Articles Breaking News

CDM ပြုလုပ်လာသည့် ရဲ ၃ ဦး ကျောက်ဆည် KPDF အကူအညီ​​ဖြင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ

CDM ပြုလုပ်လာသည့် ရဲ ၃ ဦး ကျောက်ဆည် KPDF အကူအညီ​​ဖြင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ

 

 

 

 

CDM ပြုလုပ်လာသည့် ရဲ ၃ ဦး ကျောက်ဆည် KPDF အကူအညီ​​ဖြင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိ

ဧရာဝတီ၊ အောက်တိုဘာ ၂၄၊ ၂၀၂၁

မန္တလေးတိုင်းအတွင်း တာ၀န်ကျနေသည့် ရဲတပ်သား ၃ ဦးသည် CDM ပြုလုပ်လာသဖြင့် ကျောက်ဆည်ခရိုင် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

 

 

“မန္တလေးထဲက မြို့နယ်တခုမှာ တာ၀န်ကျနေတဲ့ ရဲတပ် သားတွေပေါ့။ စစ်အာဏာရှင်လက်အောက်မှာ တာ၀န် မထမ်းဆောင်လိုတော့ဘူးဆိုပြီး ပြည်သူ့ရင်ခွင်ကို အမှန်တကယ်ခိုလှုံပြီး CDM လုပ်လာတာပေါ့။

အခုတော့ လွတ်မြောက်နယ်မြေကို ရောက်နေပါပြီ” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KPDF)မှ တာ၀န်ရှိသူတဦးက အတည်ပြု ပြောဆိုသည်။

CDM ပြုလုပ်လာသည့် ရဲတပ်သား သုံးဦးမှာ နန္ဒပြုံးမောင်၊ ထူးဝေဦး၊ ဗိုလ်ဗိုလ်ဟိန်း တို့ ဖြစ်ကြသည်။

 

 

 

 

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့တွင် KPDF က သတင်းထုတ်ပြန်ခဲ့ရာတွင်လည်း ယနေ့အချိန်ထိ စစ် သား CDM တဦးနှင့် ရဲ CDM သုံးဦးကို အခက်အခဲများကြားမှ ကူညီကယ်ထုတ်၍ လွပ်မြောက်နယ်မြေသို့ ပို့ ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ထပ်မံ၍ CDM ပြုလုပ်ရန် ကျန်ရှိနေသေးသည့် ပြည်သူ့ဘက်တော်သားများအား ကြိုးစားကူညီရန် အသင့်ရှိနေကြောင်း ပါရှိသည်။

 

 

ထို့ပြင် ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နှိပ်စက်နေသည့် အာဏာရှင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ခြင်း မပြုလိုသည့် စစ်သား၊ ရဲများအနေဖြင့် မိမိတို့ ရောက်ရှိရာ မြို့ရွာများရှိ ဒေသခံ PDF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံး ဆက်သွယ်ကြရန်၊ မြန်မာနိုင်ငံ အနှံ့အပြားရှိ LPDF ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ(အထူးသဖြင့် မြို့ပြပြောက်ကျားများ) အနေဖြင့် ဆက်သွယ်လာသူ စစ်သား၊ ရဲသားများအား လိမ္မာ ပါးနပ်စွာ စိစစ်လက်ခံပေးကြပါရန် အကြံပြုချက်များ ပါရှိသည်။

Photo – KPDF

 

#WhatsHappeningInMyanmar
#RejectMilitaryCoup