Articles Breaking News

သိန္နီတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိ

သိန္နီတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိ

 

 

 

 

ဧရာဝတီ၊ အောက်တိုဘာ ၂၃ ၊ ၂၀၂၁

ရှမ်းပြည်နယ် အထူးဒေသ(၁) မူပန်ခရိုင် (သိန္နီဒေသ) ကြာရမ်းကျေးရွာနှင့် ထန်ကြာပရွာအနီးတွင် စစ်ကောင်စီ၏ ၅၆၇ တပ်ရင်းနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ယမန့် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

သိန္နီဒေသတွင် အခြေချသော စစ်ကောင်စီ၏ (၅၆၇) တပ်ရင်းက အင်အား(၈၀)ကျော်ဖြင့် MNDAA တပ် ရှိရာသို့ ချီတက်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

အောက်တိုဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်များသည် ကိုးကန့် MNDAA တပ်ရှိရာ မုံးကိုး‌ဒေသ၌ စစ်ရေးအင်အား တိုးမြှင့်ပြီး နှစ်ဖက်တိုက်ပွဲအရှိန် မြင့်လာလျက်ရှိကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများအပြင် မြေပြင်ထိုးစစ်ဆင်ပြီးပါ တိုက်ခိုက်လျက် ရှိသည်။

 

 

 

 

ယခု ရက်ပိုင်းအတွင်း MNDAA တပ်ဘက်မှ တိုက်ပွဲဖြစ်ပွားခဲ့သော စစ်မြေပြင်ရှင်းလင်းရေး လုပ်ဆောင်နေချိန် စစ်ကောင်စီဘက်က စွန့်လွတ်ခဲ့သော လက်နက်အချို့ကို သိမ်းဆည်းမိသည့်အပြင် စစ်ကောင်စီဘက်မှ ကျဆုံးသော ရုပ်အလောင်း (၂၀) ကျော်ကိုလည်း တွေ့ရှိရကြောင်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပုံစာ – သိန္နီတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိ (ဓာတ်ပုံ/The Kokang)

#WhatsHappeningInMyanmar
#RejectMilitaryCoup