Articles Breaking News

🔴 ရေဖြူမြို့ NLD ရုံးရှေ့က ခေါင်းပြတ်ပြသနာ စစ်ကောင်စီ ပြန်ကြားရေး အရှက်မရှိထပ်မံလိမ်လည်နေပြန် ”

🔴 ရေဖြူမြို့ NLD ရုံးရှေ့က ခေါင်းပြတ်ပြသနာ စစ်ကောင်စီ ပြန်ကြားရေး အရှက်မရှိထပ်မံလိမ်လည်နေပြန် ”

 

 

 

ရေဖြူမြို့ NLD ရုံးရှေ့က ဦးခေါင်းပြတ်ကိစ္စ စစ်ကောင်စီသတင်းပြန်ကြားရေးဌာန လိမ်လည်ဖြေကြား

ရေဖြူ၊ အောက်တိုဘာ ၂၃

တနင်္သာရီတိုင်း ရေဖြူမြို့နယ် NLD ပါတီရုံးရှေ့မှ ဦးခေါင်းပြတ်ကို ယနေ့မနက်တွင် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖြုတ်သိမ်းသွားပြီဖြစ်ကြောင်း ဒေသခံက သတင်းပေးပို့သည်။

 

 

 

“ဒီနေ့မနက် ၁၁ နာရီလောက်မှာ လူမူကူညီရေးအဖွဲ့တစ်ခုရောက်လာတယ်။ စစ်ကောင်စီက လွှတ်လိုက်လို့ပါဆိုပြီး။ ပြီးတော့ ခေါင်းပြတ်ကို လာဖြုတ်သွားတယ်။ ဆေးရုံရင်ခွဲရုံပို့လိုက်တယ်” ဟု ဒေသခံက ပြောသည်။

 

 

 

ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နေ့မနက် အစောပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် (ဂ)ရပ်ကွက်ရှိ NLD ပါတီရုံးရှေ့တွင် အဆိုပါ အမျိုးသား ဦးခေါင်းပြတ်တစ်လုံး ချိတ်ဆွဲထားသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

 

 

 

 

ဦးခေါင်းပြတ်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ၏ သတင်းပြန်ကြားရေးဌာနက သတင်းမီဒီယာအချို့သို့ ဖြေကြားထားသော စာရွက်တစ်ရွက်ကို News Ambassador ကရရှိခဲ့ရာ အဆိုပါစာရွက်တွင် လိမ်လည်ဖြေကြားထားမှုတစ်ခုကို တွေ့ရသည်။

 

 

 

 

ဦးခေါင်းပြတ်ကို ဆေးရုံသို့ ပေးပို့စစ်ဆေးရာ သေဆုံးသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်သော အလောင်း၏ ဦးခေါင်းပြတ်ဖြစ်သည်ဟု စစ်ကောင်စီ၏ အဖြေလွှာတွင် ဖော်ပြထားသည်ကိုတွေ့ရသော်လည်း အမှန်တကယ်မြေပြင်တွင် ယနေ့မနက် ၁၁ နာရီမှသာ ဦးခေါင်းပြတ်ကို လာရောက်ဖြုတ်သိမ်းသွားခြင်းဖြစ်သည်။

 

 

 

 

ယင်းအတွက် အဆိုပါအချက်သည် လိမ်လည်ဖြေကြားခြင်းဖြစ်ကြောင်း ထွက်ပေါ်ခဲ့သည်။

 

ယင်းနှင့်ပတ်သက်၍ ဒေသခံကို မေးမြန်းရာ “အဲ့ဒါ လိမ်ပြောနေတာ။ မနေ့က ခေါင်းပြတ်တွေ့ပြီး စစ်ကောင်စီတပ်တွေရောက်လာတယ်။ ဘယ်သူလာချိတ်တာတွေ့လဲ ဘာညာမေးမြန်းပြီး ဒီတိုင်းပြန်သွားတာ။ ဆေးရုံပို့စစ်ဆေးဖို့နေနေသာသာ ခေါင်းကိုတောင် ပြန်မဖြုတ်သွားဘူး။ ဒီနေ့မနက်မှ လာဖြုတ်တာ။ ဒီခေါင်းပြတ်ကလည်း သူတို့လက်ချက်ပဲနေမှာပေါ့။ မတွေ့ခင်ရက်ပိုင်းကလည်း သူတို့ပဲ အဲ့ဒီအနားမှာခြေရှုပ်နေတာ” ဟု တုံ့ပြန်ပြောဆိုသည်။

 

ယမန်နေ့က ဦးခေါင်းပြတ်ကိုတွေ့ရှိစဉ် ဦးခေါင်းပြတ်၏ အောက်ခြေ၌ ကတ်ထူစက္ကူပြားနှင့် ” ဒလန်ရှင်းလင်းရေးအဖွဲ့က ဒလန်ကိုသုတ်သင်လိုက်ပြီ။ မင်းတို့က လုပ်ပြီး မပြောရဲဘူး။ ငါတို့က ပေါ်တင်ပြောပြီး လုပ်တာ Dawei Guerrilla Revolutionary Force ” ဟု ရေးသားထားသည်ကိုတွေ့ရသည်။

 

 

 

 

ဖြစ်စဉ်နှင့်ပတ်သက်၍ Dawei Guerrilla Revolutionary Force က ၎င်းတို့လက်ချက်မဟုတ်ကြောင်း အောက်တိုဘာ ၂၂ ရက်နေ့ ညနေတွင် အရေးပေါ်ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

 

ဦးခေါင်းပြတ်မှာ မည်သူဖြစ်ကြောင်းနှင့် မည်သည့်အဖွဲ့လက်ချက်ဖြစ်ကြောင်း တရားခံထွက်ပေါ်မလာသေးပေ။

photo-CJ(ပေးပို့)