Articles sports

🔴 နောက်ထပ်စံချိန်တခုကို ရယူလိုက်ပြန်တဲ့ ရိုနယ်ဒို

🔴 နောက်ထပ်စံချိန်တခုကို ရယူလိုက်ပြန်တဲ့ ရိုနယ်ဒို

 

 

နောက်ထပ်စံချိန်တခုကို ရယူလိုက်ပြန်တဲ့ ရိုနယ်ဒို

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ယမန်နေ့ ညက ကစား ခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် အပြီးမှာ နောက်ထပ် စံချိန် မှတ်တမ်း အချို့ ကို ရယူ သွားခဲ့ပြန် ပါတယ် ။

 

ရိုနယ်ဒို ဟာ ကာတာ အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့တဲ့ ပေါ်တူဂီ အသင်းမှာ ပါဝင် ကစားခဲ့ပြီး ပထမပိုင်း ၃၆ မိနစ် မှာ ဂိုးစတင် သွင်းယူ နိုင်ခဲ့ ပါတယ် ။

 

 

 

 

ဒီဂိုးဟာ ရိုနယ်ဒို အတွက် ၁၁၂ ဂိုးမြောက် လက်ရွေးစင် သွင်းဂိုး ဖြစ်ခဲ့သလို နိုင်ငံပေါင်း ၄၆ နိုင်ငံ ကို ဂိုးသွင်း နိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ ပါတယ် ။

ဒါ့အပြင် ရိုနယ်ဒို ဟာ ဒီပွဲမှာ ဆာဂျီယို ရာမိုစ့် ရဲ့ ဥရောပ ကစားသမားတွေ အနက် နိုင်ငံတကာ ပွဲ အများဆုံး ကစားတဲ့ စံချိန် ကိုလည်း ၁၈၁ ပွဲနဲ့ ချိုးဖျက် နိုင်ခဲ့တယ်လို့ သိရပါတယ် ။

 

 

 

 

ပေါ်တူဂီ ဟာ လာမယ့် အင်္ဂါနေ့ မှာ လူဇင်ဘတ် အသင်းနဲ့ ကစားဖို့ ရှိနေပြီး အဆိုပါ ပွဲမှာလည်း ရိုနယ်ဒို ပါဝင်လာဖို့ ရှိနေပါတယ် ။

 

နောက်ဆုံးရအားကစားသတင်း​တွေကို မလွတ်တမ်း

ဖတ်ရှုနိူင်ဖို့ အောက်က အားကစားသတင်း link လေးကိုဖိနှိပ်ပြီး page လေးကို follow လုပ်ခဲ့ကြပါအုံး

 

👇👇👇

အားကစားသတင်း