Articles Cele News

ကမ္ဘာ့ ဈေးအကြီးဆုံး Ukulele ဂစ်တာ ရောင်းချနိုင်သူဖြစ်လာခဲ့တဲ့ အဆိုတော်ကျားပေါက်

ကမ္ဘာ့ ဈေးအကြီးဆုံး Ukulele ဂစ်တာ ရောင်းချနိုင်သူဖြစ်လာခဲ့တဲ့ အဆိုတော်ကျားပေါက်

 

 

 

ကမ္ဘာ့ ဈေးအကြီးဆုံး Ukulele ဂစ်တာ ရောင်းချနိုင်သူဖြစ်လာခဲ့တဲ့ အဆိုတော်ကျားပေါက်

 

လူငယ်တွေကြားမှာ ထင်းရှားကျော်ကြားတဲ့ အဆိုတော်ကျားပေါက်ကတော့ ကမ္ဘာ့အကြီးဆုံး Ukulele ဂစ်တာရောင်းချနိုင်ခဲ့သူဖြစ်လာခဲ့ပါပြီ။ Ukulele ဂစ်တာကို လေလံစတင်ခဲ့စဉ်က US $ 1000 ကြမ်းခင်းဈေးသတ်မှတ်ပြီးရောင်းချခဲ့တာဖြစ်ပြီး တစ်ရက်အတွင်းမှာကို မထင်မှတ်လောက်အောင် လေလံကြေးပေးသူတွေရှိလာခဲ့ပြီး ကမ္ဘာ့ဈေးအကြီးဆုံးဒုတိယနေရာကိုရောက်လာခဲ့ပါတယ်။

 

 

ဒါပေမယ့် ဒီနေရာမှာတင် ရပ်တန့်မနေဘဲ လေလံပိတ်ချိန်မှာတော့ ကမ္ဘာ့ဈေးအကြီးဆုံး Ukulele ရဲ့ဈေးနှုန်းကိုကျော်တက်ပြီး ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး Ukulele ဂစ်တာနေရာကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်

 

 

 

 

ဒီမတိုင်ခင် ကမ္ဘာ့ ဈေးအကြီးဆုံး Ukulele ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၆၀၀၀ ဖြစ်ပြီး Ebay မှာ ၂၀၁၇ တုန်းကနောက်ဆုံးရောင်းချခဲ့တာပါ။ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး Ukulele နေရာကို ရယူနိုင်ခဲ့တဲ့ ကိုကျားပေါက်ရဲ့ လေလံအပိတ်ဈေးကတော့ ၂၇၅၀၀ ဖြစ်ပါတယ်။

 

 

လေလံအောင်မြင်သွားသူဘယ်သူဘယ်ဝယ်ဆိုတာ မသိရသေးပေမယ့် ရရှိတဲ့လေလံကြေးတွေကို NUG အစိုးရကိုလှူဒါန်းသွားမယ်လို့သိရပါတယ်။

 

 

 

 

လေလံအောင်သူအလှူရှင်ထံလည်း NUG မှ အသိအမှတ်ပြုအလှူရှင်မှတ်တမ်း ပြန်လည်ပေးပို့သွားျမှာဖြစ်ပြီး ကမ္ဘာရဲ့ မည်သည့်နေရာဖြစ်စေ၊ ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ Ukulele ဂစ်တာလေးကို လုံခြုံစိတ်ချစွာ ပေးပို့ပေးသွားမယ်လို့ လေလံပွဲစီစဉ်ပေးသူ မပန်ဆယ်လိုက ဆိုပါတယ်။