Articles sports

ဆိုးလ်ရှားအတွက် အဓိကကျတဲ့ ပြသနာနှစ်ခုကို ထုတ်ပြောလိုက်ပြီး ဖလားဆွတ်ခူးဖို့ ဘယ်အသင်းက ရေပန်းအစားဆုံးလဲဆိုတာပါ ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

ဆိုးလ်ရှားအတွက် အဓိကကျတဲ့ ပြသနာနှစ်ခုကို ထုတ်ပြောလိုက်ပြီး ဖလားဆွတ်ခူးဖို့ ဘယ်အသင်းက ရေပန်းအစားဆုံးလဲဆိုတာပါ ပြောပြလိုက်တဲ့ ဂယ်ရီ နဗီးလ်

 

 

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစား သမားဟောင်း တစ်ဦးဖြစ်တဲ့ ဂယ်ရီ နဗီးလ် က အသင်းဟောင်းအနေနဲ့ လက်ရှိ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားနဲ့ အတူ ဆက်လက် လက်တွဲနေခဲ့တာက မှန်ကန်တယ်လို့ ယုံကြည််ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့လိုက်ပါတယ် ။

 

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာသွားတဲ့နောက် လျော့တိလျော့ရဲ ဖြစ်ခဲ့တဲ့ အသင်းကို ကိုင်တွယ်ဖို့ ထိပ်တန်း နည်းပြ သုံးဦးအထိ ခေါ်ယူခန့်အပ်ခဲ့ပေမဲ့ မအောင်မြင်တဲ့နောက် ကစားသမားဟောင်း ဖြစ်သူ ဆိုးလ်ရှားကို ယာယီ နည်းပြ အဖြစ် ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

ဆိုးလ်ရှားဟာ ယာယီ နည်းပြ ဘဝမှာတော့ ရလဒ်တွေ ကောင်းမွန်ခဲ့ပြီး အမြဲတမ်း နည်းပြ ဖြစ်လာခဲ့ပေမဲ့ ကိုင််တွယ်ခဲ့တဲ့ 3 နှစ် နီးပါး အချိန်ကာလအတွင်းမှာ ဆုဖလား အောင်မြင်မှု ဇီးရိုးသာ ဖြစ်နေဆဲပါပဲ ။ ဒါ့ကြောင့် သူ့ကိုပါ ထုတ်ပယ်ပစ်လိုက်ဖို့ ပရိသတ်တွေက တောင်းဆိုနေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

 

 

ဒါပေမဲ့ ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေကတော့ နော်ဝေသားနည်းပြကို ဆက်လက်ထောက်ခံခဲ့ကြပါတယ် ။ အခုတော့ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ရကြောင်း ထောက်ခံံသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

 

” အကယ်လို့ အိုလီ ကသာ ဆာ အဲလက်စ် ထားရစ်ခဲ့တဲ့ လျော့တိလျော့ရဲ အသင်းကို ကိုင်တွယ်ရသူ ဖြစ်ခဲ့မယ်ဆိုရင် အထုတ်ခံပြီးနေလောက်ပါပြီ ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြတွေကို ထုတ်ပြီး ရလဒ် မကောင်းတဲ့ အတွေ့အကြုံ ပိုင်ဆိုင်ခဲ့ဖူးပြီ ဖြစ်တဲ့အတွက် အိုလီဟာ အခုထိ ထောက်ခံမှု ရရှိနေခဲ့တာပါ ”

 

 

” အသင်းဖက်က သူ့ရဲ့ ရေရှည်စီမံကိန်းအပေါ် ယုံကြည်မှု ပေးခဲ့ပါတယ် ။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုပဲလို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နည်းပြပြောင်းပြီး ရလဒ်ဆိုးတဲ့ အတွေ့အကြုံ သူတို့ ရခဲ့ပြီးပြီလေ ။ အဲ့တာက ငွေကြေးတွေလည်း အများကြီး ဆုံးရှုံးစေခဲ့ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ပြောလိုက်ပါတယ် ။

 

အဲ့ဒီနောက် အချိန် 3 နှစ်နီးပါး ကိုင်တွယ်ပြီးချိန်မှာတော့ ကွင်းအတွင်း စွမ်းဆောင်ရည် တိုးတက်သင့်ပြီဖြစ်ကြောင််း ၊ ရော်နယ်ဒို ရောက်လာခဲ့တဲ့ အတွက် ဆုဖလား ယူပြမလား ၊ မယူနိုင်ဘူးလားဆိုတာ သဲသဲကွဲကွဲ အဖြေထုတ်ရတော့မဲ့ အချိန်ကျရောက်လာပြီဖြစ်ကြောင်း အဓိက ပြသနာ နှစ်ခုကို နဗီးလ် က ဆက်လက် ထောက်ပြသွားခဲ့လိုက် ပါတယ် ။

 

 

” ကျွန်တော် အခု တွေးနေတာက… အချိန် သုံးနှစ်ရှိပါပြီ ၊ ဒါက အိုလီ အတွက်တော့ သုံးရာသီမြောက် အသင်းကို ကိုင်တွယ်ရခြင်းပါ ။ စွမ်းဆောင်ရည်တွေက တိုးတက်နေသင့်ပါပြီ ။ အခုတော့ အိုလီ ကြုံတွေ့ရတော့မဲ့ ပြသနာက ရော်နယ်ဒို ရောက်လာတဲ့ အသင်းကို ဆုဖလား ယူပေးနိုင်မလား ၊ မယူပေးနိုင်ဘူးလား ဆိုတာပါပဲ ”

 

” ရော်နယ်ဒို ရှိနေရင် ခင်ဗျား နိုင်ရပါ့မယ် ။ ဖလား တစ်ခုလောက်တော့ ယူပြရပါ့မယ် ။ သူက ဖလား တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ၊ လေးလုံး မယူပြဖို့ ဒီကို ရောက်လာခဲ့တာ မဟုတ်ပါဘူး ။ ဒုတိယ အချက်ကတော့ စွမ်းဆောင်ရည်တွေ ညံ့နေဆဲဆိုတာပါပဲ ”

 

 

” ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေကပဲ ပေါလ် စခိုးလ်က ယူနိုက်တက်ဟာ အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်တွေမှာတောင် အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့တယ်လို့ မထင်မိဘူး ဆိုပြီး ပြောဆိုခဲ့ပါသေးတယ် ”

 

” အကယ်လို့ ထိပ်သီ အသင်း… စီးတီး ၊ လီဗာပူး ၊ ချဲလ်ဆီး အသင်းတွေရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ရှုလိုက်မယ်ဆိုရင် စခိုလီ ပြောခဲ့တာကို ကျွန်တော် ငြင်းချင်မိပါတယ် ။ ကျွန်တော့်အတွက်တော့ ချဲလ်ဆီးကပဲ ဆုဖလားကို အစိန်ခေါ်နိုင်ဆုံး အသင်းပါပဲ ” လို့ နဗီးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။