Unicode Version
အဆိုတော် ဟန်ထူးလွင်(ခေါ်)ကိုကျားပေါက်အား အမွေပြတ် စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖခင်ဖြစ်သူ အဆိုတော် ရင်ဂို ကြေငြာ
အဆိုတော်ရင်ဂိုမှ သားဖြစ်သူဟန်ထူးလွင်အား အမွေပြတ်စွန့်လွှတ်လိုက်ကြောင်းနိုင်ငံပိုင် သတင်းစာမှာ ထည့်သွင်းကြော်ငြာလိုက်ပါတယ်။
ယင်းကြော်ငြာစာတွင် သားဖြစ်သူ အဆိုတော်ဟန်ထူးလွင် (ခ) ကျားပေါက်သည် မိဘ၏ဆိုဆုံးမမှုအားနားမထောင်ဘဲ ၎င်းသဘောဆန္ဒအလျောက် နေအိမ်မှ ထွက်ခွာသွားသဖြင့် သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်ပြီး
၎င်း နဲ့ပတ်သက်သော ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း အဆိုတော်ရင်ဂိုက တရားလွှတ်တော်ရှေ့နေ့ ဖြင့် ကြော်ငြာထားခြင်းဖြစ်ပါတယ်။
Zawgyi Version