Articles Breaking News

🔴 ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်စစ်ဆေးခြင်း သတင်းအမှောင်ကျ

🔴 ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်စစ်ဆေးခြင်း သတင်းအမှောင်ကျ

 

 

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်စစ်ဆေးခြင်း သတင်းအမှောင်ကျ

ဧရာဝတီ၊ အောက်တိုဘာ ၂၅၊ ၂၀၂၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင် ၅ ဦးအား အာဏာသိမ်းစစ်ကောင်စီက အမှုအ ကြောင်းဖြေကြားပြောဆိုခွင့် ပိတ်ပင်ထားသည့်အတွက် ယနေ့အထူးတရားရုံးအတွင် အမှုစစ်ဆေးမှုအခြေအနေများအား အများပြည်သူသိရှိခွင့်မရှိဘဲ သတင်းအမှောင်ကျလျှက်ရှိသည်။

 

 

 

ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားမှုတွင် စွဲချက်တင်/မတင် အမိန့်ချမှတ်ရန် ယနေ့အောက်တိုဘာ ၂၅ ရက်နေ့အား ရုံးချိန်းပြန်လည်ချိန်းဆိုထားခြင်းဖြစ်သော်လည်း ရှေ့နေများအား ပြောဆိုခွင့်ပိတ် ပင်ထားသည့်အတွက် တရားသူကြီးမှ မည်ကဲ့သို့အမိန့်ချမှတ်ခဲ့သည်ကို သိရှိရခြင်းမရှိသေးပေ။

ဧရာဝတီအနေဖြင့် ယနေ့တရားခွင်ပြီးဆုံးချိန် ညနေ ၇ နာရီခန့်အထိ ရှေ့နေအဖွဲ့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မ ရခဲ့ပေ။

 

 

 

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းကပင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ဝင်များထဲက ဦးကြည်ဝင်း၊ ဦးခင်မောင်ဇော်၊ ဦးသဲမောင်မောင်နှင့် ဒေါ်မင်းမင်းစိုးတို့အား အမှုအကြောင်း ပြောဆိုခွင့်ပိတ်ပင်ခဲ့သည့်အပြင် ဩဂုတ်လအတွင်းကလည်း ရှေ့နေဒေါ်စန်း မာလာညွှန့်အား ပိတ်ပင်ထားခြင်းဖြစ်သည်။

ယခင်ရုံးချိန်းများတွင် တရားခွင်အတွင်း မေးမြန်းထွက်ဆိုချက်များနှင့် တရားသူကြီး၏ ဆုံးဖြတ်ချက်များအား ရှေ့နေအဖွဲ့မှ မီဒီယာများက တဆင့် ပြည်သူများထံ သတင်းထုတ်ပြန်ပေးလေ့ရှိသည်။

ပုံမှန်အားဖြင့် တနင်္လာနေ့ ရုံးချိန်းတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ လုံခြုံရေးအဖွဲ့ထံက တွေ့ရှိသည့် ဆက်သွယ်ရေးပစ္စည်းများနှင့် ပတ်သက်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားမှုများအား စစ်ဆေးနေခြင်းဖြစ်သည်။