Articles

စစ်ကောင်စီ ခေါင်းမာမှုကြောင့် ပြည်တွင်းစစ်မီးကြီးထွားဖွယ်ရှိလာဟု ကုလကိုယ်စားလှယ်သတိပေး

မြန်မာ့စစ်အာဏာသိမ်းမှု ပြည်တွင်းစစ်အတွင်းသို့ ဝင်ရောက်နေပြီး ခေါင်းမာသော စစ်ကောင်စီကြောင့် ဒီမိုကရေစီလမ်းကြောင်း အခွင့်အလမ်း ပျောက်ဆုံးနေဟု ကုလညီလာခံတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် သတိ ပေး

 

ရန်ကုန်၊ အောက်တိုဘာ ၂၂

 

မြန်မာ့စစ်အာဏာသိမ်းမှုသည် ပြည်တွင်း စစ်အတွင်းသို့ ဝင်ရောက်သွားပြီး စစ်ကောင်စီသည် တွေ့ဆုံဆွေးနွေးရေး စိတ်ဝင်စား၍ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရန် ဆွေးနွေးရေး အခွင့်အလမ်း ပျောက်ဆုံးနေကြောင်း

 

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener က ထုတ်ဖော်ပြောဆိုလိုက်သည်။

 

 

 

 

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပြည်တွင်းစစ်အဖြစ်သို့ပြောင်းလဲသွားခဲ့သည်ဟုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener ကကုလသမဂ္ဂအထွေထွေညီလာခံသို့ပြောကြားလိုက်ပြီး ဒီမိုကရေစီသို့ပြန်ရောက်ရန်အခွင့်အလမ်းလည်း ပျောက်ဆုံးနေကြောင်း ပြောဆိုလိုက်သည်။

 

 

 

 

“စစ်တပ်က အလျှော့အတင်းလုပ်ဖို့၊ တွေ့ဆုံဆွေးနွေးရေးအတွက်စိတ်မ၀င်စားဘူး၊ မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်အောင်ကူညီဖို့အခွင့်အလမ်းမရှိဘူး၊

 

 

 

 

 

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကကျဉ်းမြောင်းနေတာမို့ အဖွဲ့ဝင်နိုင်ငံတွေကဆောင်ရွက်ဖို့တိုက်တွန်းပါတယ် ”

 

 

 

 

ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောဆိုသည်။