Articles Breaking News

စစ်ကောင်စီနှင့် နိုင်ငံတကာ စစ် သံအရာရှိများ အရေးကြီး အစည်းဝေးလုပ်နေ

စစ်ကောင်စီနှင့် နိုင်ငံတကာ စစ် သံအရာရှိများ အရေးကြီး အစည်းဝေးလုပ်နေ

 

 

 

စစ်ကောင်စီနှင့် နိုင်ငံတကာ စစ် သံအရာရှိများ အရေးကြီး အစည်းဝေးလုပ်နေ

နေပြည်တော်ရှိ စစ်ရုံးနယ်မြေ (Military Zone) ရှိ အဆောက်အဦတစ်ခုတွင် ရုရှား စစ်သံအရာရှိ၊ အိန္ဒိယ စစ်သံအရာရှိအပါအဝင် နိုင်ငံအချို့မှ စစ်သံအရာရှိများနှင့် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များ အရေးကြီး အစည်းအဝေးတစ်ခု လုပ်နေကြောင်း သိရသည်။

နေပြည်တော် ရွှေစံအိမ် ဟိုတယ်၊ Aureum Palace နှင့် Park Royal ဟိုတယ်တို့တွင် နိုင်ငံတကာ စစ်သံအရာရှိများနှင့် စစ်ဘက်ပိုင်းတာဝန်ရှိသူများ တည်းခိုနေခဲ့ကြပြီး ယနေ့ နေ့လယ်ပိုင်းတွင်မှ ရေဆင်းတက္ကသိုလ်အနီးရှိ စစ်ရုံးနယ်မြေသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။

ယနေ့ ညနေ ၆ နာရီခွဲဝန်းကျင်မှ စတင်ကာ အစည်းအဝေး စတင်ခဲ့ပြီး အစည်းအဝေးသို့ စစ်ကောင်စီ အာဏာလုခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခြင်း ရှိမရှိကိုမူ အတည်မပြုနိုင်ပေ။

Credit : Mratt Kyaw Thu

———–

စစ္ေကာင္စီႏွင့္ ႏိုင္ငံတကာ စစ္ သံအရာရွိမ်ား အေရးႀကီး အစည္းေဝးလုပ္ေန

 

ေနျပည္ေတာ္ရွိ စစ္႐ုံးနယ္ေျမ (Military Zone) ရွိ အေဆာက္အဦတစ္ခုတြင္ ႐ုရွား စစ္သံအရာရွိ၊ အိႏၵိယ စစ္သံအရာရွိအပါအဝင္ ႏိုင္ငံအခ်ိဳ႕မွ စစ္သံအရာရွိမ်ားႏွင့္ စစ္ေကာင္စီထိပ္ပိုင္းေခါင္းေဆာင္မ်ား အေရးႀကီး အစည္းအေဝးတစ္ခု လုပ္ေနေၾကာင္း သိရသည္။

ေနျပည္ေတာ္ ေ႐ႊစံအိမ္ ဟိုတယ္၊ Aureum Palace ႏွင့္ Park Royal ဟိုတယ္တို႔တြင္ ႏိုင္ငံတကာ စစ္သံအရာရွိမ်ားႏွင့္ စစ္ဘက္ပိုင္းတာဝန္ရွိသူမ်ား တည္းခိုေနခဲ့ၾကၿပီး ယေန႔ ေန႔လယ္ပိုင္းတြင္မွ ေရဆင္းတကၠသိုလ္အနီးရွိ စစ္႐ုံးနယ္ေျမသို႔ ေရာက္ရွိလာၾကျခင္းျဖစ္သည္။

ယေန႔ ညေန ၆ နာရီခြဲဝန္းက်င္မွ စတင္ကာ အစည္းအေဝး စတင္ခဲ့ၿပီး အစည္းအေဝးသို႔ စစ္ေကာင္စီ အာဏာလုေခါင္းေဆာင္ မင္းေအာင္လႈိင္ တက္ေရာက္ျခင္း ရွိမရွိကိုမူ အတည္မျပဳႏိုင္ေပ။