Articles Breaking News

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကို မဖြစ်မနေ ဆွဲချတော့မယ့် ကုလသမဂ္ဂ

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကို မဖြစ်မနေ ဆွဲချတော့မယ့် ကုလသမဂ္ဂ

 

 

 

 

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာပြန်အပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က တောင်းဆိုလိုက်ပါတယ် ။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ညီလာခံမှာ တင်ပြလိုက်တာပါ ။ မြန်မာစစ်ခေါင်းဆောင်ကို မဖြစ်မနေ ဆွဲချရမယ်လို့ ဆိုပါတယ် ။

” စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံအတွက် တည်ငြိမ်လာမယ့် အနာဂတ်ကို မတွေ့ပါဘူး ။ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အလေးထားတယ်ဆိုရင် ရာထူးကဆင်းပြီး တိုင်းပြည်အာဏာကို ရွေးကောက်ခံအစိုးရထံ ပြန်အပ်ရမှာပါ ”

 

 

 

” မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲ လိမ်လည်တယ်လို့ စွပ်စွဲထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ အပြတ်အသတ်နဲ့ အနိုင်ရခဲ့တာပါ ။ တပ်မတော်ဟာ နိုင်ငံတကာရဲ့ဖိအားကို အရေးမလုပ်ပဲ ရာဇဝတ်မှု့တွေ ဆက်လက်ကျူးလွန်နေလို့ ပြည်သူ့တွေက ခုခံကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့တာပါ ။

မြန်မာနိုင်ငံဟာ ချောက်ထဲကျဖို့ အရှိန်အဟုန်နဲ့ ရွေ့လျားနေပါပြီ ။ ဆွဲတင်ဖို့ကတော့ ကျွန်မတို့ရဲ့ အားထုတ်မှု့ပါပဲ ။ ဒါဟာ ကျွန်မတို့အတွက် စိန်ခေါ်မှု့ကြီးပါပဲ ။ “လို့ တင်ပြထားပါတယ် ။

လူ့အခွင့်အရေးကျွမ်းကျင်သူ တွမ်အင်ဒရူးကလည်း မြန်မာနိုင်ငံဟာ ကပ်ဘေး ကျရောက်တော့မယ်လို့ ထပ်မံအသိပေးထားပါတယ် ။” စစ်တပ်က သောင်းနဲ့ချီတဲ့ လက်နက်ကိုင်တွေနဲ့ လက်နက်ကြီးတွေကို ချင်းပြည်နယ်ဆီ ပို့ဆောင်နေပါတယ် ။ ခိုင်လုံတဲ့ အချက်အလက်တွေလည်း ရထားပါတယ် ။

 

 

 

 

ဒေသခံ ကာကွယ်ရေးတပ်တွေကို တိုက်ဖို့ ပြင်ဆင်နေတာပါ ။ ဒီဒေသမှာ အင်တာနက်လည်း ပိတ်ထားပါတယ် ။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ်မှာ အသုံးပြုခဲ့တဲ့ နည်းဗျူဟာတွေပါ ။ အချိန်မီ တားဆီးဖို့၊ စစ်ကောင်စီကို နှိမ်နင်းဖို့လိုပါတယ် ။

မြန်မာနိုင်ငံအတွင်းမှာ အစုအပြုံလိုက် လူမျိူးတုန်းသတ်ဖြတ်ခံရနိုင်တဲ့ အခြေအနေတွေကို တာဆီး နှိမ်နင်းနိုင်ဖို့ ကျွန်တော်တို့ဘက်က ပြင်ဆင်ရတော့မှာပါ ။ ” လို့ တွမ်အင်ဒရူးကလည်း တင်ပြထားပါတယ် ။

သုံးသပ်ရရင် …..၊ ဒီတစ်ပတ်အတွင်းဟာ မြန်မာ့အရေးအတွက် တော်တော်လေးကို လှုတ်ခတ်လာတဲ့ သီတင်းပတ်ပါ ။ ကုလသမဂ္ဂ ၊ အီးယူ ၊ အာဆီယံနဲ့ မြန်မာ့အရေး လှုပ်ရှားနေသူ တာဝန်ရှိသူတွေဟာ စစ်ကောင်စီကို နှိမ်နင်းပြီး ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို မဖြစ်မနေ ဆွဲချဖို့ ( ဖမ်းဆီးဖို့ ) အထိ တောင်းဆို ၊ ပြင်ဆင်လာကြပါတယ် ။

 

 

 

စစ်ကောင်စီအတွက် အထိအနာဆုံးကတော့ အာဆီယံကနေ ပယ်ထုတ်ခံရမှု့ပါ ။ အာဆီယံကို မျှော်လင့်ခဲ့ပေမယ့် ပယ်ထုတ်ခံရမှု့အတွက် အာဏာသိမ်းမှု့ မအောင်မြင်တော့ဘူးဆိုတာ သေချာသွားပါပြီ ။ တော်တော်လေး တုန်လှုပ်သွားဟန်ရှိပြီး ဒေါသတကြီး တုံ့ပြန်လာပါတယ် ။

နွေဦးတော်လှန်ရေးဟာ အောင်မြင်နေပါပြီ ။ အခုအချိန်မှာ သံတမန်နည်းနဲ့ အဆုံးသတ်သွားနိုင်သလို ၊ ပြည်တွင်း ခုခံစစ်နဲ့လည်း အဆုံးသတ်နိုင်လာတဲ့ အခြေအနေပါ ။

ကုလကိုယ်စားလှယ်တွေရဲ့ အကြိမ်ကြိမ် တောင်းဆိုမှု့ကို လိုက်လျောပြီး ကုလတပ်တွေ ဝင်လာဖို့လည်း မျှော်လင့်လို့ရတဲ့ အခြေအနေပါ ။ ဘက်ပေါင်းစုံကနေ အားသာလာတဲ့အတွက် ဒီရက်ပိုင်းမှာ ကြားရမယ့်သတင်းတွေကို စောင့်မျှော်ကြပါစို့