Articles Breaking News

🔴 ယနေ့ ရန်ကုန်မြို့လည်ကောင် ဘဏ်ဓားပြမှု နှင့် ပွဲဆူလျက်ရှိသည့် ပြည်သူတို့၏ စကားသံများ ”

ရန်ကုန်မြို့လယ်ခေါင်က ကမ္ဘောဇဘဏ်ခွဲ ဓါးပြတိုက်ခံရပြီးနောက် လုံခြုံရေး တင်းကြပ်ထား

ဧရာဝတီ၊ အောက်တိုဘာ ၂၂၊ ၂၀၂၁

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ Urban Asia အဆောက်အအုံရှိ ကမ္ဘောဇဘဏ်ခွဲတွင် ယနေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်အချိန် ဓားပြတိုက်ခံရပြီးနောက် အခင်းဖြစ်ပွားရာနေရာအပါအဝင် မြို့တွင်းဝင်သည့် လမ်းကြောင်း တချို့တွင် လုံခြုံရေး တင်းကြပ်ထားသည်။

ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဓားပြတိုက်ခံရမှု ဖြစ်စဉ်တွင် မျက်နှာဖုံးစွပ်လူ ၅ ဦးမှ ဘဏ်အတွင်းရောက်နေသူများကို ဝပ်ခိုင်းကာ ပိုက်ဆံများကိုယူသွားကြောင်း၊ လုံခြုံရေး ဝန်ထမ်းနှစ်ဦးသာ အထိုးခံလိုက်ရကြောင်း သိရသည်။

လက်နက်ကိုင် လူ ၅ ဦးသည် fielder အမျိုးအစား အဖြူရောင် တက်စီဖြင့် ‌ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ပစ္စတိုသေနတ်ဖြင့် ချိတ်ရွယ်ကာ ဘဏ်ဝန်ထမ်းကောင်တာ အတွင်းမှ ကျပ် ၁ သောင်းတန် ၁၁၈၉၁ ရွက်၊ ၅ ထောင်ကျပ်တန် ၃၉၀၀၀ ရွက်နှင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၃ ထောင်ကျော် အား ဆာလာအိတ်အတွင်းသို့ ထည့်ကာ မဟာဗန္ဓုလလမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်သွား ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်ကြောင့် ဘဏ်လုံခြုံရေး ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဂန္နီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဓါးပြတိုက် သွား သော လက်နက်ကိုင်အဖွဲ့ကို ပိတ်ဆို့ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။

ဤဖြစ်စဥ်ပတ်သတ်၍ ပြည်သူတချို့၏
မှတ်ချက်များ ”

သင်တို့၏ ထင်မြင်ချက်လည်း ပြောခဲ့ပါဦး ?

တရားခံ ဘယ်သူလဲ ?