Articles

ပလိပ်မြို့အထွက်တွင် ရထား မိုင်းခွဲ တိုက်ခိုက်ခံရ

ပလိပ်မြို့အထွက်တွင် ရထား မိုင်းခွဲ တိုက်ခိုက်ခံရ

 

 

ဧရာဝတီ၊ အောက်တိုဘာ ၁၄၊ ၂၀၂၁

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ပလိပ်မြို့အနီးတွင် ယနေ့ မနက်ပိုင်းက ရထားတစင်း မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း ပုလိပ်မြို့ခံတဦးက ပြောသည်။

ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းပေါ်ရှိ ပုလိပ်မြို့မှ စဉ့်ကိုင်မြို့ဘက်သို့အသွား ပလိပ်မြို့အထွက်ရှိ ပေါ်တော်မူဘုရားအနီးတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး၊ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် ထိခိုက်မှုရှိကြောင်း ကြားသိရသော် လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောသည်။

၎င်းက “သေဆုံး ဘာညာ အတိအကျတော့ မသိရသေးဘူး၊ မြို့အထွက်နားတင်ဆိုတော့ သွားလည်း မကြည့်ရဲသေးဘူး။ အဓိကတော့ စစ်ကောင်စီတပ်တွေရဲ့ ရိက္ခာပို့လမ်းကြောင်းပါ၊ ခရီးသည် ရထားပေမယ့် ခရီးသည်တွေ မပါပါဘူး။ လုံခြုံရေး လိုက်လာတဲ့သူတွေကြီးပါပဲ” ဟု ပြောသည်။

ယခု တိုက်ခိုက်မှုသည် ကျောက်ဆည်ခရိုင်အတွင်း မီးရ ထားခရီးစဉ်များအား သုံးကြိမ်မြောက်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီယန္တရား ဆက်လည်ပတ်နိုင်ရေးအတွက် ဆက်လက်ပြေးဆွဲနေသည့် ရထားများအား တိုက်ခိုက်မည် ဖြစ်ကြောင်းလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သတိပေးထားသည်။

 

ယနေ့မနက် ဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို အသေးစိတ်အခြေ အနေ မသိရသေးကြောင်း ကျောက်ဆည်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(KPDF)က ပြောဆိုထားသည်။

ပြီးခဲ့သည် အောက်တိုဘာ ၅ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း မန္တလေးမှ ရန်ကုန်သို့ စုန်လာသည့် ရထားတစင်းအား ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တောင်ဘက်အထွက် စမာတံတား(ရထားလမ်း)အနီးတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အတွက် တွဲဆိုင်းနှစ်ခုပျက်စီးခဲ့ကြောင်း မြစ်သားမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

 

စစ်ကောင်စီ၏ယန္တရားများ ရပ် တန့်ရေးအတွက် ရည် ရွယ်ကာ သတိပေးခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိဘဲ ဆက်လက်သွားလာသည့် ရထားများအား ဖောက်ခွဲဖျက် ဆီးသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုထားသည်။

စက်တင်ဘာ ၁၉ ရက် မနက် ၇ နာရီခွဲခန့်ကလည်း ကျောက်ဆည်မြို့မြောက်ဘက် တောမတက္ကသိုလ်အနောက်ဘက် ပတ္တာရွာအနီးရှိ ရထားသံလမ်းပေါ်တွင် မန္တလေးမှ နေပြည်တော်/ရန်ကုန်သို့ မောင်းနှင်လာသည့် စစ်ကောင်စီထောက်ပို့ရထားအား ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF (KDA)) က မိုင်းခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။

 

ယင်းတိုက်ခိုက်မှုတွင် ရထားဦးခေါင်းပိုင်းနှင့်ကပ်လျက် တွဲ ၂ တွဲ ပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်သေဆုံးမှု ရှိမရှိ အသေးစိတ်မသိရှိခဲ့ကြောင်းလည်း KPDF က ထုတ်ပြန်ခဲ့သည်။

 

ပုံစာ – ပြီးခဲ့သည့်လက ကျောက်ဆည် ပတ္တာရွာအနီး ရထားမိုင်းခွဲခံရမှု ဖြစ်ပွားခဲ့စဉ်

(ဓာတ်ပုံ – CJ)
#WhatsHappeningInMyanmar
#RejectMilitaryCoup