Articles celebrity news Knowledge

ယနေ့မှာ ပြန်လည်လွတ်မြောက်လာသော အနုပညာရှင်များနှင့် မီဒီယာများ

ယနေ့မှာ ပြန်လည်လွတ်မြောက်လာသော အနုပညာရှင်များနှင့် မီဒီယာများ

 

 

 

ယနေ့မှာ ပြန်လည်လွတ်မြောက်လာသော အနုပညာရှင်များနှင့် မီဒီယာများ

ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ က ဖြင့် အရေးယူခံထားရသည့် အနုပညာရှင် (၂၄)ဦးနဲ့

လူမှုကွန်ယက်တွင် နာမည်ကြီးလူသိများသူ (၁၀)ဦးတို့အား အမှုပိတ်သိမ်းကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

 

 

 

ဒါကြောင့် ပြည်သူတွေတော်တော်များများ က မိမိတို့ချစ်တဲ့ အနုပညာရှင်တွေ သူငယ်ချင်းမိတ်တွေတွေ မိသားစုဝင်တွေပါဝင်လာမလားလို့ မျှော်လင့်ချက်နဲ့ စိတ်လှုပ်ရှားနေကြပါတယ်။

 

 

 

အခု ကနဦးသိရတဲ့ လွတ်မြောက်လာမယ့် မီဒီယာသမားတွေထဲမှာ ဦးမုံရွာအောင်ရှင်၊ Kachin Wave မှ ဦးလရော်၊ 74 မီဒီယာမှ မချမ်းဘူ၊

 

မဆိုင်းနုပန် ၊ Mizzima မီဒီယာမှ ဒေါ်သင်းသင်းအောင်၊ ကိုဂျိမ်းစ်၊ ခေတ်ပုံရိပ် မှ ကိုအောင်ခန့်၊ အမိမြေဂျာနယ်မှ ဦးကျော်မြင့်တို့ ပါဝင်ကြောင်း သိရပါတယ်။

 

 

၅၀၅နဲ့တရားစွဲခံထားရတဲ့အမှုကို ပိတ်သိမ်းလိုက်တဲ့ အထဲမှာပါဝင်တဲ့ အနုပညာရှင်နဲ့ ဆယ်လီတွေထဲမှာတော့ကော်နီ၊ ညီထွဋ်ခေါင် ၊ ဖြူဖြူကျော်သိန်း၊ ချမ်းမြေ့မောင်ချို နှင့် ဒေါက်တာမြဝတ်ရည်တို့ပါတယ်လို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။

 

 

နောက်ထပ် ထပ်လွတ်မြောက်လာမယ့် အမှုပိတ်သိမ်းလိုက်တဲ့ အနုပညာရှင်စာရင်းတွေကိုလည်း သိရှိရတာနဲ့တစ်ပြိုင်နက် ထပ်မံတင်ပေးသွားပါ့မယ်။

 

 

source myanmarload