Articles

အကယ်ဒမီထူးချွန်ဆုကို ပထမဦးဆုံးဆွတ်ခူးရရှိခဲ့စဉ်က ငယ်ရွယ်နုပျိုပြီးလင်းလက်တောက်ပတဲ့အလှတရားတွေနဲ့ လှချင်တိုင်းလှနေတဲ့ အိနြ္ဒာကျော်ဇင်

အကယ်ဒမီထူးချွန်ဆုကို ပထမဦးဆုံးဆွတ်ခူးရရှိခဲ့စဉ်က ငယ်ရွယ်နုပျိုပြီးလင်းလက်တောက်ပတဲ့အလှတရားတွေနဲ့ လှချင်တိုင်းလှနေတဲ့ အိနြ္ဒာကျော်ဇင်

 

 

 

 

လက်ရှိမှာအသက်၄ဝကျော်အရွယ်ရှိနေပြီဖြစ်တဲ့ဝါရင့် သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့အသက်၂ဝကျော်ဝန်းကျင်အရွယ်ကပုံရိပ်တွေဟာလူမှုကွန်ယက်မှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။အနုပညာရှင်အဖြစ်နဲ့နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့ပြီးလက်ရှိမှာလည်းအမှန်တရားတစ်ခုအတွက်ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ရင်းအကျဉ်းကျ ခံနေရတာမို့သူမရဲ့ပရိသတ်တွေကသူမအတွက်အရမ်းကိုဂုဏ်ယူနေခဲ့ပါတယ်။

 

 

 

အကယ်ဒမီနှစ်ဆုထိထူးထူးချွန်ချွန်ဆွတ်ခူးနိုင်ခဲ့တဲ့ မင်းသမီးဟာသရုပ်ဆောင်ကောင်းရုံတင်မကဘဲရပ်တည်ချက်ပြတ်သားတဲ့ အာဂမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။အသက်အရွယ်ရလာလေပိုလှလာလေဖြစ်တဲ့သူမရဲ့နုပျိုမှုကတော့ အံ့မခန်းပါပဲ၊အသက်၄ဝကျော်အရွယ်ဟာအသက် ၂ဝကျော်အရွယ်နဲ့ထူးမခြားနားလှနေဖို့ဆိုတာ အတော်လေးမလွယ်ပါဘူး။

 

 

ငယ်ရွယ်စဉ်မှာGymကစားခဲ့ပေမယ့်လက်ရှိအသက်အရွယ်မှာတော့သူမကယောဂလေ့ကျင့်ခန်းကိုစနစ်တကျလေ့ကျင့်ရင်းကျန်းမာကောင်းမွန်တဲ့ ခန္ဓာကိုယ်ရနိုင်ဖို့ကြိုးစားနေခဲ့ပါတယ်၊အကျဉ်းကျခံ နေစဉ်မှာလည်းဘုရားတရားလုပ်ပြီးအေးအေးဆေးဆေးနေထိုင်နေကြောင်း၊

 

 

 

ကနဦးသတင်းတွေအရသိရပါတယ်။သူမရဲ့ပရိသတ်တွေကလည်း သူမနဲ့ခင်ပွန်းဖြစ်သူ ပြေတီးဦးတို့နှစ်ယောက်လုံးအမြန်ဆုံးလွတ်မြောက်စေဖို့ဆုတောင်းစကားတွေပြောခဲ့ကြပါတယ်၊

 

 

 

ပရိသတ်တွေချစ်တဲ့မင်းသမီးအဖြစ်နဲ့ရပ်တည်လာခဲ့ပြီးလက်ရှိအချိန်ထိလည်းသူမရဲ့ရပ်တည်ချက်ကို လုံးဝမပြောင်းလဲဘဲသိက္ခာရှိရှိ အကျဉ်းကျခံနေတဲ့ အာဂအမျိုးသမီးမို့ပရိသတ်တွေကပိုပြီးအချစ်တိုးတဲ့အကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ်။

 

 

 

 

သူမရဲ့ပထမဆုံးအကယ်ဒမီဆုကို၂၀၀၄ခုနှစ်မှာဆွတ်ခူးနိုင်ခဲ့ပြီးကြိုးစားမှုရဲ့ရလာဒ်အတွက်ပီတိဖြစ်နေတဲ့အူဝဲရဲ့ပုံရိပ်တွေကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။