Articles News

စစ်ကောင်စီ ကို အလိုမရှိတဲ့ အင်ဒိုနဲ့ မလေးရှားထပ်မံတွေ့ဆုံဆွေးနွေး

စစ်ကောင်စီ ကို အလိုမရှိတဲ့ အင်ဒိုနဲ့ မလေးရှားထပ်မံတွေ့ဆုံဆွေးနွေး

 

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စကစကိုယ်စားလှယ် ဝဏ္ဏမောင်လွင်ကို အပြတ်ဗျင်းခဲ့ကြတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး (၂) ဦးဂျာကာတာမှာ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

 

 

(၂) နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသတွင်းလုံခြုံရေးကို အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ (၂) ဖက်လုံးက သတင်းထုတ်ပြန်ပါတယ်။ ရှေ့လထဲမှာ အင်ဒိုနီးရှားကိုလာရောက်မယ့် မလေးရှားဝန်ကြီးချုပ်ခရီးစဥ်အတက်လည်း ဆွေးနွေးခဲ့ကြတယ်ဆိုပါတယ်။ ဒေသတွင်းလုံခြုံရေးနဲ့ပတ်သက်လို့ ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာတော့ အသေးစိတ် ထုတ်ဖေါ်ပြောဆိုတာမရှိပါဘူး။

 

 

ဂျာကာတာကို ရက်ပိုင်းအတွင်းရောက်လာဖို့ရှိတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ် Derek Chollet ဦးဆောင်တဲ့ အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့ မလာခင်လေးမှာ တွေ့ဆုံကြတာဖြစ်ပါတယ်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်မှာ မလေးရှားမပါတဲ့အတွက် မလေးအစိုးရ သဘောထားကို လာရောက်တင်ပြတာဖြစ်နိုင်တယ်လို့ ဂျာကာတာအခြေစိုက်သံတမန်တွေက သုံးသပ်ပါသည်။

 

 

ဘုံသဘောတူညီချက်တွေကို အကောင်အထည်မဖေါ်သရွေ့ အာဏာသိမ်းစကစ ကို အာဆီယံအစည်းအဝေးတွေ လုံးဝပေးမတက်ဖို့နဲ့ တိုးတက်္မှု့မရှိရင် NUG အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်အထိ ဝဏ္ဏမောင်လွင်ကို ပြောခဲ့ကြတဲ့ အာဆီယံဝန်ကြီးတွေဖြစ်ပါတယ်။ ဘုံသဘောတူညီချက်တွေကို ခြွင်းချက်မရှိ လိုက်နာအကောင်အထည်ဖေါ်ဖို့လည်း ဝဏ္ဏမောင်လွင်ကို ပြောခဲ့သူတွေဖြစ်ပါသည်။