Articles

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၅ ဦး လွတ်မြောက်၊ ထောင်မှ လွှတ်ပေးပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၂ ဦးကို စစ်ကောင်စီက ပြန်ဖမ်း

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၅ ဦး လွတ်မြောက်၊ ထောင်မှ လွှတ်ပေးပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၂ ဦးကို စစ်ကောင်စီက ပြန်ဖမ်း

 

 

 

 

 

နိုင်ငံတစ်ဝန်း သတင်းမီဒီယာသမား ၁၅ ဦး လွတ်မြောက်၊ ထောင်မှ လွှတ်ပေးပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၂ ဦးကို စစ်ကောင်စီက ပြန်ဖမ်း

ရန်ကုန်၊ အောက်တိုဘာ ၁၉

မြန်မာနိုင်ငံတစ်ဝန်း ယမန်နေ့နှင့် ယနေ့ လွတ်မြောက်လာသော သတင်းသမား စုစုပေါင်း ၁၅ ဦးလွတ် မြောက်လာကြောင်း MPFI-D က သတင်းထုတ်ပြန် သည်။

 

လွတ်မြောက်လာသူများတွင်
၁။ ကိုမင်းညို၊ DVB (ပြည်မြို့)
၂။ ကိုအောင်ကျော်၊ DVB (မြိတ်မြို့)
၃။ ကိုဇော်ဇော်၊ အလွတ်တန်းသတင်းထောက် Mizzima (မြိတ်မြို့)
၄။ ကိုသက်နိုင်ဝင်း၊ CJ ၊ DVB (မင်းလှ)
၅။ မသင်းသင်းအောင်၊ တည်ထောင်သူ ၊ Mizzima (ရန်ကုန်၊ အင်းစိန်)

 

၆။ မမျိုးမြတ်မြတ်ပန်၊ မြစ်ကြီးနားဂျာနယ်( မြစ်ကြီးနား)
၇။ အဂျဲ၊ မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား)
၈။ ခရစ္စတိုဖာ၊ မြစ်ကြီးနားဂျာနယ်(မြစ်ကြီးနား)
၉။ မချန်ဘူ၊ 74 Media(မြစ်ကြီးနား)
၁၀။ ကိုလရော်၊ Kachin Wave(မြစ်ကြီးနား)

 

၁၁။ ထက်မြက်သူ၊ The Voice of Tanbuzayat (မွန်ပြည်နယ်)
၁၂။ မတူးတူးသာ၊ The Thanlyin Post (ရန်ကုန်၊ အင်းစိန်)
၁၃။ ကိုနိုင်လင်းထွန်း၊ Dakhina Insight Media
၁၄။ ကိုအောင်ကျော်ဦး၊ Tomorrow
၁၅။ ဂျိမ်းပူထောင်း Mizzima တို့ဖြစ်ကြောင်း၊

 

 

စစ်ကောင်စီက မတရားဖမ်းဆီးထားသော သတင်းသမား ၅၁ ဦးရှိပြီး ၁၅ ဦးလွတ်မြောက်လာရာ သတင်းသမား စုစုပေါင်း ၃၆ ဦး ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း MPFI-D ၏ ထုတ်ပြန်ချက်က ဆိုသည်။

 

နိုင်ငံတစ်ဝန်း အကျဉ်းသားများ လွှတ်ပေးရာတွင် လွှတ်ပေးပြီးမှ ပြန်လည် ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသား အရေအတွက် ၄၂ ဦး ရှိကြောင်း သိရှိရသည်။

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတည်ထောင်မှာ ၅၀၅(က) ဖြင့် ဖမ်း ဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကို ယနေ့ နံနက်ပိုင်းက လွှတ်ပေးခဲ့ပြီး ၃ ဦးကို ပြန်လည် ဖမ်းဆီးခဲ့ကြောင်း၊ ပြန်လည်ဖမ်းဆီးခံရသူတွေကတော့ နတ်တလင်းမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဘဲဥ၊ ကိုဝင်းမင်းသန်း၊ ဇီးကုန်မြို့နယ် အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အတွင်းရေးမှူး ကိုပြည်ကျော်တို့ဖြစ်ကြောင်း မြေလတ်အသံက သတင်းဖော်ပြသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံထောင်မှ နိုင်ငံရေးအကျဉ်းသား ၅၈ ဦးကို ၅၀၅(က)ဖြင့် စွဲထားမှု ပယ်ဖျက် လွှတ်ပေးခဲ့သော်လည်း ၂၈ ဦးကို အခြားအမှုများဖြင့် ပြန်လည် ဖမ်းဆီးသွားကြောင်း၊ ထို့ ကြောင့် နိုင်ငံရေးအကျဉ်းသား ၃၀ ဦးသာ လွတ်မြောက်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု​ကော်မတီက သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်း၊ မိတ္တီလာအကျဉ်းထောင်မှ ၃၄ ဦး ယမန်နေ့က ပြန်လွတ်လာသည့်အနက်မှ ၁၁ ဦးကို အကြမ်းဖက်ဥပဒေ အပါအဝင် အခြားအမှုများတပ်၍ ပြန်လည် ဖမ်းဆီးလိုက်ကြောင်း ၊မိတ္တီလာထောင်မှ အလွှတ်ပြပြီး ပြန်လည် ဖမ်းဆီးခံရသူ ၁၁ ဦးမှာ ဦးလွင်မောင်မောင်၊ ကိုသက်မောင်မောင်၊ ကိုပိုင်ဇေစိုး၊ ကိုစောနန္ဒ၊ ကိုဝေမျိုးအောင်ကိုသီဟကျော်၊ ကိုနေလင်းအောင်၊ ကိုအောင်ကျော်ထက်၊ ကိုထွန်းအောင်ကျော်၊ ကိုဇော်ထက်အောင်၊ ဒေါ်လေးလေးနိုင် တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်လာကြသူမျာ: