Articles

ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ခဲ့သူ တပ်မတော် အရာရှိတစ်ဦး

ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ခဲ့သူ တပ်မတော် အရာရှိတစ်ဦး

 

 

 

ကျွန်တော်က ပြည်သူ့ဘက်တော်သားအဖြစ်ရပ်တည်ခဲ့သူ တပ်မတော် အရာရှိတစ်ဦးဖြစ်ပါတယ် ။

ကျွန်တော်တို့ တိုင်းပြည်ဟာ သဘာဝဘေး၊ ကပ်ရောဂါဘေးတွေ ကို ခံစားနေကြရတဲ့အပြင် လူကြောင့်ဖြစ်တဲ့ဘေးဒဏ်ကိုလဲ စစ်အာဏာသိမ်းမှုကြောင့် ဘဝတွေ ခက်ခဲဆိုးဝါးလာခဲ့ကြရတယ်။

 

ဒီလိုဆိုးဝါးတဲ့အခြေအနေတွေများစွာထဲက ကျွန်တော်တို့ရဲ့ အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေဟာ မိမိအိုးအိမ်တွေကိုစွန့်ပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ ဖြစ်ခဲ့ကြရတယ်။

အခုပြည်သူအားလုံးခံစားနေရတဲ့ ဒုက္ခတွေအားလုံးဟာ စကစရဲ့အသိဉာဏ်မဲ့အကြမ်းဖက်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပါတယ်။

 

 

 

အခုလှုပ်ရှားမှုဟာ ပြည်သူတွေအားလုံး အာဏာရှင်ကြောင့် စစ်ဘေးဒဏ်ခံစားနေရတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ပြီးကူညီသွားမှာ ဖြစ်တဲ့အတွက် ဒီကမ့်ပိန်း ကို ပါဝင်ရခြင်းဖြစ်ပါတယ် ။

မြန်မာနိုင်ငံမှာရှိတဲ့ ကချင်ပြည်နယ် နှင့်တကွ ဒေသအသီးသီးမှ စစ်ဘေးရှောင်ပြည်သူတွေနဲ့အတူရှိနေပြီးတစ်ထောင့်တစ်နေရာမှာ ပါဝင်ကာ စာနာထောက်ထား အားပေးကူညီမှုတွေလုပ်နေပါတယ် ။

မြန်မာပြည်သူများဘေးကင်းပါစေ။

ချစ်ရပါသောပြည်သူ့တပ်မတော် PDF သူရဲကောင်းများဘေးကင်းပြီး တိုက်ပွဲတိုင်းအထိအခိုက်မရှိအောင်မြင်ပါစေ ။

အရေးတော်ပုံအမြန်ဆုံးအောင်မြင်ပါစေ

Source – Khant Ko – Captain Zero’s Facebook

————-


 

 

 

 


 


 



 

 

 

 





#OnlyTogether
#DRRDay2021Myanmar
#StopManmadeDisasterinMyanmar

Only together, Can we save the planet!
Only together, Can we win the democracy!
