Celebrity celebrity news

ကွယ်လွန်သွားတဲ့ (၁၂)ရက်သမီးလေးတွက် ရန်ကင်းဆေးရုံမှာ ကုသိုလ်ပြုလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ကွယ်လွန်သွားတဲ့ (၁၂)ရက်သမီးလေးတွက် ရန်ကင်းဆေးရုံမှာ ကုသိုလ်ပြုလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

 

 

 

ပရိသတ်ကြီးတို့ရေ ပရဟိတ သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်း‌ဝေကတော့ ကပ်ရောဂါဆိုးကြီးကြောင့် ပြည်သူများ ကြုံတွေ့ခံစားနေရတဲ့ အောက်ဆီဂျင် အခက်အခဲတွေ၊အလုပ်တွေ

ရပ်နားထားရလို့ ရင်ဆိုင်နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ သဘာဝဘေးကြောင့် ရေဘေးသင့်ပြီး ကြုံတွေနေရတဲ့ အခက်အခဲတွေကိုပါ

 

 

 

စိတ်အားတက်ကြွစွာနဲ့ ပါဝင်ကူညီပေးနေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်း ဦးစီးကာ အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်မဲ့နေတဲ့ ကလေးငယ်လေးတွေအတွက် မိခင်ရင်းနဲ့မခြား ပြုစုစောင့်ရှောက်မှုတွေ

 

 

 

ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက်မှာလည်း အောက်ဆီဂျင်အိုးတွေအပြင် အခြားလိုအပ်တာတွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။

 

 

ဒါအပြင် (၇)ရက်သားသမီးတွေနဲ့အတူ စုပေါင်းကာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် လိုအပ်နေတာများကိုလည်း ဖြည့်ဆည်းကူညီပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

ယခုအခါမှာလည်း မင်းသမီး ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ယက်မှာ အခုလိုပဲမျှဝေလာခဲ့ပါတယ်။”ကွယ်လွန်သွားသော (၁၂)ရက် သမီးလေး

 

 

အပါအဝင် ဘဝတပါး ကူးပြောင်းသွားသော ခုနှစ်ရက် သားသမီးများအား ရည်စူး၍ ရန်ကင်း ကလေးဆေးရုံကြီးမှာ လူပေါင်း (၅၀၀)စာအတွက်

နို့ခေါက်ဆွဲများ လှူဒါန်းပေးခဲ့ပါတယ်ရှင်..အမျှဝေ ဆုတောင်း မေတ္တာပို့ပြီး ပြုပြုသမျှ ကုသိုလ်တို့အား ခုနှစ်ရက် သားသမီးများ အားလုံး သာဓု ခေါ်ဆိုနိုင်ကြပါရန် ဝေမျှ ပေးပါတယ်

 

 

ထပ်တူ ရရှိကြပါစေရှင်..🙏🙏🙏”ဆိုပြီးတော့ ရေးသားလာခဲ့တာပါ။မေမေခိုင်နှင်းဝေနဲ့ သားသား မီးမီးလေးတို့ကို ချစ်ခင်ပေးကြတဲ့ ပရိသတ်ကြိီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။