Articles sports

🔴 အသင်းခေါင်းဆောင်ကြီး မက်ဂွဲယား ကို လစာတိုးပေးဖို့ စဉ်းစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်

🔴 အသင်းခေါင်းဆောင်ကြီး မက်ဂွဲယား ကို လစာတိုးပေးဖို့ စဉ်းစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်

 

 

အသင်းခေါင်းဆောင်ကြီး မက်ဂွဲယား ကို လစာတိုးပေးဖို့ စဉ်းစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယား ကို လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ မက်ဂွဲယား ကို ၂၀၁၉ နွေရာသီ တုန်းက လက်စတာ စီးတီး ကနေ ပေါင်သန်း ၈၀ နဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ပြောင်းရွှေ့ကြေး အမြင့်ဆုံး နောက်ခံလူ ဖြစ်လာစေခဲ့ ပါတယ် ။

မက်ဂွဲယား ဟာ အဆိုပါ အချိန်တုန်းက ယူနိုက်တက် နဲ့ ၅ နှစ် စာချုပ် ချုပ်ဆို ခဲ့ပြီး တပတ် ကို ပေါင် ၁၈၉၀၀၀ ရရှိခဲ့ ပါတယ် ။

 

 

 

အခု နိုင်ငံတကာ ကာလ မှာတော့ ယူနိုက်တက် ဟာ မက်ဂွဲယား ကို နောက်ထပ် ၅ နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစား လာခဲ့ပြီး တပတ်ကို ပေါင် ၃ သိန်းအထိ တိုးပေးဖို့ စိတ်ကူးနေတယ် လို့ သတင်းထွက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ မက်ဂွဲယား ကို အသင်းရဲ့ အရေးပါတဲ့ ကစားသမား တယောက် အဖြစ် သတ်မှတ် ထားပြီး အိုးထရက်ဖိုဒ့်မှာ နှစ်အတန်ကြာ ဆက်ရှိနေဖို့ လိုလားတယ်လို့ ကြားသိရပါတယ် ။

ဒီလို စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့ပါက မက်ဂွဲယား ဟာ ပရီးမီးယားလိဂ် ရဲ့ လုပ်ခ အများဆုံး နောက်ခံလူ ဖြစ်လာမှာ ဖြစ်သလို လုပ်ခ လစာအများဆုံး ၁၀ ဦး ထဲ ကိုလည်း ပါဝင် သွားမှာ ဖြစ်ပါတယ် ။

 

 

 

ပရီးမီးယားလိဂ် ရဲ့ လုပ်ခ အများဆုံး ကစားသမား ၁၀ ယောက်

 

မန်ချက်စတာ ယူနိုက်တက်

ရိုနယ်ဒို – ၅၁၀၀၀၀ ( တပတ်လုပ်ခ )

ဒီဂီယာ – ၃၇၅၀၀၀

ဆန်ချို – ၃၅၀၀၀၀

ဗာရန်း – ၃၄၀၀၀၀

ပေါ့ဘာ – ၂၉၀၀၀၀

 

မန်ချက်စတာ စီးတီး

ဒီဘရိုင်းနား – ၄၀၀၀၀၀

ဂရီလစ်ရှ် – ၃၀၀၀၀၀

စတာလင် – ၃၀၀၀၀၀

 

 

ချဲလ်ဆီး

လူကာကူ – ၃၂၅၀၀၀

ကန်တီ – ၂၉၀၀၀၀