Articles Breaking News

၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုဂျင်မီကို စစ်ကောင်စီ ဖမ်းဆီး

၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုဂျင်မီကို စစ်ကောင်စီ ဖမ်းဆီး

 

 

 

၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုဂျင်မီကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီ၊ အောက်တိုဘာ ၂၄ ၊ ၂၀၂၁

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်းလည်းဖြစ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း တည်ထောင်သူတဦးဖြစ်သူ ကိုဂျင်မီကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားကြောင်း ကိုဂျင်မီ၏ အမျိုးသမီးဖြစ်သူ မနီလာသိန်း၏ Facebook တွင် ရေး သား ထားသည်။

 

 

 

အောက်တိုဘာလ ၂၃ ရက် ညပိုင်းက ရန် ကုန်တိုင်း မြောက်ဒဂုံမြို့နယ်တွင် ရှိနေသော ကိုဂျင်မီကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မနီလာသိန်း၏ ရေးသားချက်အရ သိရသည်။

 

 

ကိုဂျင်မီသည် မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံအိမ်ရာတွင် အဖမ်းခံလိုက်ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် ဦးခေါင်းပြင်းထန်ဒဏ်ရာ ရထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယနေ့ မနက်ပိုင်းက ပင်လုံအိမ်ရာတွင် ကိုဂျင်မီကို ပစ် ခတ်ဖမ်းဆီးခဲ့ရာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ပြောဆိုမှုများလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

 

 

အောက်တိုဘာလ၂၄ ရက်နံနက် ၃ နာရီခွဲခန့်က မြောက်ဒဂုံမြို့နယ် ပင်လုံနှင်းဆီအိမ်ရာထဲ၌ ပစ်ခတ်မှုများ ဖြစ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ပင်လုံဆေးရုံသို့ သေနတ်ကျည်ထိမှန်မှုများရှိခဲ့ကြောင်း မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ဒေသခံများထံက သိရသည်။

 

 

 

ထို့ပြင် မနေ့ညက ပင်လုံနှင်းဆီ အိမ်ရာထဲ၌ စစ်ကောင်စီဘက်က ဧည့်စာရင်းစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း ပင်လုံနှင်းဆီ အိမ်ရာထဲ နေထိုင်သူအချို့က ပြောဆိုသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup