Articles sports

ယူနိုက်တက် အသင်းဖော်တွေအနက် BEST FRIEND ဘယ်သူလဲ ၊ ဘယ်သူ့ကို အလေးစားဆုံးလဲ ၊ ထိုးကြိတ်ခဲ့ဖူးတဲ့ အသင်းဖော် အကြောင်းတွေကို ဖွင့်ချလိုက်တဲ့ အီဗရာ

ယူနိုက်တက် အသင်းဖော်တွေအနက် BEST FRIEND ဘယ်သူလဲ ၊ ဘယ်သူ့ကို အလေးစားဆုံးလဲ ၊ ထိုးကြိတ်ခဲ့ဖူးတဲ့ အသင်းဖော် အကြောင်းတွေကို ဖွင့်ချလိုက်တဲ့ အီဗရာ

 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ပတ်ထရစ် အီဗရာက သူနဲ့အသင်းဖော်ဟောင်းဖြစ်သူ နီမန်ဂျာ ဗီဒစ် တို့ဟာ ရုန်းကန်ခဲ့ရတဲ့ ရက်စွဲတွေကို အတူ ပိုင်ဆိုင်ပြီး အတူတကွ ရုန်းထွက်နိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ခဲ့ကြကြောင်း ထုတ်ဖော် ပြောကြားခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ခံစစ်ကစားသမားဟောင်း နှစ်ဦးဖြစ်ကြတဲ့ အီဗရာနဲ့ ဗီဒစ် တို့ဟာ 2006 ဇန်နဝါရီ အပြောင်းအရွှေ့တုန််းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ 5 ရက်သာ ခြားပြီး ကိုယ်စီရောက််ရှိ လာခဲ့သူတွေ ဖြစ်ခဲ့ကြပါတယ် ။ ဗီဒစ်ဟာ စပါးတပ် မော်စကိုမှ ရောက်လာတာ ဖြစ်ပြီး အီဗရာကတော့ မိုနာကို အသင်းမှ ရောက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

 

သူတို့ နှစ်ဦးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အတူ တွဲဖက် ကစားခဲ့ကြတဲ့ 12 နှစ်တာ အချိန်ကာလ အတွင််း 2008 ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားတွေ အများကြီး ဆွတ်ခူးနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ သူတို့ နှစ်ဦးရဲ့ ယူနိုက်တက် ကစားသမား ဘဝ အစပိုင်းက မလှပခဲ့ပါဘူး ။

 

 

အခုတော့ အီဗရာက Maui Jim နဲ့ ပြုလုပ်ခဲ့တဲ့ အမေးအဖြေ ကဏ္ဍမှာ သူနဲ့ ဗီဒစ်တို့ဟာ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ အရံအသင်းမှာ စတင်ကစားခဲ့ရပြီး အဖွင့်ပွဲမှာပဲ ပုံစံကောင်းမပြနိုင်ခဲ့ကြတဲ့အတွက် နှစ်ဦးလုံးလူစားလဲခံခဲ့ရကြောင်း ၊ အတူ ရုန်းကန်ခဲ့ရကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ တူညီတဲ့ အချိန် တစ်ခုမှာပဲ မန်ချက်စတာကို ရောက်ခဲ့ကြပြီး အတူတကွပဲ ရုန်းကန်ခဲ့ကြရပါတယ် ။ ကျွန်တော် မှတ်မိနေပါသေးတယ် ၊ သူနဲ့ ကျွန်တော်တို့ဟာ ဟော်တယ် တစ်ခုထဲမှာပဲ နေခဲ့ကြရပြီး ယူနိုက်တက်မှာ စတင််ပုံလည်း အတူတကွပဲ ဆိုးရွားခဲ့ကြရပါတယ် ”

 

” အဲ့ဒီတုန်းက မန်နေဂျာဟာ အရံအသင်းမှာ သွားကစားဖို့အတွက် ကျွန်တော်တို့ကို စေလွှတ်ခဲ့ပြီး ရီနီ မြူလန်စတင််းက ကိုင်တွယ် နည်းပြခဲ့တာပေါ့ဗျာ ။ ပွဲကစားချိန် 45 မိနစ််ပဲ ရှိပါသေးတယ် ၊ သူ ကျွန်တော်တို့ကို လူစားလဲ သွားခဲ့ပါတယ် ။ အရံအသင်းအတွက် ကစားပေးခဲ့တာတောင် လူစားလဲခံခဲ့ရတာပေါ့ဗျာ ”

 

 

” အဲ့တာနဲ့ အဝတ်လဲခန်းထဲမှာ ဗီဒါက ‘ ငါ့ အေးဂျင့် ဖုန်းခေါ်တယ် ၊ ငါ (စပါးတပ်) မော်စကိုကို ပြန်သွားဖို့ လိုအပ်ပြီ ထင်တယ် ‘ လို့ စိတ်ပျက်စွာ ပြောခဲ့ပါတယ် ။ ကျွန်နော်ကလည်း ‘ ငါ့ အေးဂျင့်ရော ဖုန်းခေါ်ပြီး ရိုးမားအသင်းက စိတ်ဝင်စား နေတယ်လို့ ပြောနေတယ်ကွာ ၊ ဒီမှာ တကယ်ပဲ ခက်ခဲတယ် ‘ လို့ ပြန်ပြောဖြစ်ခဲ့ပါတယ် ”

