Local News

သံအမတ်ကြီး ဦးကျော်မိုးထွန်း John McCain Freedom Award ရရှိလို့ ဝဏ္ဏမောင်လွင် သွေးတိုးနေဟုသိရ

သံအမတ်ကြီး ဦးကျော်မိုးထွန်း John McCain Freedom Award ရရှိလို့ ဝဏ္ဏမောင်လွင် သွေးတိုးနေဟုသိရ

 

အမေရိကန်နိုင်ငံ International Republican Institute (IRI) က ချီးမြှင့်တဲ့ John MaCain Freedom Award ဆုကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ရရှိသွားလို့ မအလဝန်ကြီး ဝဏ္ဏမောင်လွင် စိတ်ဆိုးသွေးတိုးနေတယ် လို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိတဦးက ​ေပြာပါတယ်။

 

အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကျင်းပမယ့် John McCain Freedom Award ဒီမိုကရေစီသူရဲကောင်းဆုရှင်များအဖြစ် ဦးကျော်မိုးထွန်းနဲ့အတူ တရုတ်ကို အာခံပြီး တိုင်ဝမ်ကို အသိအမှတ်ပြုခဲ့တဲ့ လစ်သူယေးနီးယား

 

ဝန်ကြီးချူပ် Ingrida Symonyte ဘယ်လာရုစ်က လူ့အခွင့်အရေးလှုပ်ရှားသူ Tatsiana Khomich နဲ့ ကျူးဘားတော်လှန်ဂီတပညာရှင်Willy Chilino တို့ကို ရွေးချယ် ချီးမြှင့်ကြောင်း IRI အဖွဲ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်က ဆုပေးဖို့ရွေးချယ်တဲ့သတင်းကို ကြားပြီးကတည်းက မအလဝန်ကြီး ဝဏ္ဏမောင်လွင်ဟာ ရုပ်ပျက်ဆင်းပျက်ကို စိတ်ဆိုးဒေါသထွက်နေတာလို့ နိုင်ငံခြားရေးဝန်ကြီးအဆင့်မြင့်အရာရှိကပြောပါတယ်။

 

ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖေါက်ဖျက်မှုနဲ့ မြန်မာနိုင်ငံပြန်ပို့ဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပေမယ့် ပြန်မပို့တဲ့အပြင် သံအမတ်ကြီးအဖြစ်ဆက်လက် အသိအမှတ်ပြုလက်ခံထားသလို အမေရိကန်ရဲ့ ဒီမိုကရေစီ Fighter လို့ လူသိများတဲ့ IRI အဖွဲ့ကြီးက ဒီမိုကရေစီသူရဲကောင်းဆုပါ ရွေးချယ်ချီးမြှင့်လိုက်တာဖြစ်ပါတယ်။

 

 

John McCain Freedom Award ဒီမိုကရေစီသူရဲကောင်းဆုကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချီးမြှင့်ခဲ့ဘူးတာမို့ ဦးကျော်မိုးထွန်းဟာ ဆုရရှိတဲ့ ဒုတိယမြောက် မြန်မာနိုင်ငံသားဖြစ်လာပါတယ်။

 

——————————-

အမေရိကန်နိုင်ငံ International Republican Institute (IRI) က ချီးမြှင့်တဲ့ John MaCain Freedom Award ဆုကို သံအမတ်ကြီး ဦးကျော်မိုးထွန်း ရရှိသွားလို့ မအလဝန်ကြီး ဝဏ္ဏမောင်လွင် စိတ်ဆိုးသွေးတိုးနေတယ် လို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိတဦးက ​ပြောပါတယ်။

 


 

 


 


 

 
