Articles Breaking News နောက်ဆုံးရသတင်းများ

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် စစ်အရာရှိကြီး ၂ ဦးက ပြောဆိုပြီး မနုတ်ထွက်လျှင် အန္တရာယ်ရှိသည်ဟု ခြိမ်းခြောက်ခဲ့၊ သမ္မတက သေလျှင်သေပါစေဟုဆိုကာ စစ်တပ်တောင်းဆိုချက်ကို မလိုက်လျှောခဲ့

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ နုတ်ထွက်ရန် စစ်အရာရှိကြီး ၂ ဦးက ပြောဆိုပြီး မနုတ်ထွက်လျှင် အန္တရာယ်ရှိသည်ဟု ခြိမ်းခြောက်ခဲ့၊ သမ္မတက သေလျှင်သေပါစေဟုဆိုကာ စစ်တပ်တောင်းဆိုချက်ကို မလိုက်လျှောခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၂

 

 

 

သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွက်ပေးရန် စစ်တပ်ဘက်မှ အရာရှိကြီး ၂ ဦးက ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် လာရောက်တောင်းဆိုခဲ့ပြီး သမ္မတ ဦးဝင်းမြင့်က ၎င်းသေလျှင် သေပါစေ စစ်တပ်၏ တောင်းဆိုချက်ကို မလိုက်လျှောခဲ့ကြောင်း ယနေ့ တရားရုံးတွင် ထွက်ဆိုသည်။

နေပြည်တော်တရားရုံးတွင် စစ်ကောင်စီက မတရားအမှုဆင် စစ်ဆေးနေသော ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ ကို တရား စွဲဆိုမှုအတွက် သက်သေထွက်ဆိုစဉ် သမ္မတဦးဝင်းမြင့်က အထက်ပါအတိုင်း တရားရုံးတွင် ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်အရာရှိကြီး ၂ ဦးက သမ္မတ ဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွန်ရန် ဖျောင်းဖျသော် လည်း သမ္မတ ဦးဝင်းမြင့်က ၎င်းကျန်းမာရေး ကောင်းမွန်၍ မနုတ်ထွက်နိုင်ဟု ပြောဆိုခဲ့ကြောင်း၊

 

ယင်းနောက် စစ်တပ်အရာရှိကြီး ၂ ဦးက မနုတ်ထွက်လျှင် ၎င်းကို ထိခိုက်နိုင်ပြီး အန္တရာယ်ရှိနိုင်သည်ဟု သမ္မတဦးဝင်းမြင့်ကို ခြိမ်းခြောက်သောအခါ သမ္မတဦးဝင်းမြင့်က ၎င်းသေလျှင်သေပါစေ စစ်တပ်၏ တောင်း ဆိုချက်ကို မလိုက်လျှောခဲ့ကြောင်း ယနေ့ တရားရုံးတွင် ထွက်ဆိုသွားကြောင်း သိရှိရသည်။

 

“သမ္မတဦးဝင်းမြင့် တရားရုံးမှာ ထုတ်ဖော်ခဲ့တဲ့အရေးကြီးတဲ့အချက်က ဖေဖော် ဝါရီ ၁ ရက် မနက်မှာဖြစ်ပျက်ခဲ့တာ။ နံနက်စောစော အဆင်မြင့်တပ်မတော်အရာရှိနှစ် ဦး သည် သမ္မတဦးဝင်းမြင့်ရဲ့ အခန်းထဲ ဝင်လာပြီး ကျန်းမာရေးမကောင်းတဲ့အကြောင်းပြချက်နဲ့ ရာထူးမှနုတ်ထွက်ပေးဖို့ ဖျောင်းဖျခဲ့ပါတယ်။

 

သမ္မတကသူတို့ရဲ့အဆိုပြုချက်ကို ပယ်ချခဲ့ပြီး သူကျန်းမာရေးကောင်းတယ်လို့ပြောပါတယ်။ စစ်တပ်အရာရှိတို့က ဒီလိုငြင်းပယ်ခြင်းက သူ့ကိုများစွာထိခိုက်စေလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့ပေးမယ့်လည်း သမ္မတက သေလျှင်သေပါစေဟုဆိုကာ စစ်တပ်ရဲ့ တောင်းဆိုချက်ကို မလိုက်လျှောခဲ့ပါဘူး” ဟု တရားရုံးတွင် ထွက်ဆိုထားကြောင်း သိရှိရသည်။

Source – Khit Thit Media