Articles Celebrity

သူမကို စိတ်ပူနေကြတဲ့ ပရိတ်သတ်တွေအတွက် သူမရဲ့လက်ရှိအခြေအနေကိုပုံနဲ့တကွပြသလာတဲ့ ဟန်နီနွေဦး

သူမကို စိတ်ပူနေကြတဲ့ ပရိတ်သတ်တွေအတွက် သူမရဲ့လက်ရှိအခြေအနေကိုပုံနဲ့တကွပြသလာတဲ့ ဟန်နီနွေဦး

 

 

 

အရပ်ရှည်ရှည် ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့လူငယ်ကောင်လေးတွေရဲ့အချစ်တွေကို သိမ်းပိုင်ထားနိုင်တာကတော့ ဟန်နီနွေဦးပဲဖြစ်ပါတယ်။

 

 

 

သူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်တွေကြောင့် Social Influencer တစ်ယောက်အဖြစ်နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ခဏလေး အချိန်အတွင်းမှာ အားပေးချစ်ခင်တဲ့ပရိသတ်တွေက လည်းအမြောက်အများရှိနေခဲ့တာပါ။

 

 

ဖေဖော်ဝါရီလ (၁)ရက်နေ့အာဏာသိမ်းလိုက်ချိန်မှာတော့ လူငယ်တစ်ယောက်ဖြစ်တဲ့ ဟန်နီနွေဦးကတော့ အာဏာသိမ်းမှုကို ပြည်သူနဲ့ အတူရပ်တည်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

 

 

 

ဒါကြောင့်စစ်ကောင်စီကနေ သူကိုရှာဖွေဖမ်းစီးမှုတွေလုပ်ခဲ့ပြီး ထွက်ပြေးပုန်းရှောင်နေခဲ့ရပါတယ်။အစစအရာရာခက်ခဲပင်ပန်းပေမယ့် အမှန်တရားအတွက် ရပ်တည်ခဲ့တဲ့သူမရဲ့စိတ်ဓာတ်လေးကတော့ ချီးကျူးစရာပဲဖြစ်ပါတယ်။

 

 

ခုလိုအချိန်တော်ကြာထွက်ပြေးပုန်းရှောင်ပြီးနောက်မှာတော့ သူမဟာခုဆို လွတ်မြောက်တစ်နေရာကိုရောက်ရှိနေပြီဖြစ်ပါတယ်။လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ ပုံရိပ်လေးကိုလည်း သူမရဲ့လူမှုကွန်ရက်ကနေတင်ထားတာပါ။

 

 

မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် ရဲရင့်တဲ့စိတ်ဓာတ်တွေနဲ့အာဏာရှင်တွေကို တွန်းလှန်းနေတဲ့ ဟန်နီနွေဦးလေးကိုလည်း အားပေး စကားလေးတွေပြောသွားကြပါဦးနော်။