Articles Breaking News

မန္တလေးတွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု မိုက်ကယ်ကျော်မြင့် ခြိမ်းခြောက်

မန္တလေးတွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု မိုက်ကယ်ကျော်မြင့် ခြိမ်းခြောက်

 

 

 

 

မန္တလေးတွင် ပြုလုပ်မည့် တပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု မိုက်ကယ်ကျော်မြင့် ခြိမ်းခြောက်

လာမည့် နိုဝင်ဘာ ၁၈ရက်တွင် မန္တလေးဒေသကြီး နန်းမြို့ရိုးရှေ့တည့်တည့်တွင်ပြုလုပ်ရန်စီစဉ်ထားသော အာဏာသိမ်းစစ်ကောင်စီတပ်ထောက်ခံပွဲကိုPDF များ လာပါက တစ်ယောက်မှ အသက်မရှင်စေရဟု အမျိုးသားရေးဝါဒီဟုသူ့ကိုယ်သူကင်ပွန်းတပ်သော မိုက်ကယ်ကျော်မြင့်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

 

 

 

 

“ ဒီပွဲကို နှောက်ယှက်လာမယ့် PDF အကြမ်းဖက်မှန်သမျှ တစ်ယောက်မှ အသက်မရှင်စေရပါဘူး။ကတိပါ အမျိုးတို့ “ ဟု အကျဉ်းထောင်တွင်းမှ တရားစွဲခံရရင်ဆိုင်နေရင်းက အာဏာသိမ်းစစ်ကောင်စီကလွှတ်ပေးခံခဲ့ရသော မိုက်ကယ်ကျော်မြင့်က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းနေ့တွင် တပ်ထောက်ခံပွဲလုပ်ဆောင်နိုင်ရန် ခွင့်ပြုချက်လည်း ရရှိထားပြီးဖြစ်ကြောင်းနှင့် တပ်မတော်ချစ်သူအင်အား မည်မျှရှိကြောင်းကို ကမ္ဘာကို ချပြနိုင်ရန် လာရောက်ကြစေလိုသည်ဟုမိုက်ကယ်ကျော်မြင့်က ပြောထားသည်။

 

 

 

အဆိုပါပွဲဖြစ်မြောက်ရေးအတွက် မည်သူ့ဆီကမှ ငွေယူတာ ထောက်ပံ့ကြေးယူတာမရှိဘဲ ကိုယ့်ခံယူချက် အသိတရားနဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ဒီပွဲအစက အဆုံးတိုင် စပွန်ဆာပေးနိုင် ကူညီနိုင်မယ့်သူများကို ဖိတ်ခေါ်ကြောင်း ထပ်မံပြောဆိုထားသည်ကို တွေ့ရသည်။

 

“ဒီပွဲမှာ ဘယ်သူ့ဆီကမှ ငွေယူတာ ထောက်ပံ့ကြေးယူတာမျိုးမရှိဘဲ ကိုယ့်ခံယူချက် ကိုယ့်အသိတရားနဲ့ တာဝန်ယူလုပ်ဆောင်သွားမယ်ဖြစ်တယ်။ နောက်ဆက်တွဲထပ်ပြီးတော့ အကူအညီတောင်းပြီး ပေါ်ပေါက်လာမယ့်အဖွဲ့အစည်းတွေကိုလည်း တရားဝင် ကြောညာပေးပါမယ်။ ဒီနေ့အထိကတော့ဘယ်သူ့ဆီကနေမှ စပွန်ဆာ ယူထားတာမရှိသေးပါဘူး။ ဒီပွဲကြီးအစကနေ အဆုံးအထိကို ကူညီနိုင်မယ့်သူတွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ ဘယ်သူ့မှ မကူညီလည်း ကျုပ်တစ်ယောက်ထဲ အင်အားနဲ့ မဖြစ်ဖြစ်အောင် ဒီပွဲကို လုပ်မှာပါ “ ဟု ၎င်းက ပြောသည်။

 

 

 

မိုက်ကယ်ကျော်မြင့်ပြုလုပ်မည့် တပ်မတော်ထောက်ခံပွဲနှင့် ပတ်သက်၍ တပ်ထောက်ခံသူတစ်ဦးက “မန္တလေးမှာ ဖင်လာမယားကြပါနဲ့။ကိုယ်နေတဲ့မြို့မှာ လုပ်ချင်တာ လုပ်ပါ။ နှမ်းလည်းမဖြူးနဲ့ ဇွန်းလည်းမတပ်နဲ့ မင်းတို့လုပ်ချင်တာလုပ်ပြီး ပြန်သွားရင် မြို့ခံတွေ အလုပ်ရှုပ်တယ်” ဟုပြောထားသည်ကိုလည်း တွေ့ရသည်။

မိုက်ကယ်ကျော်မြင့်က ယခုပွဲသည် အကြမ်းဖက်မှုများကိုဆန့်ကျင်ရှုတ်ချပြီးတပ်မတော်နှင့်နစကကို ထောက်ခံကြောင််း ကမ္ဘာသို့ဆန္ဒဖော်ထုတ်ပြသမည့််ပွဲဖြစ်ပါတယ်” ဟု ရေးသားထားသည်ကို တွေ့ရသည်။