Articles Local News

ငါတို့က စတန်းဒက်အာမီကွလို့ လုပ်နေလို့ကတော့ ကမ္ဘာက ကြိမ်လုံးနဲ့အသေရိုက်သတ်ဖို့ လုပ်လာကြလိမ့်မယ်

ငါတို့က စတန်းဒက်အာမီကွလို့ လုပ်နေလို့ကတော့ ကမ္ဘာက ကြိမ်လုံးနဲ့အသေရိုက်သတ်ဖို့ လုပ်လာကြလိမ့်မယ်

 

 

 

ဖော့ရိုးနဲ့လား ကြိမ်လုံးနဲ့လား

မင်းအောင်လိူင်ဟာ အခုနောက်ပိုင်းရေတပ်ကို အထူးပြင်ဆင်လာတာတွေ့ရပါတယ် မြန်မာ့ပင်လယ်ပြင်ကို စောင့်လျှောက်မယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ သူ့စိတ်တိုင်းကျ ကမ်းခြေစောင့်တပ်ဖွဲ့ဆိုပြီး ထဖွဲ့ပါတယ်

ရုရှရေယာဥ်တွေကိုလဲ မြန်မာ့ရေပိုင်နက်မှာဆိုက်ကပ်ခွင့် ကာကွယ်ရေးစာချုပ်ကို ရုရှသွားစဥ်က ချုပ်ဆိုခဲ့ပါတယ် တရုတ်နဲ့လဲ ကာကွယ်ရေးစာချုပ်ချုပ်ဆိုထားပါတယ်

 

ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေတပ်ရှိပါလျှက်ထပ်ဖွဲ့တာဟာ သူ့ဆီကို နိုင်ငံတကာတပ်တွေဝင်လာနိုင်တယ်ဆိုတာ တွက်ဆထားလို့ပဲဖြစ်ပါမယ် သူဘယ်လိုပဲဖွဲ့ဖွဲ့ပါနိုင်ငံတကာကိုယှဥ်နိုင်လောက်တဲ့ လက်နက် စွမ်းရည်နဲ့ အတွေ့အကြုံ မရှိပါဘူး

ဥရောပပါလီမန်မှာလဲ NUG CRPH တို့ကို အသိအမှတ်ပြုဖို့ မဲခွဲရာမှာလဲ အောင်မြင်ခဲ့လို့ NUGရဲ့ သံတမန်ရေးနိုင်ငံတကာဆက်ဆံမူ့က ရှေ့ရောက်လာပါတယ် UNSC ရဲ့ကြီးငါးကြီးစာရင်းဝင် ပြင်သစ်ကလဲ NUGကို ထောက်ခံတာ ချက် ဒိန်းမတ်နိုင်ငံတွေကဆွေးနွေးတာ အာရှထိပ်သီးတောင်ကိုရီယားက NUGကို လက်ခံလာတာတွေဟာ စကစပတွက် ဘယ်လိုမှခေါင်ထောင်ဖို့ အနေအထားဖြစ်မလာတော့ပါဘူး

 

ဒီခြားထဲမှာ အာစီယံသံတမန် အာဝမ်ယူဆွတ် မြန်မာပြည်လာတဲ့အခါ တွေ့ဆုံလိုသူတွေကို တွေ့ခွင့်မပြုနိုင်ဘူးလို့ တင်းတင်းမာမာပြောဆိုခဲ့တဲ့ ဝဏ္ဏမောင်လွင်စကားကြောင့် မလေးနဲ့အင်ဒိုက စကစထိပ်သီးအစည်းအဝေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင်ကိုတက်ခွင့် မပြုနိုင်ဘူးလို့ တုန့်ပြန်လိုက်တာ စကစအတွက်အာစီယံ မျှော်လင့်ချက်ဟာ မှေးမှိန်သွားပြန်တယ်

