Articles LocalNews

၂၁ရာစုရဲ့ အပြင်းထန်းဆုံးသော မြန်မာနိုင်ငံပြည်တွင်းစစ်ကြီး ဖြစ်လာတော့မှာလား

၂၁ရာစုရဲ့ အပြင်းထန်းဆုံးသော မြန်မာနိုင်ငံပြည်တွင်းစစ်ကြီး ဖြစ်လာတော့မှာလား

 

 

 

 

၂၁ရာစုရဲ့ အပြင်းထန်းဆုံံးသော မြန်မာနိုင်ငံပြည်တွင်းစစ်ကြီး ဖြစ်လာတော့မှာလား

အခု မြန်မာ ပျောက်ကျားစစ်ပွဲကို ဗီယက်နမ် နဲ့ ယှဉ်ပြောနေကြတာဟာ လွဲနေတာတော့ အမှန်ပဲ။ဗီယက်နမ် စစ်ပွဲဟာ မြောက်ဗီယက်နမ်လို အစိုးရတစ်ရပ်က တောင်ဗီယက်နမ်နိုင်ငံထဲကို တင်သွင်းလာတဲ့ နိုင်ငံချင်း ဖြစ်တဲ့စစ်ပါ။

ကွန်မြူနစ်တွေ ဝါဒဖြန့် သိပ်တော်တာကော အခုခေတ်လို အချက်အလက်ပြန်စစ်နိုင်တဲ့ Social media မရှိတာကော တွေကြောင့် သတင်းမှန်မသိကြတဲ့သူတွေက တော်လှန်ရေး စစ်ပွဲလို့တောင် အထင်မှားခဲ့ကြတာပါ။

 

 

 

အမေရိကန် ရှုံးပြီးပြေးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အခု ဖြစ်နေတဲ့ မြန်မာပွဲ နဲ့ အခြေခံကိုက မတူပါဘူး။ ကွန်မြူနစ် အုပ်ချုပ်တဲ့ မြောက်ဗီယက်နမ် နဲ့ အမေရိကန် ထောက်ခံတဲ့ တောင်ဗီယက်နမ် ၂ ခုလုံးက

အမေရိကန်ကို မုန်းတဲ့ ဗီယက်နမ် လူမျိုးရဲ့ ရာခိုင်နှုန်းဟာ ၇၀ ရာခိုင်နှုန်းကျော်ဖို့တောင်မလွယ်ပါ။ မြန်မာမှာက ၉၅ ရာခိုင်နှုန်းလောက်က မအလတို့ကို မုန်းတာပါ။ ဘာသာ၊ လူမျိုးစုံက မုန်းတယ်ဆိုတာထက်

လူတန်းစား အလွှာစုံကကို မုန်းတာပါ။ ဒီအချက်က တော်လှန်ရေးတစ်ခုမှာ သိပ်တာသွားတဲ့ အချက်ပါ။မြန်မာပျောက်ကျားစစ်က လူထုထောက်ခံမှုများခဲ့တဲ့ တရုတ် ပျောက်ကျားစစ်နဲ့ ပိုတူပေမယ့်လည်း မြန်မာပျောက်ကျား ခေါင်းဆောင်တွေက မော်စီတုံးထက် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးမှာ ပိုသာပါတယ်။

 

 

 

အခု PDF တွေ အဝေးထိန်းနဲ့ မိုင်းခွဲတာက အီရတ်သူပုန်တွေက အမေရိကန်တွေက်ု တိုက်ခဲ့တာနဲ့တော်တော်တူတာပါ။ အီရတ်သူပုန်တွေကို အီရတ်လူထုက ထောက်ခံမှုက နည်းတာကော အမေရိကန်က နည်းပညာနဲ့ ပြန်ကာကွယ်နိုင်တာကောကြောင့် နောက်ဆုံး အီရတ်သူပုန်တွေပဲ ရှုံးခဲ့ပါတယ်။

မြန်မာမှာက PDF ကို လူထုထောက်ခံမှုက အရမ်းကြီးမားသလို မအလတို့ကလည်း အမေရိကန်လို ငွေကော၊ နည်းပညာကော အားမကောင်းပါ။ အဲ့ဒါကြောင့် ဒီပွဲ ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းရလွယ်တာပါ။

 

 

 

မအလလေတပ်ကိုစိုးရိမ်သူများကိုပြောချင်တာက ခံတပ်မရှိတဲ့ ပျောက်ကျားစစ်မှာ လေတပ်ဟာ အသုံးမဝင်ပါ။ အထက်က သုံးနိုင်ငံလုံးနဲ့ ယှဉ်ကြည့်ရင် အခု မြန်မာ့ပျောက်ကျားစစ်ပွဲဟာ နောင်တချိန်မှာ နိုင်ငံတကာက စစ်ကျောင်းတွေရဲ့ သင်ခန်းစာတွေထဲအထိ သမိုင်းတွင်မယ့် စစ်ပွဲ ဖြစ်လာနိုင်ချေများပါတယ်။

အဲ့လိုဖြစ်ဖို့ကော မအလတို့ကို ဇတ်သိမ်းဖြစ်ဖို့ကကော ကျနော်တို့ တစ်နိုင်ငံလုံးရဲ့ စည်းလုံးမှုကို ဆက်ထိန်းနိုင်ဖို့လိုပါတယ်။

 

 

Crd.. ဒေါက်တာကျော်ကျော်လင်း