Articles News

မြန်မာပြည်သူတွေအတွက် သမ္မတဘိုင်ဒင် အသံထွက်လာပြီ

မြန်မာပြည်သူတွေအတွက် သမ္မတဘိုင်ဒင် အသံထွက်လာပြီ

 

မြန်မာနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးပြဿနာတွေမှာ နှုတ်ဆိတ်မနေဖို့ သမ္မတဘိုင်ဒင်တိုက်တွန်း

 

မြန်မာ့အရေးအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးကိစ္စတွေမှာ နှုတ်ဆိတ်နေတာဟာ တာဝန်မကင်းဘူးလို့ အမေရိကန်သမ္မတ Joe Biden ကပြောလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေ ပေါ်ပေါက်နေတဲ့ နိုင်ငံတွေ အဖြစ်နဲ့လည်း မြန်မာနိုင်ငံကို ထည့်သွင်းပြောဆိုခဲ့တာပါ။

 

 

“ရှန်ဂျန်ဒေသမှာ ဝီဂါတွေကို အဓမ္မခိုင်းစေတာ၊ ဖိနှိပ်တာ၊ မြန်မာနိုင်ငံမှာ စစ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေအပေါ် ပြုမူဆက်ဆံတာ၊ အီသီယိုပီးယားနိုင်ငံ မြောက်ပိုင်းမှာ လူတွေ အထိတ်တလန့်ဖြစ်အောင်

 

 

အငတ်ဘေးနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ အပါအဝင် ဖိနှိပ်မှုတွေ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။” လို့ သောကြာနေ့က ကွန်နက်တိကပ် တက္ကသိုလ် မိန့်ခွန်းမှာ သမ္မတဘိုင်ဒင် ထည့်သွင်းပြောဆိုသွားတာပါ။

 

 

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုကြရမှာဖြစ်ပြီး၊ နှုတ်ဆိတ်နေမယ်ဆိုရင် လူူ့အခွင့်အရေး ချိုးဖောက်သူတွေနဲ့ အလိုတူ၊ အလိုပါ ဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။

 

 

အာဏာရှင် အုပ်စိုးမှုတွေဟာ အမှန်တရားကို ဖျက်ဆီးရာက စတင်တယ်ဆိုတာကို မေ့မထားကြဖို့လည်း သမ္မတက ပြောသွားပါတယ်။ သူ့အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေမှာ လူ့အခွင့်အရေးကိစ္စကို အဓိက ဦးစားပေး ထည့်သွင်းထားကြောင်းလည်း သမ္မတ ဘိုင်ဒင်က ပြောဆိုသွားခဲ့ပါတယ်။