မလေးနိုင်ဝန်က NUGနဲ့သာ ဆက်ဆံဖို့ စဥ်းစားမယ်ထိဖြစ်လာတော့ စကစရဲ့ ရှေ့ဆက်ရပ်တည်မူ့ဟာ ဘယ်လိုဖြစ်လာမလဲစဥ်းစားစရာပါပဲနဝတလက်ထက်က ၁၉၉၈ မှာ မြန်မာကို အာစီယံအဖွဲ့ထဲ သွင်းဖို့လုပ်ပေးခဲ့တာထိုစဥ်က မလေးဝန်ချုပ် မဟာသီယာမိုဟာမက်ဖြစ်ပြီး အခုတော့ကန်ထုတ်ဖို့လဲ မလေးကပဲ လုပ်လာတာလားဆိုတာမြင်နေရပါပြီ

 

အမေရိကန်ကတော့ တရုတ်ကိုနိုဝင်ဘာထိ အခွင့်အရေးပေးထားပုံရပါတယ် တစ်ဖက်ကစားကွင်းထိုင်ဝမ်မှာလဲ ပြန်လူပ်လာနေပါတယ် ထိုင်ဝမ်ကိုအလူပ်သာထားပြီး မြန်မာမှာတော့ တကယ်ကန်တော့မလားဆိုတော့ မြန်မာ့အရေး ရေချိန်ကိုကြည့်ရအောင်ပါ

တရုတ်က သူ့နယ်စပ်ကို အပြီးပိတ်ချလိုက်သလိုကုန်သွယ်မူ့ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော် မူဆယ်တွေက ကုန်စည်စီးချင်းမူ့ကို ရပ်လိုက်ပါတယ် ထပ်ကြားရတဲ့သတင်းအရတော့ ဝ ဒေသကနေတစ်ဆင့်ကုန်သွယ်မူ့လုပ်မယ်လို့ဆိုပါတယ်

 

မြန်မာကိုကုန်သွယ်မူ့ပိတ်တဲ့အခါ အထိနာမှာ နှစ်ဖက်လုံးဖြစ်ပေမယ့် အဓိကလူသုံးကုန်တင်ပို့တဲ့တရုတ်ကသာပိုအထိနာမှာပါ ကျယ်ဂေါင် ရွှေလီ ကူမင်းကစက်ရုံတွေရပ်လိုက်ရပါလိမ့်မယ်

သို့သော်လည်း စီးပွားရေးပဲ ကြည့်တတ်တဲ့ တရုတ်တို့ဘာလို့ပိတ်ရတာလဲဆိုတဲ့အဖြေ မကြာခင်သိရပါလိမ့်မယ် မြန်မာပြည်မှာတော့ တော်လှန်ရေးစစ်ကပိုပြီး အရှိန်တက်လာသလို အထက်မြန်မာပြည်မှာစစ်ကိုင်းမြို့ထိ တိုက်ပွဲတွေရောက်လာပါတယ် တံတားကျော်လိုက်ရင် မန္တလေးရောက်လာပါပြီ

 

နေ့စဥ်လဲ ပျောက်ကျားနည်းဗျူဟာကြောင့် စကစစခတပ်တွေ ရာနဲ့ချီသေနေသလို ကယား ကချင်ကရင် ချင်း စစ်ကိုင်း တို့ကိုထိန်းချုပ်ဖို့ ပိုမိုခက်ခဲလို့လာပါတယ် အုပ်ချုပ်ရေးမှူးတွေလဲ နုတ်ထွက်လို့ စကစအာဏာစက်မသက်ရောက်တော့ပဲ ဒေသခံ PDF တွေကသာ ကိုယ့်ရပ်ရွာအတွက် စီမံရသည်ထိဖြစ်လာပါတယ်

