၊ ေနာက္ခံလူႏွစ္ဦးျဖစ္တဲ့ ဒါေလာ့တ္နဲ႔တဲလက္စ္တို႔ဟာလည္း ဇန္နဝါရီက်ရင္ ယူႏိုက္တက္နဲ႔လမ္းခြဲရဖို႔ရွိေနပါၿပီ။





ဒ့ါအျပင္ ယူႏိုက္တက္အသင္းဟာ အသင္းရဲ႕လူငယ္ကစားသမားတခ်ိဳ႕ကိုလည္း ပြဲထြက္ကစားခြင့္ပိုရေအာင္လို႔ တျခားအသင္းေတြဆီ အငွားခ်သြားမွာပဲျဖစ္ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္းဟာ အဓိကကြင္းလယ္လူတစ္ဦးျဖစ္သူ ေပ့ါဘာကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔ ဆက္လက္ႀကိဳးပမ္းေနၿပီး သူ႔ရဲ႕ေအးဂ်င့္ျဖစ္တဲ့ ႐ိုင္အိုလာနဲ႔ ယူႏိုက္တက္တာဝန္ရွိသူေတြ ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ေနၿပီျဖစ္ပါတယ္။

အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေပ့ါဘာကို ရီးယဲလ္၊ PSG အသင္းတို႔က ပစ္မွတ္ထားေနၿပီး ရာသီကုန္က်ရင္အလြတ္နဲ႔ေခၚယူႏိုင္ဖို႔ျပင္ဆင္ေနေပမယ့္ ယူႏိုက္တက္အသင္းကေတာ့ ေပ့ါဘာကို စာခ်ဳပ္သက္တမ္းတိုးႏိုင္မယ္လို႔ ယုံၾကည္ေနသလို တစ္ပတ္ေပါင္(၄၀၀,၀၀၀)အထိ လစာတိုးျမႇင့္ေပးၿပီးေတာ့ (၅)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖို႔ ႀကိဳးပမ္းေနတာပါ။ ေပ့ါဘာဟာ ယူႏိုက္တက္နဲ႔စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ရင္ စာခ်ဳပ္သစ္အရ (၅)ႏွစ္အတြင္း ေပါင္(၁၀၄)သန္းေက်ာ္အထိရရွိမွာျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕လစာေငြအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏိုင္မွာလည္းျဖစ္ပါတယ္