Articles Local News

ပျားရည်အိုင် ဆိုတဲ့ဇာတ်လမ်းတွဲကိုကြည့်ပြီး တမြိုင်​မြိုင်နဲ့ မျက်ရည်အိုင်နေတဲ့ အကြောင်း..

ပျားရည်အိုင် ဆိုတဲ့ဇာတ်လမ်းတွဲကိုကြည့်ပြီး တမြိုင်​မြိုင်နဲ့ မျက်ရည်အိုင်နေတဲ့ အကြောင်း..

 

 

ခများတို့လဲ ကြားမှာပါ ခုတလော…ပျားရည်အိုင် ဆိုတဲ့ဇာတ်လမ်းတွဲကိုကြည့်ပြီး တမြိုင်​မြိုင်နဲ့ ဖြစ်နေတဲ့ ဘာမပူတွေအကြောင်း…ထားပါ အဲ့ဒီ ပျားရည်အိုင် ကိစ္စက ပြောသလောက် အရေးမပါလို့…အရေးပါတာကိုပဲ ပြောပါ့မယ်။

 

 

 

ဟိုဘက်ရပ်ကွက်မှာ…သေး ရေ အိုင် ထဲ ကျကုန်လို့… မျက်ရည်အိုင်နေတဲ့ အကြောင်း…ဒီလိုဗျာ…နိုင်ငံတကာကို လှည့်စားနိုင်ရေးအတွက်…နိုင်/ကျဉ်းတွေကို လွတ်ပေးပြီး အမှတ်ယူမယ်ဆိုတဲ့ မအလနဲ့ စပစအဖွဲ့ရဲ့ အကွက်က…

 

 

 

လှတယ်လို့ ပြောရမလား…ချက်ချင်းအကျိူးပေးတယ်လို့ ဆိုရမလား…ပြန်လွတ်ဖမ်း ဇာတ်လမ်း မပြီးဆုံးခင်မှာပဲ…ကမ္ဘာကြီးက ဝိုင်ပြီးတီးလို့….ခုဆို…အသံစုံထွက်လာတာကြောင့်..ငိုရတာအဖြစ်က မျက်ရည်အိုင် ဖြစ်နေပြီ။

 

 

အာဆီယံကို တက်ခွင့်ပြန်ရရေး ဟိုးပြေးကပ် ဒီပြေးကပ် လုပ်နေပေမဲ့ ပထွေးစစ်စစ် ချီးနားကအစအရေးမပေးပဲ မျက်နှာလွဲထားလေတော့…
မအလနဲ့စပစအစိုးရဲ့ နိုင်ငံတကာဆက်ဆံရေးကျဆုံးခန်းက 0.0 ဖြစ်သွားပြီ။

 

 

 

အရေးပေါ်အရော်ပေးကာလဖြစ်နေတဲ့အချိန်…စစ်အုပ်စုရဲ့နိုင်ငံတကာစီးပွါးရေးကဏ္ဍကိုကြည့်ရင် အများဆုံး ရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့နိုင်ငံက…

 

 

စက်ာပူနိုင်ငံဖြစ်ပြီး… ခုတော့ စလုံးအစိုးရရဲ့ ပြတ်သားမှုက ရေနစ်နေတဲ့မအလကို သေးဝိုင်းပန်းသလိုမျိုးဆို​တော့ကယ်ဘာ ကယ်ဘာ မအော်ပေမဲ့….

 

 

အာဆီယံကို တက်မယ်ဆိုပြီး သွေးရူးသွေးတမ်းနဲ့ထပြီး အော်ရတဲ့အထိ….ဖြစ်ပုံက မြစ်စုံ ကိစ္စထက်ရှုတ်လာပြီစံခဲ့ကြတုန်းက အတူတူဆိုပေမဲ့…ခံရမဲ့အလှည့်ရောက်လာတော့ ဦးတဲ့သူက အရင် လက်ညှိုးပြနေကြပြီ။

 

 

