လေလံဆွဲပြီး လှူပေးပါဆိုတဲ့ ကိုကျားပေါက်ရဲ့ UKulele ဂစ်တာလေးကို စတင်လေလံဆွဲ ရောင်းချပေးနေပြီဖြစ်တဲ့ ပန်ဆယ်လို
လေလံဆွဲပြီး လှူပေးပါဆိုတဲ့ ကိုကျားပေါက်ရဲ့ UKulele ဂစ်တာလေးကို စတင်လေလံဆွဲ ရောင်းချပေးနေပြီဖြစ်တဲ့ ပန်ဆယ်လို
ကိုကျားရဲ့ Ukulele ဂစ်တာပေါ်မှာ Doodle Art ဆွဲထားတဲ့လက်ရာပိုစ့်ကို မြင်တော့ ဟာကွာ… ကြိုက်လိုက်တာ၊ လိုချင်လိုက်တာပေါ့။ သိပ်မကြာဘူး… ကိုယ့်ဆီရောက်လာတယ်။ လက်ဆောင်တော့ မဟုတ်ဘူး၊ ပန်ဆယ်လိုရေ… လေလံဆွဲပြီး လှူပေးကွာတဲ့။ ?
ကိုကျားရဲ့ ဒီလက်ရာလေးကို လေလံဆွဲပြီး ရရှိငွေအားလုံးကို NUG အစိုးရထံ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ လေလံအောင်သူအလှူရှင်ထံလည်း NUG မှ အသိအမှတ်ပြုအလှူရှင်မှတ်တမ်း ပြန်လည်ပေးပို့သွားမှာ ဖြစ်ပါတယ်။ အနုပညာပစ္စည်းလေးကိုလည်း ကမ္ဘာရဲ့ မည်သည့်နေရာဖြစ်စေ၊ ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ လုံခြုံစိတ်ချစွာ ပေးပို့ပေးသွားမှာ ဖြစ်ပါတယ်။
လေလံချိန်ကို ယခုမှ အစပြုပြီး မနက်ဖြန် တနင်္ဂနွေည (၉)နာရီမှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ ကောမန့်တွင်ဖြစ်စေ၊ လုံခြုံရေးအရ မက်ဆင်ဂျာမှ ဖြစ်စေ လေလံဈေးပေးနိုင်ပါတယ်။ ကြမ်းခင်းဈေး USD 1000 ဖြစ်ပါတယ်။
အရမ်းလန်းတဲ့ အနုပညာလက်ရာလေးနဲ့ ကိုကျားရဲ့ လက်မှတ်နှစ်ခုကိုပါ သိမ်းဆည်းခွင့် ရမှာဖြစ်တဲ့အပြင် ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့ကြောင်း အမှတ်တရမှတ်တမ်းကိုပါ ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
ရရှိငွေဟာလည်း အားလုံးရောက်စေချင်တဲ့နေရာကို တစ်ပြားတစ်ချပ်မကျန် ရောက်ရှိမှာ ဖြစ်တာမို့ ပါဝင်လှူဒါန်း လေလံဆွဲပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
အရေးတော်ပုံ အောင်ကိုအောင်ရမယ်။