” ကျွန်တော်တို့ အတူတကွပဲ ရုန်းကန်ခဲ့ကြရပါတယ် ။ ဒါ့ကြောင့်လည်း ကျွန်တော်ဟာ ဗီဒါအပေါ်မှာ လေးစားသမှုတွေ အများကြီး ထားရှိနေခဲ့တာပါ ” လို့ အီဗရာက အတူ ရုန်းကန် ၊ အတူတကွ ကြိုးစားရင်း စီနီယာ အသင်းအတွက်် အရေးပါတဲ့ ကစားသမား အတူတကွ ဖြစ်နိုင်ခဲ့တဲ့ အသင််းဖော်ကို လေးစားကြောင်း ပြောပြသွားခဲ့ပါတယ် ။

 

ဒါပေမဲ့ လေးစားသမှု ရှိကြတဲ့ သူတို့ နှစ်ဦးဟာ ရန်ဖြစ်ခဲ့တဲ့နောက် တစ်ဦးနဲ့ တစ်ဦး သုံးလအထိ စကား မပြောခဲ့ပဲ နေခဲ့ကြပါသေးတယ် ။ အဲ့ဒီအချိန်တုန်းက ဆာ အဲလက်စ် ဖာဂူဆန် ကိုယ်တိုင်က ဗီဒစ်ကို နေရာပြောင်းခဲ့ပြီး ဖာဒီနန်ကို ဗဟိုခံစစ် ဘယ်ဖက် အခြမ်းမှာထား ကစားခဲ့စေခဲ့တာ ဖြစ်ကြောင်း အီဗရာက ဖွင့်ဟခဲ့လိုက်ပါတယ် ။

 

 

” ရိုးရိုးသားသား ပြောရရင် သူနဲ့ ကျွန်တော် ထိုးကြိတ်ခဲ့ကြပါသေးတယ် ။ အဲ့ဒီနောက် သုံးလလောက်အထိ တစ်ဦးကို တစ်ဦး စကားလည်း မပြောဖြစ်ခဲ့ကြပါဘူး ။ ကျွန််တော်တို့ အတူ ကစားခဲ့ကြပေမဲ့ စကား တစ်ခွန်းတောင် မပြောခဲ့ကြပါဘူး ။ မင်းလစ်လိုက် ၊ ညာဖက်မှာသွားကစား ဆိုပြီး သူ့ကို ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး ”

 

” သူလည်း အတူတူပါပဲ ။ အဲ့ဒီနောက် ဖာဂူဆန်က ဖာဒီနန်ကို ဘယ်ဗဟိုခံစစ် နေရာကို ပို့ခဲ့ပြီး ကျွန်တော်နဲ့ အတူ တွဲဖက် ကစားစေခဲ့ပါတယ် ။ ဒါပေမဲ့ သုံးလလောက်ကြာပြီး ပွဲတစ်ပွဲ ကစားပြီးချိန် အဝတ်လဲခန်းထဲ ရောက်လာခဲ့တဲ့နောက် သူ ကျွန်တော့်ကို လက်ချင်းရိုက် နှုတ်ဆက်ခဲ့တာ ကျွန်တော် မှတ်မိပါသေးတယ် ”

 

 

” အဲ့ဒီကျမှပဲ အသင်းဖော် အားလုံးက ‘ နောက်ဆုံးတော့ သူတို့ အဆင်ပြေသွားကြပြီ ‘ ဆိုပြီး သက်ပြင်းချနိုင်ခဲ့ကြပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နဲ့ ဗီဒါ တို့က အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေခဲ့ကြလို့ပါပဲ ။ ကျွန််တော်တို့ အကြားမှာ နက်ရှိုင်းတဲ့ ခင်မင်မှု story တွေ ရှိနေခဲ့ပါတယ် ။ ကျွန်တော် သူ့ကို တကယ်ပဲ ချစ်ပါတယ် ”

 

 

 

” ကျွန်တော်တို့တွေ အတူတကွ ရုန်းကန်ခဲ့ကြရပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ကြား စစ်မှန်တဲ့ ခင်မင်မှု ၊ ကြိုးစားချင်စိတ်တွေ ရှိခဲ့ပါတယ် ။ ကျွန်တော်တို့ တစ်ခုခု မှားရင် ငြင်းခုန်ခဲ့ကြတာချည်းပါပဲ ။ အဲ့တာတွေကပဲ ကျွန်တော်တို့ကြား ခမ်းနားတဲ့ ဆက်ဆံရေး ဖြစ်ပေါ်စေခဲ့ပါတယ် ” လို့ အီဗရာက ထုတ်ဖော် ပြောကြားခဲ့လိုက်ပါတယ် ။