Articles Breaking News K2K News

🔴 ပုလဲမြို့နယ်တွင် PDF များ၏ ပူးပေါင်း မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး

🔴 ပုလဲမြို့နယ်တွင် PDF များ၏ ပူးပေါင်း မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး

 

ရန်ကုန်၊အောက်တိုဘာ ၁၂

 

 

 

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပုလဲ PDF တပ်များ အောက် တိုဘာလ ၁၁ ရက်နေ့တွင် ၃ ကြိမ်တိုင် ထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကြောင်း ပုလဲ PDF က သတင်းထုတ်ပြန်သည်။

 

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၈နာရီ ခန့်တွင် ကျောက်စလင်းတောင် ဆပ်သွားရုံကွေ့ ၌ ဗျူဟာမှူးလိုက်ပါလာသည်ဟု သတင်းရသည့် စစ်ယာဉ်တန်း (၂၃)စီးကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pale People’s Defence Force (PPDF) တပ်စိတ်(၄) ဂျစ်တူး၊ ဒေါင်း လေး ဦးဆောင်သည့် ရဲဘော် ၃၄ ဦးက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဗျူဟာမှူးလိုက်ပါလာသည့် ကားတစ်စီးလုံး ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

 

 

 

 

ဒေသခံများပြောကြားချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို နေရာမှာတင် သဂြိုလ်ခဲ့ကြောင်း သိရှိရပြီး စစ်ကောင်စီဘက်မှပြင်းထန်ဒဏ်ရာရသော စစ်သား များ နှင့် ကျန် အလောင်းများကို သယ်ဆောင်သွားခဲ့ကြောင်း၊ ဗျူဟာမှူး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 

 

ယင်းနောက် နံနက် ၉ နာရီ မိနစ် ၄၀ခန့်တွင် နဂါးမတောင်အနောက်ဘက် ဝမ်းပြင်ကျေးရွာအလွန်တွင် ရှေ့ပြေးလမ်းရှင်းအဖွဲ့အဖြစ် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၍ တက်လာသော စစ်ကောင်စီတပ် ၃၀ ခန့်ကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) သိန်းငှက်လေး ဦးဆောင်သည့် တပ်စိတ်(၁)မှ ရဲဘော်၂၀ ဦးနှင့် မိုးကြိုး၊ဖိုက်တာကြီး၊နာဂစ်၊ကျောင်းဆရာ၊မုန်တိုင်းအမည်ရှိ ကွန်မန်ဒို ၅ ဦးတို့မှ တူမီးများဖြင့် ပစ်ခတ်၍ မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ အားလုံးနီးပါး အတုံးအရုန်းကျဆုံးခဲ့ကြောင်း သိရှိရသည်။

 

 

 

 

နောက်မှကပ်ပါလာသော ယာဉ်တန်းက လက်နက်ကြီး လက်နက်ငယ်များနှင့် ဆက်လက်ပစ်ခတ်သဖြင့် လက်နက်များ ကောက်ယူခွင့်မရဘဲ ခုခံပစ်ခတ်၍ ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

 

ယင်းနောက် ညနေ ၃နာရီခန့်တွင် ဒါဏ်ရာရ စစ်ကောင်စီတပ်သား များနှင့် အလောင်းများတင် ဆောင်၍ ဆက် လက်ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို နဂါးမတောင်အောက်ဘက် ပတ္တ လားဆင်းအထွက် ရွှေမင်းသမီးကွေ့ ခေါ် ကိုး‌‌လောင်း‌ကွေ့အနီးတွင် ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၅ တပ်စိတ်၂ ဗိုလ်မဲလုံးဦး‌ဆောင်သည့်ရဲဘော်များက မိုင်း ၁၈ လုံးခွဲ၍တူမီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။