Articles Breaking News

KNU နှင့် စစ်ကောင်စီ တပ်များ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်နေ့အထိ တိုက်ပွဲ ၉၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂၆ ဦးသေဆုံး

KNU နှင့် စစ်ကောင်စီ တပ်များ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်နေ့အထိ တိုက်ပွဲ ၉၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂၆ ဦးသေဆုံး

 

 

 

ရန်ကုန်၊ အောက်တိုဘာ ၁၆

ကရင်ပြည်နယ်အတွင်းရှိ KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေများအတွင်း အောက်တိုဘာလ ၁ရက်နေကစတင်ကာ ၁၄ရက်နေ့ထိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု၊ နယ်မြေ စိုးမိုးမှုများ လုပ်ဆောင်လာ သောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ကြား တိုက်ပွဲ ၇၉ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉၇ ဦးသေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံးက သိရသည်။

 

 

 

KNU ထိန်းချုပ်နယ်မြေဖြစ်သော ဒူးသထူ(သထုံ)ခရိုင် တပ်မဟာ(၁) နယ်မြေတွင် အောက်တိုဘာလ (၁)ရက်နေ့ကစတင်ကာ (၁၄)ရက်နေ့အထိ တိုက်ပွဲပေါင်း (၁၉)ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်မှ ဒု-ဗိုလ်အဆင့်ရှိသူတစ်ဦးအပါဝင်စုစုပေါင်း (၃၁)ဦးသေဆုံးပြီး (၂၅)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

 

 

ထို့ပြင် တောင်ငူခရိုင် တပ်မဟာ (၂) နယ်မြေအတွင်း တိုက်ပွဲပေါင်း (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ခွဲမှူးတစ်ဦးအပါဝင် စုစုပေါင်း (၃၀)ဦးသေဆုံးပြီး (၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

 

 

 

KNU ထိန်းချုပ်နယ်မြေဖြစ်သော မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ အတွင်း တိုက်ပွဲပေါင်း (၅၂)ကြိမ် ဖြစ်ပွားခဲ့ပြီးအာဏာသိမ်းစစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးနှင့် ဒုဗိုလ်အဆင့်ရှိသူ တစ်ဦး စုစုပေါင်း (၄၈)ဦးသေဆုံးပြီး (၅၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

 

 

ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင်လည်း တိုက်ပွဲပေါင်း (၅)ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်က (၁၇)ဦး သေဆုံးကာ G1 အဆင့်ရှိသူတစ်ဦးအပါဝင် စုစု ပေါင်း(၃၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

 

 

ထို KNU-ကရင်အမျိုးသားအစည်းအရုံး ခရိုင်/တပ်မဟာ (၄)ခု ထိန်းချုပ်နယ်မြေအတွင်း တွင် အောက်တိုဘာလ (၁)ရက်နေ့က စတင်ကာ (၁၄)ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း (၉၂)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၁၂၆) ဦးသေဆုံးကာ (၁၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံးက သိရသည်။