Articles Breaking News

စစ်ကောင်စီကြောင့် ကယားတွင် ခရစ်ယာန်ကျောင်း ပျက်စီးမှုမှာ ၅ ကျောင်းရှိပြီ ဟုဆို

စစ်ကောင်စီကြောင့် ကယားတွင် ခရစ်ယာန်ကျောင်း ပျက်စီးမှုမှာ ၅ ကျောင်းရှိပြီ ဟုဆို

 

 

 

ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၁

 

ကယားပြည်နယ်တွင်း အာဏာသိမ်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်များကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြားတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်များကြောင့် ထိခိုက်ပျက်စီးသည့် ခရစ်ယာန် ဘုရားကျောင်းမှာ ၅ ကျောင်းရှိပြီဟု Radio Veritas Asia Myanmar က သတင်းထုတ်ပြန် ရေးသားထားသည်။

 

 

အာရှ သမ္မာတရား အသံလွှင့်ဌာန (Radio Veritas Asia Myanmar -RVA) သည် ကမ္ဘာတလွှားရှိ ကတ်သလစ် အသင်းတော်များ၊ ကတ်သလစ် သာသနာပြု နယ်မြေများရှိ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ သတင်းများကို ထုတ်လွှင့်နေသည့် ကတ်သလစ် ရေဒီယိုအစီအစဉ်တခု ဖြစ်သည်။

 

 

အောက်တိုဘာ ၁၃ ရက်၊ နေ့လယ် ၂ နာရီတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်များ ပစ်ခတ်ခြင်းကြောင့် ကယားပြည်နယ်၊ ဖရူဆိုမြို့အတွင်းရှိ ကတ်သလစ်ဘုရားကျောင်း ထိမှန်ပျက်စီးမှုများ ရှိခဲ့ပြီး ထိုကျောင်းသည် လွိုင်ကော်မြို့မှ မိုင် ၂၀ ခန့် ကွာဝေးသည့် နေရာတွင် တည်ရှိသည့် Immaculate Conception Church ဖြစ်သည်ဟု RVA က ရေးသားထားသည်။

 

 

 

ဖရူဆိုမြို့တွင် ထိခိုက်ပျက်စီးသွားသည့် ကျောင်းသည် ကယားပြည်နယ်တွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ပျက်စီးသည့် ၅ ကျောင်းမြောက် ဘုရားကျောင်း ဖြစ်သည်ဟုလည်း RVA က ရေးသားထားသည်။

 

 

ပုံစာ – လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် ဖရူဆိုမြို့က ဘုရားကျောင်း (ဓာတ်ပုံ – CJ )

#WhatsHappeningInMyanmar
#RejectMilitaryCoup