အရင်တူမီးသုံးလာရာကနေ ခေတ်မှီလက်နက်တွေလဲ ရှိသင့်သလောက်ရှိလာသလို ဆီဘောက်ဆာကားထဲ ဝှက်ယူလာလို့ ဖမ်းမိတာကြည့်ရင် ဖမ်းမမိတဲ့ လက်နက်ပေါင်း ဘယ်လောက်ထိ မြို့ပြတွေထိရောက်နေမလဲဆိုတာ တွက်ဆရပါတယ်

 

အထက်မြန်မာပြည်တင်မဟုတ်ပါဘူး ရန်ကုန် မန္တလေး နေပြည်တော် ပဲခူး တို့မှာလဲ စကစတပ်တွေ Civil UG PDF တွေ အလစ်အငိုက်တိုက်တာခံနေရပါတယ်လုံခြုံရေး တင်းကျပ်ထားတဲ့ နေပြည်တော် အတွင်းစည်းထိ ဗုံးခွဲခံလိုက်ရတာ စကစ ထဲထိ UGတွေ ထိုးဖောက်ဝင်ရောက်နေနိုင်တယ်ဆိုတာသိသာပါတယ်

စကစ စခတပ်တွေလဲ ၈လတာကာလရောက်လာတော့ စစ်ကပန်းလာသလို မျက်ကွယ်ကနေ အတိုက်ခံနေရလို့ သွေးကပျက်နေပါပြီ ရင်ဆိုင်တိုက်ပွဲတွေမဖြစ်ပဲ ဗုံးခွဲခံရ မိုင်းဆွဲခံရလို့ အစုလိုက်သေနေကြရလို့ စိတ်ကခြောက်ခြားလာပါတယ် အဆိုးဆုံးကပြည်သူထောက်ခံမူ့မရလို့ ယုံကြည်မူ့ပျက်ပြားနေတာပါပဲ တပ်ကထွက်တာနဲ့ စစ်မြေပြင်ဖြစ်နေသလိုအချိန်မရွေးသေနိုင်တယ်ဆိုတာ သိနေတော့သွေးပျက်နေတာမဆန်းပါဘူး

 

အချုပ်ဆိုရရင် နိုင်ငံတကာအရေးမှာ NUG အားကောင်းသထက်ကောင်းလာချိန်မှာ စကစဟာ အနုတ် ဇီရိုးဖြစ်လာသလို PDFတွေ အရှိန်တက်လာချိန်မှာ စကစတပ်တွေ အခြေအနေဆိုးသထက်ဆိုးလာနေပါတယ် ချင်း စစ်ကိုင်း ကယား ကို ဘယ်လိုစစ်ဆင်ရေးလုပ်လုပ် ပြည်သူနဲ့တည်ဆောက်ထားတာမို့ စကစထိန်းချုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး

ဘာလို့လဲဆိုတော့ ပြည်သူအားလုံး PDF ဖြစ်နေလို့ပါ စစ်ကိုအရှိန်မြှင့်တိုက်ရင် ဖြစ်လာမယ့်အကျိုးဆက်ကို စကစကပိုသိပါတယ် မြန်မာ့ပြည်တွင်းစစ်ဟာ တငွေ့ငွေ့လောင်နေတာပါ အချိန်မရွေး ဟုန်းဆိုထတောက်နိုင်ပါတယ် အဲ့လို တောက်ဖို့ကိုလဲ ဓတ်ဆီလောင်းပေးဖို့လဲ အဆင်သင့်ရှိနေပါတယ် လစ်ဗျားပုံစံတူလာပါတယ်

 

ဒါကို ငါတို့က စတန်းဒက်အာမီကွလို့ လုပ်နေလို့ကတော့ကမ္ဘာကအခုလို ဖော့ရိုးနဲ့ ဆုံးမနေမှာမဟုတ်တော့ပဲ ကြိမ်လုံးနဲ့အသေရိုက်သတ်ဖို့ လုပ်လာကြလိမ့်မယ်လို့ ပြောချင်ပါတယ်ဗျာ

မုဆိုး လက်🇺🇲