Articles LocalNews

လန်ဒန် နှင့် Lucky Strike ထုတ်လုပ်သည့် စီးကရက်ကုမ္ပဏီ လုပ်ငန်းရပ်ဆိုင်း

လန်ဒန် နှင့် Lucky Strike ထုတ်လုပ်သည့် စီးကရက်ကုမ္ပဏီ လုပ်ငန်းရပ်ဆိုင်း

 

 

ပြည်တွင်း၌ လုပ်ကိုင်နေသော London ၊ Kentနှင့် Lucky Strike အမှတ်တံဆိပ်စီးကရက်များ ထုတ်လုပ်သည့် British American Tobacco ကုမ္ပဏီသည် အောက်တိုဘာ ၆ရက်မှစတင်ကာ လုပ်ငန်းများကို အလုံးဆုံပိတ်သိမ်းရပ်ဆဲကြောင်း အဆိုပါကုမ္ပဏီကကြေညာလိုက်သည်။

 

 

အဆိုပါ British American Tobacco Company ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်ကစတင်ကာ ပြည်တွင်းတွင် လုပ်ငန်းစတင် လုပ် ကိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အောက်တိုဘာ ၆ရက်မှစတင်ကာ ၎င်းတို့၏ကုန်ထုတ် လုပ်မှု၊ အရောင်းနှင့် ဖြန့်ချိရေး လုပ်ငန်း များ အားလုံးကို ရပ်စဲလိုက်ခြင်းဖြစ်ပြီး

 

 

လွန်ခဲ့သော နှစ်များအတွင်း BAT Myanmar ၏ နိုင်ငံတကာအဆင့်မီ စီးကရက် အမှတ်တံ ဆိပ် များအား အစဉ်တစိုက် ယုံကြည် အားပေးခဲ့မှုအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

 

လက်ရှိဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစပြီး ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတော်များများ လုပ်ငန်းများ ရပ်ဆိုင်းခဲ့သလို

 

 

နာမည်ကြီး ဆက်သွယ်ရကုမ္ပဏီ တယ်လီနောနှင့် metroကုမ္ပဏီတို့လည်း မြန်မာ့ရင်းနှီးမြုပ်နှံမှုလောကကို စွန့်ခွာသွားခဲ့ပြီး စက်ရုံ ၄၄၀ ကျော်လည်းပိတ်ထားသိမ်းထားပြီး လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်းသိရသည်။