သူ့ကြောင့် ငါ့ကြောင့် ဆိုပြီး အငြင်းပွါး…နောက်ဆုံးတော့…ငါးတကာယိုတဲ့ချီး မအလခေါင်းပဲ လာစုမဲ့ ပုံ။ရှောင်လို့လဲမရ၊ ပြေးလို့လဲမလွတ်၊ဘဝတွေနဲ့….မအလအပါဝင် ခေါင်းကြီးပိုင်း အများစုကိုအရေးယူဖို့လုပ်နေပြီဆိုတဲ့ သတင်းက…

 

 

စစ်အုပ်စုအတွက်တော့ဂေါင်းကိုဆင်းနင်းတာပဲလေဒီတခါက အတည်ဆိုတာကို ဘာမှဝင်မပြောတော့တဲ့သာကောကြီးမျက်နှာကိုကြည့်တာနဲ့…မအလနဲ့စစ်အုပ်စုက အားလုံးထက်ပိုပြီး သိတယ်။

 

 

 

နိုင်ငံတကာအရေးယူမှုဆိုတဲ့ ကိစ္စက..အာဏာသိမ်းပြီးထဲကပြောနေတာပါကွာ လို့…မထိတထိ ပြောလို့ရပေမဲ့..ဒီရက်ပိုင်းအတွင်း တပ်တော်ဦးဆီကို တည့်တည့်မတ်မတ်နဲ့ဦးတည်လာတဲ့ အနောက်အုပ်စုရဲ့ခြေလှန်းက ထင်ထားတာထက်ပိုပြီး သွက်လာတယ်။

 

 

 

NUGရဲ့ ၃လတို့ ၆လတို့ဆိုတဲ့ အသံက…လေထဲကလာတာဆိုပေမဲ့ လေဆိုတာလည်းအခြေအနေပေါ်မူတည်ပြီး တိုက်တဲ့အမျိုးလေ။

 

 

 

ဥပမာပြောရရင် မြောက်လေသွေးတာ မိုးကုန်တော့မယ်လို့သတိပေးသလိုမျိုး….ယတိပြတ်အသိပေးလိုက်တယ်ဆိုထဲက…အပြီးဖြတ်နိုင်မဲ့ အစီစဉ်တွေနဲ့ အထောက်အပံ့တွေရှိနေလို့ဆိုတာ တွေးကြည့်ရင်ပြေးကြည့်သလို သိနိုင်တယ်။

 

 

 

အသံတွေကြားနေရတယ်…မအလ မလုပ်နိုင်ရင်ဆင်းပေးလိုက်တဲ့။ဘာတခုမှ မအောင်မြင်ဘူး ဖယ်ပေးလိုက်တဲ့။စတဲ့အသံတွေက စပစအစိုးရရဲ့ခေါင်းကြီးပိုင်းဆီကလာတဲ့ အသံတွေ၊ ငိုသံလားရီသံလားမသဲကွဲသေးပေမဲ့နောက်ဆုတ်မဲ့အခြေနေတော့ မဟုတ်ဘူး…..

 

 

 

အချင်းချင်း တွန်းထုတ်နေကြတဲ့ဒီအသံတွေကြားမှာပြေးလိုက်တဲ့စစ်ပြေး၊ သေလိုက်တဲ့အရာရှိ…တအိအိ အငြှိငြှိနဲ့ ဖြစ်နေတဲ့ စစ်အုပ်စုကြား…အချင်းချင်းပြန်ပစ်ကြတော့မဲ့ ပွဲမျိုးကို မျှော်လင့်မထားပေမဲ့….ဒီပွဲက မကြာမှီမှာအဖြေပေါ်ပြီး ကျနော်တို့တွေ အနိုင်ရတော့မယ်။

 

 

သေရေအိုင်ထဲကျပြီး မျက်ရည်အိုင်ဖြစ်နေတဲ့ဇာတ်လမ်း အစအဆုံးသိရဖို့..နောက်ထပ်ဖြစ်လာမဲ့အခြေနေနဲ့ ရလာမဲ့ဒေတာကိုရလို့ထပ်ပြီးရေးမဲ့ ပိုစ့်ကိုမျှော်ပေါ့ဗျာ။

 

🤓🤓🤓
🚀သံပါးစပ်
23.10.2021