Articles Breaking News

🔴 မုံရွာတွင် KTV မှ ပြန်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

🔴 မုံရွာတွင် KTV မှ ပြန်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

 

 

 

မုံရွာတွင် KTV မှ ပြန်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

ဧရာဝတီ၊အောက်တိုဘာ ၂၆၊၂၀၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ် စွယ်တော်လမ်း တွင် အောက်တိုဘာလ ၂၆ ရက် မနက် ၄ နာရီဝန်းကျင်အချိန်က KTV မှ ပြန်လာသော ဒုရဲအုပ် ၁ ဦးနှင့် ရဲတပ် သား ၁ ဦးကို စစ်ကိုင်းအခြေစိုက် ဒေသခံ ကာကွယ်ရေးအဖွဲ့တဖွဲ့ ဖြစ်သည့် SIA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သဖြင့် ထိုနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

 

 

 

အဆိုပါ သေဆုံးသွားသော ရဲ ၂ ဦးထံမှ ပစ္စတိုလက်နက်နှင့် ကျဉ်ဆန်တချို့ သိမ်းဆည်းရရှိခဲ့ပြီး မနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်သားများက အလောင်းကို လာရောက် သယ်ဆောင်သွားကာ အနီးတဝိုက်တွင် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း မုံရွာမြို့ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

 

ဒေသခံတဦးက “သေနတ်သံ ၈ ချက်ကျော်လောက် ကြားအပြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားတာ။ ညကတော့ KTV မှာ သီချင်းသံတွေ ကြားတယ်။ မနက်ကျတော့ ၅ နာရီလောက်မှာ တွေ့တာ။ အဲတော့မှ အရပ်ဝတ်နဲ့ ရဲတွေမှန်း သိတာ။ စစ်ကောင်စီက အလောင်းကို လာသယ်သွားပြီး စစ်ဆေးမှုတွေတော့ အဲဒီနေရာနားမှာ လုပ်နေတယ်ဗျ” ဟု ပြောပြသည်။

 

 

 

ထို့ပြင် အောက်တိုဘာလ ၂၅ ရက် မနက် ၁၁ နာရီ ဝန်း ကျင်ကလည်း မုံရွာမြို့ ဘုရားနီလမ်းထိပ်တွင် ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦးကိုလည်း စစ်ကောင်စီဘက်က ဖမ်းဆီးသွားကြောင်း သိရသည်။

ဓာတ်ပုံ – RNA

#WhatsHappeningInMyanmar
#RejectMilitaryCoup