Articles Local News

စစ်ကောင်စီရဲစွပ်စွဲချက်ကို တုံ့ပြန်ဖြေကြားရင်းနှင့် ပြည်သူကိုအားပေးစကားပြောလိုက်တဲ့ Dr.sasa

စစ်ကောင်စီရဲစွပ်စွဲချက်ကို တုံ့ပြန်ဖြေကြားရင်းနှင့် ပြည်သူကိုအားပေးစကားပြောလိုက်တဲ့ Dr.sasa

 

 

NUG အစိုးရကအနောက်နိူင်ငံတွေကိုအားကိုးတာပါလို့ အကြမ်းဖက်စစ်အုပ်စုက စွပ်စွဲလိုက်ပါတယ်။ ဒီစွပ်စွဲချက်နှင့်ကို တုံ့ပြန် ဖြေကြားရင်းနှင့် ပြည်သူလူထုကို အားပေးစကားဆိုလိုက်တဲ့ Dr.ဆာဆာ..

 

 

အားကိုးတယ်ဆိုတဲ့ စကားလုံးက မှားယွင်းပါတယ်။

၁ အချက်…
ကျွန်တော်တို့က အနောက်နိုင်ငံတွေကို အားကိုးတာမဟုတ်ပါဘူး။ သွားနေတဲ့ လမ်းကြောင်းချင်းတူလို့ ဆုံခဲ့ကြတဲ့ မိတ်ဆွေတွေပါ

 

 

အင်အားကြီးအနောက်နိုင်ငံတွေဟာ ဒီမိုကရေစီနိုင်ငံ များပါတယ်။ ကျွန်တော်တို့ သွားနေတဲ့လမ်းကြောင်းကလည်း ဒီမိုကရေစီလမ်းကြောင်း သွားနေတာပါ။ လမ်းကြောင်းချင်းတူလို့ ဒီလမ်းမှာဆုံကြရတာပါ။ အားကိုးခြင်းမဟုတ်ပါ။

 

 

 

၂ အချက်…
ကျွန်တော်တို့က အာဏာရှင် တစ်ဖို့တည်းသမားတွေနှင့် အတူ အလုပ်မလုပ်ပါဘူး။ လူကိုလူလိုမြင်ပြီး လူလိုဆက်ဆံတဲ့၊ ဒီမိုကရေစီစနစ် တန်ဖိုးထားပြီး ဒီမိုကရေစီလမ်းကြောင်းအတိုင်း သွားနေတဲ့ နိုင်ငံတွေနှင့်အတူ အလုပ်လုပ်နေတာပါ။ ဒီလို လူတွေကို တန်ဖိုးထားတဲ့သူတွေအများစုဟာ အနောက်နိုင်ငံများမှာ ရှိနေတာကြောင့်ပါ။အားကိုးခြင်းမဟုတ်ပါဘူး။

 

 

 

၃ အချက်….
လူသားချင်း စာနာထောက်ထားတဲ့နိုင်ငံ၊ လူ့အခွင့်အရေးကို တန်ဖိုးထားသောနိုင်ငံ၊ လူမျိုး၊ဘာသာမခွဲခြားသောနိုင်ငံ၊ တရားဥပဒေစိုးမိုးတဲ့နိာင်ငံတွေက လူကြီးတွေနှင့်တွဲလုပ်နေတာဟာ ကျွန်တော်တို့ လိုချင်တဲ့ စနစ်နှင့် သူတို့နိုင်ငံ ကျင့်သုံးနေတဲ့ စနစ်ချင်းတူနေလို့ပါ။ အားကိုးနေတာ မဟုတ်ပါဘူး။

 

 

 

၄ အချက်..
NUG အစိုးရနှင့် မြန်မာပြည်သူလူထုဘက်က ရပ်တည်ပေးတဲ့နိုင်ငံတိုင်းဟာလည်း အမှန်တရားဘက်က ရပ်တည်တဲ့နိုင်ငံတွေဖြစ်ပါတယ်။ သူတို့ နိုင်ငံသားတွေ လွတ်လပ်ခွင့်ရှိသလို မြန်မာပြည်တွေကိုလည်း လွတ်လပ်ခွင့် ရှိစေချင်ကြတဲ့ စေတနာ ရှိကြတာပါ။ သူတို့ လူ့အခွင့်အရေးကို အပြည့်ဝရသလို မြန်မာပြည်သူတွေကိုလည်း လူ့အခွင့်အရေးအပြည့်ဝရစေချင်ကြတာပါ။ သူတို့နိုင်ငံ ဒီမိုကရေစီ လွှမ်းမိုးသလို မြန်မာပြည်ကိုလည်း ဒီမိုကရေစီ လွှမ်းမိုးစေချင်ကြတာပါ။ သူတို့ဘဝတွေ လုံခြုံသလို မြန်မာပြည်သူတွေရဲ့ဘဝကိုလည်း လုံခြုံစေချင်တာပါ။

 

 

 

၅ အချက်…
ကျွန်တော်တို့နှင့် လက်တွဲလုပ်ကိုင်နေကြသော ကမ္ဘာ့နိုင်ငံအသီးအသီးကလည်းကောင်း၊ မြန်မာနိုင်ငံက အလွှာအသီးသီကလည်းကောင်း ပါဝင်သူတိုင်းဟာအမှန်တရား ဘက်တော်သားတွေဖြစ်တယ်။ ဓမ္မ ဘက်တော်သားတွေဖြစ်တယ်။
အလင်းရောင်ရဲ့ ဘက်တော်သားတွေဖြစ်တယ်။

 

 

 

အမှားနှင့်အမှန် ၊ ဓမ္မနှင့် အဓမ္မ ၊ အလင်းနှင့်အမည်းဆိုတာက…ဘယ်လိုပဲပြိုင်ဆိုင်မူပြင်းထန်ပါစေ…၊ဘယ်လိုပဲ ခက်ခဲကြမ်းတမ်းပါစေ၊ နောက်ဆုံးကျရင် အမှန်ကအမှားနိုင်လိမ့်မယ်။ ဓမ္မက အဓမ္မကိုအနိုင်ယူလိမ့်မယ်။ အလင်းကအမည်းကို လွှမ်းမိုးလိမ့်မယ်။

 

 

 

ဒါကြောင့် ပြည်သူများအနေဖြင့် အားတင်းထားပေးကြပါ။
ပြည်သူတွေရဲ့ အရေးတော်ပုံကြီးဟာ အောင်မြင်နေပါပြီ။
တော်လှန်ရေး အဆုံးသတ်ဟာလည်း
တကယ်ကို အရေးကြီးနေတဲ့အချိန်ရောက်နေပြီမို့ စိတ်ဓာတ်မကျပါနဲ့၊ အားမလျော့ပါနဲ့။ အလွှာအသီးအသီးက ရဲဘော်ရဲဖက်များ စည်းလုံးကြပါ ပူးပေါင်းကြပါ။ သွေးမကွဲကြပါနဲ့။

 

 

 

အားလုံးဟာ ခံယူချက်တူ ၊ရပ်တည်ချက်တူ၊ ရည်မှန်ချက်တူဖြစ်ပါတယ်။ နောက်ဆုံးအနေနှင့် မြန်မာပြည်သူအားလုံး အတူတူအောင်ပွဲ ခံကြရအောင်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

 

 

မြန်မာပြည်နှင့် မြန်မာပြည်သူလူထုကြီး ဘုရားသခင် ကောင်းကြီးပေးပါစေ။ အနီးဆုံးမှာရှိနေပါပြီ။

ပြည်ထောင်စုဝန်ကြီး Dr.ဆာဆာ