Articles Cele News Celebrity

ပြေတီဉီးနဲ့ပိုင်တံခွန်တို့ရဲ့ စိတ်မကောင်းစရာသတင်းဆိုးကြီး

ပြေတီဉီးနဲ့ပိုင်တံခွန်တို့ရဲ့ စိတ်မကောင်းစရာသတင်းဆိုးကြီး

 

သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ အင်းစိန်အကျဉ်းထောင်အတွင်း နေမကောင်းဖြစ်နေတယ်ဆိုသိရပါတယ်

 

 

ရန်ကုန်၊ အင်းစိန် အကျဉ်းထောင်တွင်အကျဉ်းချခံနေရသည့် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနှင့် မော်ဒယ်လ် ပိုင်တံခွန်တို့ နေမကောင်းဖြစ်နေသည်ဟု ပိုင်တံခွန်နှင့် အင်းစိန်အကျဉ်းထောင်အတွင်း ခင်မင်ခဲ့ပြီး လက်ရှိ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။

 

 

မော်ဒယ်လ် ပိုင်တံခွန်သည် ဝမ်းလျှောနေပြီး အခုရက်ပိုင်းအတွင်း ဆေးပုလင်း ချိတ်ထားရကြောင်း နှင့် ဖမ်းဆီးခံထားသူများ လွတ်မြောက်မှုတွင် ၎င်းကျန်နေခဲ့သဖြင့် စိတ်ဓာတ်လည်း ကျနေသည်ဟု ဆိုသည်။ သရုပ်ဆောင် ပြေတီဦးမှာ နေမကောင်းနေကြောင်း သိရသော်လည်း အသေးစိတ်ကိုမူ မသိရပေ။

 

 

“သူ့ကိုချစ်တဲ့ ပရိသတ်တွေကို လွမ်းတယ်။ နေမကောင်း ဖြစ်နေချိန် ပိုဝမ်းနည်းရတယ်။ အိမ်ပြန်ချင်တယ်။ ကျွန်တော်လည်း အကိုပြန်တော့ ကျွန်တော်ပိုခံစားရတယ်။ ပြီးတော့ ပရိသတ်တွေကို အရမ်းချစ်ပါတယ်။ မကြာခင်တော့ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပြီး ပရိသတ်တွေလည်း သူ့အတွက် ဆုတောင်းပေးကြဖို့ မှာလိုက်ပါတယ်” ဟု အင်းစိန် အကျဉ်းထောင်အတွင်း ပိုင်တံခွန်နှင့် ရင်းနှီးခဲ့သူက ပြောသည်။

 

 

မော်ဒယ်လ် ပိုင်တံခွန်သည် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – က ဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ တရားစွဲဆိုခြင်းနှင့် ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး ဧပြီလ ၈ ရက် မနက် ၅ နာရီခန့်တွင် သူ၏ မြောက်ဒဂုံ နေအိမ်တွင်ပင် ဖမ်းဆီးခံခဲ့ရသည်။

 

 

 

“ကျွန်တော့်နာမည် လာခေါ်တော့ သူ့ကိုပြေးဖက်ပြီး ငိုခဲ့တယ်။ ပိုင်တံခွန်က အကို ကျွန်တော်အဖော်မရှိတော့ဘူးဗျာတဲ့။ ခုချိန်ထိလည်း သူတို့ကိုလွမ်းနေတယ်။ သူတို့ကိုလည်း အမြန်ဖြေလျှော့ပြီး လွှတ်ပေးပါစေလို့ ဆုတောင်းပေးနေပါတယ်”ဟု ထောင်အတွင်း ပိုင်တံခွန်နှင့် ခင်မင်ခဲ့သူက ဆိုသည်။

 

 

 

စစ်တပ် အာဏာသိမ်းအပြီး ဖေဖော်ဝါရီလ အစောပိုင်းထဲက မတရား ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အဆိုတော် စောဖိုးခွားသည်လည်း အင်းစိန် အကျဉ်းထောင်ထဲတွင် ယနေ့အချိန်အထိ တိုက်ပိတ် ခံထားရသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

 

 

 

အင်းစိန် အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသော အနုပညာရှင်များ ဖြစ်သည့် စောဖိုးခွား၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန် နှင့် ပိုပို တို့ လွတ်မြောက်မှုတွင် မပါဝင်ခဲ့ပေ။